-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင္နဲ႔ အကိုက္ညီဆံုးအလုပ္ကို ဘယ္လုိရွာေဖြမလဲ

သင္နဲ႔ အကိုက္ညီဆံုးအလုပ္ကို ဘယ္လုိရွာေဖြမလဲ google.com

အလုပ္သစ္ကိုရွာဖုိ႔ သင္အသင့္ျဖစ္ေနၿပီလား။ သင့္ရဲ႕ CV ေဖာင္ထဲမွာသင့္ရဲ႕ ကိုယ္ေရးအခ်က္အလက္ ေတြကလည္း ၿပီးျပည့္စံုတယ္။ အဓိက အခ်က္ေတြကို ထိထိမိမိေရးထားသလို

မိမိအလုပ္ေလွ်ာက္တဲ့ ကုမၸဏီအေၾကာင္းကိုလည္း အတိအက်သိရွိေဖာ္ျပႏိုင္ၿပီး ေရးထားတဲ့ အခ်က္အလက္ ေတြကို ကၽြမ္းက်င္သူတစ္ဦးက အႀကိမ္ႀကိမ္စစ္ေဆးၿပီးေနာက္မွာ အသိအမွတ္ျပဳထားတယ္ဆိုပါစို႔။ ဒါဟာအလုပ္ေကာင္းေကာင္းတစ္ခုရွာႏိုင္ဖုိ႔ အေကာင္းဆံုး အခြင့္အေရးပါပဲ။

ဒီလို အခြင့္အေရးေကာင္းကို လက္လြတ္မခံရေအာင္ အသံုး၀င္မယ့္နည္းလမ္းမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အလုပ္ကသင့္ကိုရွာေတြ႕ပါေစ

အလုပ္ ၀က္ဆိုက္တစ္ခုမွာ စာရင္းသြင္းၿပီး မိမိ၏ CV Form သုိ႔မဟုတ္ ကိုယ္ေရးအက်ဥ္းကို အပ္ထားဖို႔ လိုပါမယ္။ ၎၀က္ဆိုက္ႏွင့္ ခ်ိတ္ဆက္ထားတဲ့ Company မ်ားက သင့္အရည္အခ်င္းမ်ားႏွင့္ ကိုက္ညီေသာ အလုပ္ေနရာေပၚလာပါက သင့္ကိုဆက္သြယ္လာပါလိမ့္မယ္။ CV ကို ထပ္တလဲလဲတင္စရာမလိုဘဲ ရွိရင္းစြဲအေကာင့္မွရွိေသာ CV ကို အသံုးျပဳၿပီး အလုပ္ ေလွ်ာက္ႏိုင္ ပါတယ္။

၂။ အလုပ္ခြင့္ပံုစံ

အသင္းအဖြဲ႕ႏွင့္လုပ္ရတဲ့အလုပ္လား။ တစ္ကိုယ္တည္းေအးေအးေဆးေဆးအလုပ္လားဆိုတာ ေသခ်ာသိဖို႔လိုပါလိမ့္မယ္။ တခ်ဳိ႕က အသင္းအဖြဲ႕ႏွင့္လုပ္ရတာႏွစ္သက္သလို အခ်ဳိ႕ကလည္း တစ္ကိုယ္တည္းလုပ္ရတာႏွစ္သက္ၾကပါတယ္။ 

ထုိ႔ေၾကာင့္ မိမိလုပ္တဲ့အလုပ္က မိမိႏွစ္သက္ရာအလုပ္ခြင္ပံုစံႏွင့္ ကိုက္ညီဖို႔အေရးႀကီးပါတယ္။ 

၃။ ၀ါသနာပါၿပီး တိုးတက္ေစႏိုင္တဲ့အလုပ္ျဖစ္ပါေစ

မိမိအရည္အခ်င္းႏွင့္ကိုက္ညီ႐ံုသာမက မိမိကိုယ္တိုင္ကိုယ္က ၀ါသနာပါပါက အေကာင္းဆံုးျဖစ္ပါတယ္။ ဒါေၾကာင့္ လစာအနည္းအမ်ားအေရးႀကီးသည္ဆိုေသာ္လည္း မိမိလုပ္တဲ့အလုပ္အေပၚေက်နပ္မႈရွိၿပီး ေပ်ာ္ရႊင္မႈရွိႏိုင္မည့္အလုပ္မ်ဳိးကို ေရြးခ်ယ္သင့္ပါတယ္။

ထို႔မွသာ မိမိအရည္အခ်င္းကို အေကာင္းဆံုးအေကာင္အထည္ေဖာ္ႏိုင္ၿပီး မိမိအတတ္ပညာကို တိုးတက္မႈရွိေစမယ့္အလုပ္ျဖစ္လာပါလိမ့္မယ္။

Read-အဓိပၸါယ္ျပည့္ေသာ ဘ၀အတြက္ ေျခလွမ္းရွစ္လွမ္း

၄။မိမိေရြးခ်ယ္အလုပ္ေလွ်ာက္တဲ့ကုမၸဏီအေၾကာင္းကို ေလ့လာေရြးခ်ယ္ပါ

မိမိအလုပ္ေလွ်ာက္သည့္အခါ အလုပ္ကုမၸဏီအေၾကာင္းကို သိရွိဖုိ႔က အလြန္အေရးႀကီးပါတယ္။ အနာဂတ္အတြက္ စီးပြားေရးေငြေၾကးအရ ေတာင့္တင္းခိုင္မာမႈရွိတဲ့ကုမၸဏီကို ေရြးခ်ယ္သင့္ပါတယ္။ သို႔မဟုတ္ သင္က ေတာင့္တင္းခိုင္မာမႈမရွိတဲ့ကုမၸဏီကို ေရြးခ်ယ္လိုက္ပါက ၀န္ထမ္းေလွ်ာ့ခ်မည့္ စာရင္းထဲလည္း ပါႏိုင္သလို သင္၏အလုပ္က ခိုင္မာမႈမရွိေၾကာင္းကိုလည္း သက္ေသျပႏိုင္ပါတယ္။

၅။ သင္ေမွ်ာ္မွန္းထားတဲ့အလုပ္ကို ခ်က္ခ်င္းေလွ်ာက္ပါ

အလုပ္ရွင္ေတြအေနႏွင့္ အလုပ္လစ္လပ္ေနရတစ္ခု ပို႔စ္တင္ပါက အေစာဆံုး ၀င္ေရာက္လာတဲ့ အလုပ္ေလွ်ာက္လႊာေတြကို အကန္႔အသတ္နဲ႔ ခ်က္ခ်င္းၾကည့္႐ႈစစ္ေဆးတတ္ၾကပါတယ္။ ဒါေၾကာင့္ ျမန္ျမန္ေလွ်ာက္ေလေလ အလုပ္ရဖို႔အခြင့္အေရး ပိုမ်ားေလေလျဖစ္ပါတယ္။ 

အလုပ္ေလွ်ာက္ဖို႔အေကာင္းဆံုးအခ်ိန္ကေတာ့ အလုပ္ေၾကာ္ျငာတင္ၿပီးခ်ိန္မွစၿပီး ၄၈ နာရီအတြင္း ျဖစ္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ဆိုထားပါတယ္။

Source; My Yangon

(Unicode Version)

အလုပ်သစ်ကိုရှာဖို့ သင်အသင့်ဖြစ်နေပြီလား။ သင့်ရဲ့ CV ဖောင်ထဲမှာသင့်ရဲ့ ကိုယ်ရေးအချက်အလက် တွေကလည်း ပြီးပြည့်စုံတယ်။ အဓိက အချက်တွေကို ထိထိမိမိရေးထားသလို မိမိအလုပ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းကိုလည်း အတိအကျသိရှိဖော်ပြနိုင်ပြီး ရေးထားတဲ့ အချက်အလက် တွေကို ကျွမ်းကျင်သူတစ်ဦးက အကြိမ်ကြိမ်စစ်ဆေးပြီးနောက်မှာ အသိအမှတ်ပြုထားတယ်ဆိုပါစို့။ ဒါဟာအလုပ်ကောင်းကောင်းတစ်ခုရှာနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။

ဒီလို အခွင့်အရေးကောင်းကို လက်လွတ်မခံရအောင် အသုံးဝင်မယ့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ကသင့်ကိုရှာတွေ့ပါစေ

အလုပ် ၀က်ဆိုက်တစ်ခုမှာ စာရင်းသွင်းပြီး မိမိ၏ CV Form သို့မဟုတ် ကိုယ်ရေးအကျဉ်းကို အပ်ထားဖို့ လိုပါမယ်။ ၎င်းဝက်ဆိုက်နှင့် ချိတ်ဆက်ထားတဲ့ Company များက သင့်အရည်အချင်းများနှင့် ကိုက်ညီသော အလုပ်နေရာပေါ်လာပါက သင့်ကိုဆက်သွယ်လာပါလိမ့်မယ်။ CV ကို ထပ်တလဲလဲတင်စရာမလိုဘဲ ရှိရင်းစွဲအကောင့်မှရှိသော CV ကို အသုံးပြုပြီး အလုပ် လျှောက်နိုင် ပါတယ်။

၂။ အလုပ်ခွင့်ပုံစံ

အသင်းအဖွဲ့နှင့်လုပ်ရတဲ့အလုပ်လား။ တစ်ကိုယ်တည်းအေးအေးဆေးဆေးအလုပ်လားဆိုတာ သေချာသိဖို့လိုပါလိမ့်မယ်။ တချို့က အသင်းအဖွဲ့နှင့်လုပ်ရတာနှစ်သက်သလို အချို့ကလည်း တစ်ကိုယ်တည်းလုပ်ရတာနှစ်သက်ကြပါတယ်။

ထို့ကြောင့် မိမိလုပ်တဲ့အလုပ်က မိမိနှစ်သက်ရာအလုပ်ခွင်ပုံစံနှင့် ကိုက်ညီဖို့အရေးကြီးပါတယ်။

၃။ ၀ါသနာပါပြီး တိုးတက်စေနိုင်တဲ့အလုပ်ဖြစ်ပါစေ

မိမိအရည်အချင်းနှင့်ကိုက်ညီရုံသာမက မိမိကိုယ်တိုင်ကိုယ်က ၀ါသနာပါပါက အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် လစာအနည်းအများအရေးကြီးသည်ဆိုသော်လည်း မိမိလုပ်တဲ့အလုပ်အပေါ်ကျေနပ်မှုရှိပြီး ပျော်ရွှင်မှုရှိနိုင်မည့်အလုပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ထို့မှသာ မိမိအရည်အချင်းကို အကောင်းဆုံးအကောင်အထည်ဖော်နိုင်ပြီး မိမိအတတ်ပညာကို တိုးတက်မှုရှိစေမယ့်အလုပ်ဖြစ်လာပါလိမ့်မယ်။

၄။မိမိရွေးချယ်အလုပ်လျှောက်တဲ့ကုမ္ပဏီအကြောင်းကို လေ့လာရွေးချယ်ပါ

မိမိအလုပ်လျှောက်သည့်အခါ အလုပ်ကုမ္ပဏီအကြောင်းကို သိရှိဖို့က အလွန်အရေးကြီးပါတယ်။ အနာဂတ်အတွက် စီးပွားရေးငွေကြေးအရ တောင့်တင်းခိုင်မာမှုရှိတဲ့ကုမ္ပဏီကို ရွေးချယ်သင့်ပါတယ်။ သို့မဟုတ် သင်က တောင့်တင်းခိုင်မာမှုမရှိတဲ့ကုမ္ပဏီကို ရွေးချယ်လိုက်ပါက ၀န်ထမ်းလျှော့ချမည့် စာရင်းထဲလည်း ပါနိုင်သလို သင်၏အလုပ်က ခိုင်မာမှုမရှိကြောင်းကိုလည်း သက်သေပြနိုင်ပါတယ်။

၅။ သင်မျှော်မှန်းထားတဲ့အလုပ်ကို ချက်ချင်းလျှောက်ပါ

အလုပ်ရှင်တွေအနေနှင့် အလုပ်လစ်လပ်နေရတစ်ခု ပို့စ်တင်ပါက အစောဆုံး ၀င်ရောက်လာတဲ့ အလုပ်လျှောက်လွှာတွေကို အကန့်အသတ်နဲ့ ချက်ချင်းကြည့်ရှုစစ်ဆေးတတ်ကြပါတယ်။ ဒါကြောင့် မြန်မြန်လျှောက်လေလေ အလုပ်ရဖို့အခွင့်အရေး ပိုများလေလေဖြစ်ပါတယ်။

အလုပ်လျှောက်ဖို့အကောင်းဆုံးအချိန်ကတော့ အလုပ်ကြော်ငြာတင်ပြီးချိန်မှစပြီး ၄၈ နာရီအတွင်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

Source; My Yangon

Read times
Rate this item
(0 votes)