-->
×

Warning

JUser: :_load: Unable to load user with ID: 29


customer ကို ထပ်ခါတလဲလဲ ၀ယ်အောင်ဘယ်လိုလုပ်မှာလဲ???

customer ကို ထပ်ခါတလဲလဲ ၀ယ်အောင်ဘယ်လိုလုပ်မှာလဲ??? google.com

တချို့စီးပွားရေးက ရောင်းအားတအားမြင့်တယ်၊ ဒါပေမဲ့ အမြတ်တွေအရမ်းနဲပါတယ်ဆိုတဲ့ ပြဿနာက များသောအားဖြင့် customer အသစ်ကိုပဲ focus လုပ်လို့ဖြစ်လာတာပါ။

တကယ်လို့ ပြန်လာဝယ်တဲ့ customer ကို focus လုပ်တယ်ဆိုရင်

စီးပွားရေးရဲ့ အရင်းကို 10 ဆလောက်လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့်ဒီနေ့ customer တွေထပ်ခါတလဲလဲပြန်လာဝယ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်း (၃) ချက်ကို ပြောပြချင်ပါတယ်။

small business စီးပွားရေးလုပ်နေတဲ့ သူငယ်ချင်းများအတွက် (သို့) ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့ သူငယ်ချင်းပဲဖြစ်စေ ဒီစာလေးကို ဖတ်ကြည့်ပါနော်...။

 

(၁) ပစ္စည်းက တကယ်ကောင်းတယ်

ပစ္စည်းကောင်းတယ်ဆိုရင် customer တွေပြန်လာဝယ်အောင် အဓိကလုပ်ပေးတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ပစ္စည်းတစ်ခုရဲ့ အရည်အသွေးက ပစ္စည်းသုံးနေတဲ့ အချိန်မှာမတိုင်းတာပါဘူး။

ပစ္စည်းသုံးပြီးသွားတဲ့ အချိန်မှ ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကို တိုင်းတာလို့ရပါတယ်။

 

(၂) ၀န်ဆောင်မှုကောင်းတယ်

သင်က စားသောက်ဆိုင်တစ်ဆိုင်ကို အမြဲသွားစားတယ်ဆိုပါတော့ ကျွန်တော်တို့ အမြဲစားတဲ့ အစားအစာကို ၀န်ထမ်းက မှတ်မိတယ်ဆိုရင် သင်ဘယ်လိုခံစားရမှာလဲ?

ဒါမှမဟုတ် online shopping လုပ်တဲ့ Page တစ်ခုရဲ့ admin က ကိုယ့်ကို မှတ်မိတယ်ဆိုရင် သင်ဘယ်လိုခံစားရမှာလဲ?

ဒီလိုမျိုး ဆိုင်တစ်ဆိုင်၊ စီးပွားရေးတစ်ခု သင့်ကိုကောင်းကောင်းဝန်ဆောင်မှုပေးနိုင်ရင် သင်လဲဒီဆိုင်ကို ပြန်ဝယ်မှာပါပဲ။

ဥာဏ်ကောင်းမှလုပ်လို့ရတာမဟုတ်ပါဘူး။ သူတို့ကို ပိုပြီးအလေးပေးရင်ရပါတယ်။

ဒါပေမဲ့ ၀န်ဆောင်မှုမကောင်းတဲ့ ဆိုင်တစ်ဆိုင်ဆိုရင် ပစ္စည်းဘယ်လောက်ပဲကောင်းကောင်း ပြန်ဝယ်ချင်စိတ်မရှိပါဘူး။ ဟုတ်တယ်မလား...?

 

(၃) customer data ကိုကောက်ထားပါ

သင့်ပစ္စည်းတကယ်ကောင်းမကောင်းသင်မသိနိုင်ပါဘူး။ သင့်ဝန်ဆောင်မှုက ကောင်းမကောင်း သင်မသိနိုင်ပါဘူး။

သင့် customer data မကောက်ဘူးဆိုရင် တချို့ ကုမ္ပဏီကတော့ Member စနစ်နဲ့ customer data ကိုကောက်ပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံးတစ်ချက်က customer data ထဲမှာ ဘယ်သူက ဘယ်အဆင့်ထိရောက်ပြီလဲဆိုတာသိရမှာပါ။

သူတို့အဆင့်ကို အခြေခံပြီး ကျွန်တော်တို့ ဘယ်လို ၀န်ဆောင်မှုပေးရမှာလဲဆိုတာ သိရပါမယ်။

Read-ဈေးကွက်ထဲမှာ စားသုံးသူကို ဆွဲဆောင်နိုင်တဲ့ ဆိုင်ကောင်းတစ်ခု ရနိုင်ဖို့

Credit; Black Bin

Read times
Rate this item
(3 votes)