-->
×

Warning

JUser: :_load: Unable to load user with ID: 28


သင့်ကိုယ်သင်အောင်မြင်သူဖြစ်ကြောင်း သိနိုင်သည့်လက္ခဏာများ

သင့်ကိုယ်သင်အောင်မြင်သူဖြစ်ကြောင်း သိနိုင်သည့်လက္ခဏာများ GOOGLE

အောင်မြင်မှုဆိုတာ လွယ်ကူတဲ့အရာဖြစ်ပါတယ်။ သို့ပေမယ့် အောင်မြင်သူများထဲမှာမှ အောင်မြင်ရန်က လွယ်ကူတဲ့အရာမဟုတ်ပါဘူး။

အောင်မြင်မှုဆိုတာကလည်း အလွယ်တကူရနိုင်တယ့်အရာမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ကြိုးစားနေဆဲကာလမှာ သင့်ကိုယ်သင်အောင်မြင်မဲ့ လက္ခဏာရှိလားမရှိလား ခန့်မှန်း၍ရပါတယ်။

သင့်မှာအောက်ပါလက္ခဏာရပ်များနှင့် ပြည့်စုံနေရင်တော့ သင်ဟာအောင်မြင်မယ့်သူဆိုတာ ၅၀% သေချာနေပါပြီ။ Myanmar Advertising Directory ပရိသတ်ကြီးအတွက် အောင်မြင်သူဖြစ်ကြောင်း သိနိုင်သည့် လက္ခဏာရပ်များကို တင်ပြပေးလိုက်ပါတယ်။

၁။ သူများထက်သင်က ပျော်ရွှင်နေခြင်း

လူဆိုတာ ဘ၀မှာ အခက်အခဲများတော့ကြုံစမြဲပါ။ ဒါပေမယ့် သင့်ရဲ့ ရင့်ကျက်မှုနှင့်စိတ်နေစိတ်ထားတတ်မှုက သင့်ကိုအများနှင့်မတူစေဘဲ အောင်မြင်တဲ့လမ်းကို ခေါ်ဆောင်သွားနိုင်ပါတယ်။ အခက်အခဲများကြုံတိုင်းစိတ်တည်ငြိမ်မှုရယူပြီး ပျော်ရွှင်စွာကျော်လွှားနိုင်ခြင်းက အောင်မြင်စေတဲ့ လက္ခဏာ ရပ်ထဲမှာ အဓိက အချက်အနေဖြင့် ရပ်တည်နေပါတယ်။

၂။ အတွေ့အကြုံသစ်များကို အမြဲရှာနေခြင်း

အလုပ်နေရာတစ်နေရာရှာနေခြင်းက သင့်ကို အတွေ့အကြုံများစေကာ ထိုအလုပ်မှာ ပိုမိုကျွမ်းကျင်စေပါတယ်။ သို့သော်လည်း အောင်မြင်ချင်သူတစ်ယောက်အနေနှင့်တော့ မလုံလောက်ပါဘူး။ သင်ကိုယ်တိုင်က အတွေ့အကြုံ အသစ်များရှာဖွေနေတဲ့ လက္ခဏာရပ်ကို ပိုင်ဆိုင်ထားရင်တော့ သင့်ဟာ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ပါတယ်။

၃။ Work and Life Balance ရှိစွာနေခြင်း

အောင်မြင်သူတစ်ယောက်အနေနှင့် အလွန်အကျွံကြိုးစားနေ၍လည်းမရသလို အမြဲတစေပျော်ပါးနေ၍လည်း မရပါဘူး။ စီးပွားရေးကလည်း သင့်ရဲ့ဘ၀ဖြစ်သလို ဘ၀ကလည်း သင့်ရဲ့စီးပွားရေးဖြစ်ပါတယ်။ နှစ်ဘက်စလုံးကို ဘက်ညီညီနှင့် ထိန်းသိမ်းနိုင်မှသာ အောင်မြင်မှုခြေလှမ်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

၎။ တစ်ပတ်မှာအလုပ်ချိန် ၄၈ ဟု သတ်မှတ်မထားခြင်း

သာမန်လူတစ်ဦးဟာ တစ်ပတ်မှာ အလုပ်ချိန် ၄၈ ပျမ်းမျှလုပ်မည်ဟု သတ်မှတ်တတ်ကြပါတယ်။ သို့ပေမယ့် သင်ဟာ အောင်မြင်သူကြားထဲမှာ အောင်မြင်သူဖြစ်ချင်ရင်တော့ ၄၈ နာရီနှင့် မလုံလောက်ပါဘူး။ အချို့ကိစ္စတွေမှာ ပိုမိုဂရုပြုလုပ်ဆောင်ရမည့်အချက်တွေရှိပါတယ်။

၅။ သင့်ကိုယ်သင်အောင်မြင်ကြောင်းသက်သေပြနိုင်ခြင်း

လူတွေအများစုက သင့်ရဲ့အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးအောင်မြင်မအောင်မြင်လားပြောကြပါပေလိမ့်မယ်။ ဘယ်လိုဘဲပြောပါစေ သင်ကိုယ်သင်အောင်မြင်ကြောင်း သက်သေပြနိုင်မှသာ အမှန်တကယ်အောင်မြင်ခြင်းဖြစ်ပါတယ်။ သင်ကိုယ်တိုင်ရောက်ရှိနေတဲ့ နေရာ (သို့) သင်လုပ်ဆောင်ပြီးမြောက်သွားတဲ့အရာများကို အောင်မြင်စါာ သက်သေပြနိုင်ခြင်းက အောင်မြင်သူတွေရဲ့လက္ခဏာရပ်ထဲက တစ်ခုပင်ဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(2 votes)