-->
×

Warning

JUser: :_load: Unable to load user with ID: 28


အလုပ်ကိုအချိန်တိုအတွင်းမြန်မြန်ဆန်ဆန်ပြီးနိုင်ရန်နည်းလမ်းများ

အလုပ်ကိုအချိန်တိုအတွင်းမြန်မြန်ဆန်ဆန်ပြီးနိုင်ရန်နည်းလမ်းများ GOOGLE

လူတိုင်းကတော့မည်သည့်အလုပ်ကိုမဆို လုပ်သည့်အခါတွင် အချိန်တိုအတွင်းပြီးမြောက်ချင်သူများပါတယ်။

အခြေခံအရ စဉ်းစားကြည့်မယ်ဆိုရင်လူတိုင်းက လုပ်ငန်းခွင်အလုပ်တွေကို အမြန်ဆုံးပြီးမြောက်ချင်ပြီး အခြားအရာတွေဖြစ်တဲ့ ဘ၀ပျော်ရွှင်မှု၊ မိသားစုကို အချိန်ပေးမှုအစရှိတဲ့ ကိစ္စရပ်များကို ပိုမိုအချိန်ပေးလုပ်ဆောင်ချင်ကြပါတယ်။ အချို့လူတွေက အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးအောင် လုပ်နိုင်ပေမယ့် အချို့တွေကတော့ အလုပ်လုပ်ရာမှာ အချိန်ပိုမိုယူတတ်ကြပါတယ်။

ယနေ့ Myanmar Advertising Directory ပရိသတ်ကြီးကို အလုပ်တွေအချိန်တိုအတွင်းမှာပြီးဖို့ မည်သည့်အချက်တွေကို လိုက်နာရမလဲဆိုတာ တင်ပြပေးလိုက်ပါတယ်။

၁။တစ်ပြိုင်နက်အလုပ်အများကြီးလုပ်ခြင်းကိုရှောင်ပါ။

တော်တော်များများလူတွေအမြင်မှားနေသည့် အချက်ရှိပါတယ်။ ယင်းအချက်ကတော့ အလုပ်များကို တစ်ပြိုင်နက် လုပ်ခြင်းဖြင့် ပိုမိုအလုပ်မြန်မြန်ပြီးမည့် ပညာသင်နေခြင်းပါပဲ။ ဒါပေမယ့် တကယ်တမ်းမှာ ၃၊ ၄ ခုကို တစ်ပြိုင်နက်လုပ်နိုင်တဲ့သူရှားပါတယ်။ အလုပ် ၃၊ ၄ ခုကို တစ်ပြိုင်နက်လုပ်ပါက မည်သည့်အလုပ်မှ အဆုံးထိ မပြီးဘဲ အလုပ်များမပြတ်ကာ ပိုမိုကြံ့ကြာတတ်ပါတယ်။

၂။ အလုပ်တာဝန်ခွဲဝေပါ။

သင်ဟာဦးဆောင်သူရာထူး (သို့) စီစဉ်ကြီးကြပ်ရသူရာထူးတစ်ခုကို ရယူထားရတယ်ဆိုရင် သင့်အလုပ်တာဝန်ကြီး တစ်ခုလုံးကို သင်တစ်ယောက်တည်း တာဝန်ယူယုံနှင့် မပြီးပါဘူး။ အချို့အလုပ်တွေကို သင်နှင့်အတူ လုပ်သည့် လုပ်ဖော်ကိုင်ဖက် (သို့) လက်အောက်ငယ်သားများကို ခွဲဝေမှသာ အချို့အလုပ်တွေကို အချိန်တိုအတွင်း အမြန်အဆန်ပြီးမှာဖြစ်ပါတယ်။

၃။တိကျရှင်းတဲ့ Communication အသုံးပြုပါ

Poor Communication ကတော့ လုပ်ငန်းခွင်မှာ အဆိုးဆုံး အချိန်ဖြုန်းသူဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်ကို အမြန်ပြီးချင်သည့်စိတ်ကြောင့်ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဆက်သွယ်ရာတွင် မှားယွင်းမှုရှိခြင်းကြောင့်ဖြစ်စေ Communication Error များ ဖြစ်ကာ အလုပ်တွေကို ပိုမိုကြံ့ကြာစေပါတယ်။ အကယ်၍ အလုပ်များကို မြန်မြန်ဆန်ဆန်ပြီးမြောက်ချင်ရင်တော့ တိကျရှင်းလင်းတဲ့ Communication အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။

၎။ အချိန်ဇယားဆွဲပါ။

မည်သည့်အချိန်မှာ မည်သည့်အလုပ်ကို ပြီးရမလဲဆိုတာ တိတိကျကျအချိန်ဆွဲထားရန် လိုအပ်ပါတယ်။ လူတိုင်းကတော့ အချိန်ဆွဲချင်စိတ်အနည်းအများရှိကြပါတယ်။ ထို့ကြောင့်အချိန်ဇယားမှာ အတိအကျဆွဲထားပြီး လုပ်ကိုင်ခြင်းက သင့်အတွက် အလုပ်တွေကို Efficiency မြင့်မြင့်ရင်အောင်မြင်ပြီးမြောက်မှာဖြစ်ပါတယ်။

Source: Inc. Southeast Asia

Read times
Rate this item
(0 votes)