-->
×

Warning

JUser: :_load: Unable to load user with ID: 29


Customer တွေတိုးလာစေဖို့ ရောင်းချတဲ့ ပုံစံကို လိုအပ်သလိုပြောင်းလဲပါ!

Customer တွေတိုးလာစေဖို့ ရောင်းချတဲ့ ပုံစံကို လိုအပ်သလိုပြောင်းလဲပါ! google.com

"အရောင်းခံရတာကို လူတွေကမကြိုက်ဘူး ဒါပေမဲ့ ဝယ်ရတာကိုတော့ ကြိုက်တယ်" လို့ Alex Mandossian ကပြောပါတယ် ...

တွေးကြည့်လေ အဓိပ္ပါယ်ရှိလေဆိုတဲ့ စကားမျိုးပါ ...

အရောင်းခံရတာကို မကြိုက်ဘူးဆိုတော့ ကျွန်တော်တို့က မရောင်းရတော့ဘူးလားလို့ တွေးကြည့်စရာ ရှိပါတယ် ...

ဒီလိုတော့လည်း မဟုတ်ပါဘူး ...

ရောင်းတာတော့ရောင်းရမယ် ဒါပေမယ့် ရောင်းတာနဲ့မတူအောင်ရောင်းရမယ် ...

အားလုံးသိကြတဲ့အတိုင်း , ဒီနေ့ခေတ်မှာက အရာရာတိုင်းဟာ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်လာပါတယ် ...

ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာခဲ့သကဲ့သို့ ...

- ဆေးပညာမှာဆိုရင်လည်း တချို့သောရောဂါတွေဆိုရင် အရင်ကကုသခဲ့တဲ့ ပုံစံတွေက ရောဂါကို ရေတိုအတွက်သာသက်သာပျောက်ကင်းစေနိုင်ပေမယ့်

ကုသမှုရဲ့ Side Effect တွေကြောင့် ရေရှည်မှာ ပိုပြီး ဆိုးရွားလာနိုင်ခြေရှိတာတွေကို တွေ့ရှိလာကြတဲ့အတွက် အရင်နဲ့ လုံးဝမတူညီတဲ့ ကုသမှုပုံစံတွေနဲ့ ပြောင်းလဲကုသလာကြတာတွေ ရှိပါတယ် ...

 

- စီမံခန့်ခွဲမှုပညာရပ်တွေဆိုရင်လည်း မတူကွဲပြားလာမှုတွေရှိပါတယ်၊

Henry Fayol ရဲ့ သီအိုရီတွေကို ဒီနေ့ခေတ်မှာ အကုန်ဒဲ့ယူပြီး အသုံးမပြုကြတော့ပါဘူး။

ကိုယ့်လုပ်ငန်းနဲ့ ဆီလျှော်မှုရှိတဲ့ ပုံစံကို လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး Run နေကြရပါတယ် ...

 

- ရုပ်ရှင်တွေဆိုရင်လည်း အမြဲတမ်း Trend က ပြောင်းနေပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ Action ကားလို့ ကျွန်တော်တို့ခေါ်ခဲ့ကြတဲ့ထဲက

တချို့ ဇာတ်ကားတွေကို ... အလကားနေ အလကား ပစ်ခတ်သတ်ပုတ်နေတဲ့ကားတွေလို့ မြင်လာပြီး ကျွန်တော်တို့ သိပ်မကြိုက်ကြတော့ပါဘူး။

အဲ့ဒီအစား ဇာတ်လမ်းကျောရိုး ခိုင်ခိုင်မာမာရှိတဲ့ကားမျိုး၊ အတွေးအခေါ်ပုံစံ အသစ်တွေ ချပြထားတဲ့ကားမျိုး၊ လူနေမှုစရိုက်တွေကို ခံစား ပေါ်လွင်နိုင်အောင် ရိုက်ပြထားတဲ့ ကားမျိုး

စသဖြင့် အကြိုက်ကလေးတွေ နည်းနည်းချင်းစီး ပြောင်းလဲလာပါတယ် ။

နောက် ၁၀ နှစ်လောက်ဆို Avengers လိုကားတွေကိုတောင် လူအများစုက ကြိုက်ချင်မှ ကြိုက်တော့မှာပါ။

ဒါ့ကြောင့်မို့ အရင်ရိုက်ပြနေကျ ပုံစံအတိုင်းပဲ ရိုက်ပြနေလို့ မဖြစ်တော့ပဲ လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ဖို့အတွက် ပုံစံအသစ် အသစ်တွေ ဖန်တီးရိုက်ကူးနေကြရပါတယ် ...

နည်းစနစ်တွေ၊ တင်ဆက်ဖျော်ဖြေပုံတွေ၊ ဝန်ဆောင်မှုပေးပုံတွေတိုင်းဟာ နယ်ပယ်အသီးသီးမှာ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး တိုးတက်ပြောင်းလဲလာကြပါတယ် ...

အရင်က ရှာဖွေတွေ့ရှိမှုတွေကို အဆက်မပြတ် ဆင့်ကဲ ဆင့်ကဲ Upgrade လုပ်နေကြတဲ့အတွက်၊ ဒီလိုပဲ ဆက်ပြီး တိုးတက်ပြောင်းလဲနေဦးမှာပါပဲ ...

ကျွန်တော်တို့ Sales & Sales Management နယ်ပယ်မှာလည်း ဒီလိုပါပဲ ...

Customer တွေရဲ့ Level က တဖြည်းဖြည်းမြင့်လာတာပါ ...

Product တစ်ခုကို မဝယ်ခင်မှာ ထောင့်စုံကနေ စဉ်းစားကြလာပါပြီ ...

- ဒီပစ္စည်းက သတ္တဝါတွေကို သတ်ပြီးမှ ရလာတဲ့ပစ္စည်းလား

- ကုန်ကြမ်းပစ္စည်းတွေက Chemical တွေ သိပ်များနေလား ၊သဘာဝအလျောက်ရတဲ့ အရာတွေလား

- အိမ်တိုင်ရာရောက်ပို့တဲ့စနစ်ရှိလား

- ဈေးနှုန်းသက်သာရဲ့လား

- After Sales Service က ဘာတွေရှိလဲ

- တခြား Brand ထက် ဘာတွေများ အားသာချက်တွေ ရှိလို့လဲ

အစရှိသဖြင့် အများကြီး အများကြီး ရှု့ထောင်အစုံကနေ မြင်တတ်လာကြပါပြီ ...

Customer တွေဘက်က ပိုပိုပြီး အဆင့်မြင့်လာတဲ့ ဒီနေ့ခေတ်လို အခြေအနေမျိုးမှာ ကျွန်တော်တို့ Sales Professional တွေဘက်က

ရောင်းချပုံ နည်းစနစ်တွေကိုလည်း လိုအပ်သလို ပြောင်းလဲပြင်ဆင်မှုတွေသာ မလုပ်ပဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ...

ဘယ်လို Result တွေ ရလာမယ်လို့ ထင်လဲ ...

အဲဒီတော့ သင့် Customer တွေရဲ့ အကြိုက်ကို လိုက်ပြီး သင့်ရဲ့ ရောင်းချတဲ့ ပုံစံကို လဲပြောင်းလဲလိုက်ပါတော့...

Recommended for you-Marketing ဆိုတာ...

Source; business coach

Read times
Rate this item
(1 Vote)