-->
×

Warning

JUser: :_load: Unable to load user with ID: 29


Primary functions of advertising

Primary functions of advertising google

ေၾကာ္ျငာျခင္းအတြက္အေရးၾကီးဆုံးလုပ္ေဆာင္ခ်က္မ်ားကိုေဖာ္ျပေပးလုိက္ပါတယ္။

1.Advertisements increase sales

ေၾကာ္ျငာျခင္းရဲ႕အဓိကရည္ရြယ္ခ်က္က မိမိကုန္ပစၥည္းရဲ႕ေရာင္းအားကိုတက္လာေအာင္ ျပဳလုပ္ဖုိ႕ပဲျဖစ္ပါတယ္။

ေၾကာျ္ငာျခင္းမွ ကုန္ပစၥည္းမ်ားကိုမိတ္ဆက္ၿပီး consumer အသစ္ေတြကို ဆြဲေဆာင္ႏုိင္ဖုိ႕အဓိကျဖစ္ပါတယ္။

2. Advertising Persuades dealers to stock

မိမိ္တုိ႕ရဲ႕ကုန္ပစၥည္းေတြကို ေဝးလံတဲ့ေဒသေတြထိျဖန္႕ျဖဴးေပးႏုိင္ဖုိ႕အတြက္ ကိုယ္စားလွယ္မ်ားရရွိေအာင္ဆြဲေဆာင္ႏုိင္ဖုိ႕အတြက္ေၾကာ္ျငာကကူညီေပးနုိင္ပါတယ္။

ေၾကာ္ျငာျခင္းကိုအသုံးျပဳၿပီး မိမိတုိ႕ကုန္ပစၥည္းကို စားသံုးသူကသိရွိဝယ္ယူႏုိင္ေအာင္ ကူညီေပးႏုိင္ပါတယ္။ ေ၀းလံတဲ့ေနရာေတြမွာေတာ့ တစ္ဆင့္ခံအေရာင္းကိုယ္စားလွယ္ေတြထံက ၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။

3. Advertising assists dealers to liquidate stock

ေၾကာ္ျငာျခင္းက ကုန္ပစၥည္းထုတ္လုပ္သူေတြကိုသာမက လက္လီ၊လကၠားေရာင္းသူေတြကိုပါ ေၾကာ္ျငာကုန္စည္ေတြကို ေရာင္းခ်ႏုိင္ေအာင္ေထာက္ပံ့ေပးေနတာပဲျဖစ္ပါတယ္။

ထုိ႕ေၾကာင့္ေၾကာ္ျငာကုန္စည္ေတြကိုလက္လီ၊လကၠားေရာင္းခ်သူေတြက ေရာင္းအားေကာင္းၿပီး အက်ိဳးအျမတ္မ်ားမ်ားရရွိတာေတြ႕ရပါတယ္။

ဒါေတြကလည္းထိေရာက္တဲ့ေၾကာ္ျငာနည္းလမ္းပဲျဖစ္ပါတယ္။

4. Advertising increases per-capita use

ကုန္ပစၥည္းရဲ႕features နဲ႕အသုံးျပဳပုံေတြကုိ ထပ္ခါထပ္ခါေၾကာ္ျငာျခင္းကလည္း အသုံးျပဳသူကုိတုိးလာေစပါတယ္။ ဒါေပမယ့္ သံုးစဲြသူေတြျမင္မိတဲ့ဘက္ကေန content ေတြဖန္တီးတတ္ဖုိ႔ ေတာ့လုိပါတယ္။

5. Advertising recognizes quality

ကုန္ပစၥည္းအရည္အေသြးကိုအဓိကထားၿပီး ေၾကာ္ျငာျခင္းက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။

အရည္အေသြးေကာင္းတဲ့ကုန္ပစၥည္းတစ္ခုကိုထုတ္လုပ္ထားၿပီးတဲ့ကုမၸဏီတခုကို စားသုံးသူေတြကအားေပးလက္ခံၾကမွာျဖစ္ပါတယ္။

စားသုံးသူေတြကသူတို႕အေကာင္းဆုံးပစၥည္းကုိသာထုတ္လုပ္တယ္လုိ႕ယူဆထားတဲ့ကုမၸဏီက ထပ္မံထုတ္လုပ္လုိက္တဲ့ဘယ္ကုန္ပစၥည္းကိုမဆုိ စားသုံးသူကလက္ခံအသုံးျပဳေပးမွာျဖစ္ပါတယ္။

6. Advertising protects manufacturers’ interests

ေၾကာ္ျငာထားတဲ့ကုန္ပစၥည္းတစ္ခု (သို႕) ကုန္အမွတ္တံဆိပ္တစ္ခုကို သူတုိ႕နဲ႕ဆင္တူရုိးမွားျဖစ္တဲ့ ကုန္ပစၥည္းမ်ိဳးထုတ္လုပ္ထားတဲ့ကုမၸဏီကယွဥ္ျပိဳင္ဖုိ႕ခက္ခဲမွာပဲျဖစ္ပါတယ္။

သူတုိ႕ကုန္ပစၥည္းကိုေၾကာ္ျငာလိုက္တဲ့ခ်ိန္မွာ စားသုံးသူက သူတို႕ကုမၸဏီ Image နဲ႕ Brand Name ကုိပါတခါတည္းသိရွိလက္ခံသြားတာေၾကာင့္ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ေၾကာ္ျငာျခင္းကအရမး္ကုိထိေရာက္တဲ့နည္းလမ္းျဖစ္ပါတယ္။

7. Advertisements eliminate seasonal fluctuations

ေၾကာ္ျငာျခင္းမွာ ရာသီအလုိက္ေၾကာ္ျငာအတက္အက်ဆိုတာမ်ိဳးမရွိပါဘူး။ ဥပမာ-ေရခဲေသတၱာကို ေႏြရာသီမွာ အေအးရဖို႕အသုံးျပဳေသာ္လည္း မုိးရာသီနဲ႕ ေဆာင္းရာသီမွာလည္း အသား၊ ငါးေတြမပုပ္မသုိးေအာင္သုိေလွာင္ထားနိုင္တယ္ဆုိတာမ်ိဳးျဖစ္ပါတယ္။

ဒါေၾကာင့္ကုန္ပစၥည္းေၾကာ္ျငာတဲ့အခါမွာ ရာသီဥတုအေျပာင္းအလဲဘယ္ေလာက္ရွိရွိ ဘယ္လုိအသုံးျပဳႏုိင္တယ္ဆုိတာကို ထည့္သြင္းေၾကာ္ျငာဖုိ႕လုိအပ္ပါတယ္။

8. Advertising creates demand

ပစၥည္းအမ်ိဳးအစားတူညီတဲ့ထုတ္ကုန္ေတြကိုအျပိဳင္အဆုိင္ေၾကာ္ျငာၾကတဲ့အခါမွာ ကိုယ့္ကုန္ပစၥည္းရဲ႕အသုံးျပဳပုံအမ်ိဳးမ်ိဳးနဲ႕ အားသာခ်က္ေတြကိုထည့္သြင္းေၾကာ္ျငာေပးဖုိ႕လိုပါတယ္။

ဒါမွလည္းကိုယ့္ကုန္ပစၥည္းရဲ႕ဝယ္လုိအားေတြကိုတက္လာေအာင္ ဖန္တီးလုိ႕ရႏုိင္မွာျဖစ္ပါတယ္။

9. Advertisements raises standard of living

ယွဥ္ၿပိဳင္မႈေတြေၾကာင့္ မိမိတုိ႔လုိခ်င္တဲ့အရာေတြကို ေစ်းၿပိဳင္စနစ္ေတြနဲ႔ သံုးစဲြသူေတြေရြးခ်ယ္ခြင့္ရတာ ၀မ္းသာစရာပါ။ ဒီအတြက္ ေၾကာ္ျငာျခင္းကပဲ လမ္းခင္းေပးခဲ့တာပါ။ ဥပမာအေနနဲ႔ တစ္ခ်ိန္က တီဗီတစ္လံုး ဆုိတာက လူတုိင္းအတြက္ အိမ္မက္တစ္ခုျဖစ္ခဲ့ေပမယ့္ လက္ရိွမွာေတာ့ အိမ္တုိင္းလုိလုိမွာတီဗီေတြရိွေနခဲ့ပါၿပီ။ ဒါေၾကာင့္ေၾကာ္ျငာျခင္းက လူေနမႈအဆင့္အတန္းျမင့္မားေစဖုိ႔ တစ္ဖက္တစ္လမ္းကေထာက္ပံ့ေပးႏုိင္တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။

 <<< Unicode >>>


ကြော်ငြာခြင်းအတွက်အရေးကြီးဆုံးလုပ်ဆောင်ချက်များကိုဖော်ပြပေးလိုက်ပါတယ်။

1.Advertisements increase sales

ကြော်ငြာခြင်းရဲ့အဓိကရည်ရွယ်ချက်က မိမိကုန်ပစ္စည်းရဲ့ရောင်းအားကိုတက်လာအောင် ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။

ကြောြ်ငာခြင်းမှ ကုန်ပစ္စည်းများကိုမိတ်ဆက်ပြီး consumer အသစ်တွေကို ဆွဲဆောင်နိုင်ဖို့အဓိကဖြစ်ပါတယ်။

2. Advertising Persuades dealers to stock

မိမိတို့ရဲ့ကုန်ပစ္စည်းတွေကို ဝေးလံတဲ့ဒေသတွေထိဖြန့်ဖြူးပေးနိုင်ဖို့အတွက် ကိုယ်စားလှယ်များရရှိအောင်ဆွဲဆောင်နိုင်ဖို့အတွက်ကြော်ငြာကကူညီပေးနိုင်ပါတယ်။

ကြော်ငြာခြင်းကိုအသုံးပြုပြီး မိမိတို့ကုန်ပစ္စည်းကို စားသုံးသူကသိရှိဝယ်ယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဝေးလံတဲ့နေရာတွေမှာတော့ တစ်ဆင့်ခံအရောင်းကိုယ်စားလှယ်တွေထံက ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

3. Advertising assists dealers to liquidate stock

ကြော်ငြာခြင်းက ကုန်ပစ္စည်းထုတ်လုပ်သူတွေကိုသာမက လက်လီ၊လက္ကားရောင်းသူတွေကိုပါ ကြော်ငြာကုန်စည်တွေကို ရောင်းချနိုင်အောင်ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။

ထို့ကြောင့်ကြော်ငြာကုန်စည်တွေကိုလက်လီ၊လက္ကားရောင်းချသူတွေက ရောင်းအားကောင်းပြီး အကျိုးအမြတ်များများရရှိတာတွေ့ရပါတယ်။

ဒါတွေကလည်းထိရောက်တဲ့ကြော်ငြာနည်းလမ်းပဲဖြစ်ပါတယ်။

4. Advertising increases per-capita use

ကုန်ပစ္စည်းရဲ့features နဲ့အသုံးပြုပုံတွေကို ထပ်ခါထပ်ခါကြော်ငြာခြင်းကလည်း အသုံးပြုသူကိုတိုးလာစေပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေမြင်မိတဲ့ဘက်ကနေ content တွေဖန်တီးတတ်ဖို့ တော့လိုပါတယ်။

5. Advertising recognizes quality

ကုန်ပစ္စည်းအရည်အသွေးကိုအဓိကထားပြီး ကြော်ငြာခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

အရည်အသွေးကောင်းတဲ့ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်ထားပြီးတဲ့ကုမ္ပဏီတခုကို စားသုံးသူတွေကအားပေးလက်ခံကြမှာဖြစ်ပါတယ်။

စားသုံးသူတွေကသူတို့အကောင်းဆုံးပစ္စည်းကိုသာထုတ်လုပ်တယ်လို့ယူဆထားတဲ့ကုမ္ပဏီက ထပ်မံထုတ်လုပ်လိုက်တဲ့ဘယ်ကုန်ပစ္စည်းကိုမဆို စားသုံးသူကလက်ခံအသုံးပြုပေးမှာဖြစ်ပါတယ်။

6. Advertising protects manufacturers’ interests

ကြော်ငြာထားတဲ့ကုန်ပစ္စည်းတစ်ခု (သို့) ကုန်အမှတ်တံဆိပ်တစ်ခုကို သူတို့နဲ့ဆင်တူရိုးမှားဖြစ်တဲ့ ကုန်ပစ္စည်းမျိုးထုတ်လုပ်ထားတဲ့ကုမ္ပဏီကယှဉ်ပြိုင်ဖို့ခက်ခဲမှာပဲဖြစ်ပါတယ်။

သူတို့ကုန်ပစ္စည်းကိုကြော်ငြာလိုက်တဲ့ချိန်မှာ စားသုံးသူက သူတို့ကုမ္ပဏီ Image နဲ့ Brand Name ကိုပါတခါတည်းသိရှိလက်ခံသွားတာကြောင့်ပဲဖြစ်ပါတယ်။

ဒါကြောင့်ကြော်ငြာခြင်းကအရမ်းကိုထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။

7. Advertisements eliminate seasonal fluctuations

ကြော်ငြာခြင်းမှာ ရာသီအလိုက်ကြော်ငြာအတက်အကျဆိုတာမျိုးမရှိပါဘူး။ ဥပမာ-ရေခဲသေတ္တာကို နွေရာသီမှာ အအေးရဖို့အသုံးပြုသော်လည်း မိုးရာသီနဲ့ ဆောင်းရာသီမှာလည်း အသား၊ ငါးတွေမပုပ်မသိုးအောင်သိုလှောင်ထားနိုင်တယ်ဆိုတာမျိုးဖြစ်ပါတယ်။

ဒါကြောင့်ကုန်ပစ္စည်းကြော်ငြာတဲ့အခါမှာ ရာသီဥတုအပြောင်းအလဲဘယ်လောက်ရှိရှိ ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို ထည့်သွင်းကြော်ငြာဖို့လိုအပ်ပါတယ်။

8. Advertising creates demand

ပစ္စည်းအမျိုးအစားတူညီတဲ့ထုတ်ကုန်တွေကိုအပြိုင်အဆိုင်ကြော်ငြာကြတဲ့အခါမှာ ကိုယ့်ကုန်ပစ္စည်းရဲ့အသုံးပြုပုံအမျိုးမျိုးနဲ့ အားသာချက်တွေကိုထည့်သွင်းကြော်ငြာပေးဖို့လိုပါတယ်။

ဒါမှလည်းကိုယ့်ကုန်ပစ္စည်းရဲ့ဝယ်လိုအားတွေကိုတက်လာအောင် ဖန်တီးလို့ရနိုင်မှာဖြစ်ပါတယ်။

9. Advertisements raises standard of living

ယှဉ်ပြိုင်မှုတွေကြောင့် မိမိတို့လိုချင်တဲ့အရာတွေကို ဈေးပြိုင်စနစ်တွေနဲ့ သုံးစွဲသူတွေရွေးချယ်ခွင့်ရတာ ဝမ်းသာစရာပါ။ ဒီအတွက် ကြော်ငြာခြင်းကပဲ လမ်းခင်းပေးခဲ့တာပါ။ ဥပမာအနေနဲ့ တစ်ချိန်က တီဗီတစ်လုံး ဆိုတာက လူတိုင်းအတွက် အိမ်မက်တစ်ခုဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်တိုင်းလိုလိုမှာတီဗီတွေရှိနေခဲ့ပါပြီ။ ဒါကြောင့်ကြော်ငြာခြင်းက လူနေမှုအဆင့်အတန်းမြင့်မားစေဖို့ တစ်ဖက်တစ်လမ်းကထောက်ပံ့ပေးနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 Ref:accountlearning

Read times
Rate this item
(0 votes)