-->
×

Warning

JUser: :_load: Unable to load user with ID: 29


SEO ရဲ့ လေးနက်စွာ အဓိပ္ပါယ်ဖွင့်ဆိုချက်

SEO ရဲ့ လေးနက်စွာ အဓိပ္ပါယ်ဖွင့်ဆိုချက် Google

SEO ဆိုတာ ဘာလဲ

SEO ဆိုတာ Search engine optimization ကို အတိုကောက် ခေါ် ဝေါ် သော အမည်တစ်ခုဖြစ်သည်။

 

Digital Marketing ဆိုင်ရာကိစ္စရပ်များတွင် သင့်ရဲ့ Website ကို သင့် ပရိသတ်က ရှာဖွေရ လွယ်ကူစေရန် ၊ ထို Website ထဲမှာ အခန်းကဏ္ဍ များအားလွယ်ကူစွာ ရှာဖွေတတ်စေရန် အတွက် ပြုလုပ်ထားသော စနစ်တကျ ပြုလုပ်ထားသည့် လုပ်ငန်းစဉ် တစ်ခုကိုဆိုလိုသည်။

 

တစ်နည်းအားဖြင့်ပြောရရင် သင့် ပရိသတ်တွေကိုအကူအညီ ပေးခြင်း သဘောမျိုးဖြစ်ပြီး အခြားသင်နဲ့ လုပ်ငန်းတူ လုပ်ဆောင်ကြတဲ့ ထောင်သောင်း မက Web တွေထဲကမှ သင့် ရဲ့ Web ကိုလူအများက ထိပ်ဆုံးမှာ ရှာ တွေ့ နေခြင်းကိုဆိုလိုပါသည်။

 

SEO ဟာ Digital Marketing နည်းဗျူဟာ အတွက် အရေးပါ အရာရောက်တဲ့ လုပ်ငန်းစဉ် တစ်ခုပါ။ အကယ်လို့ ကိုယ်သာ Search engine optimization ကိုအလေးထားလုပ်ကိုင်တဲ့ လုပ်ငန်းစုတစ်ခုရဲ့ ပဲ့ကိုင်သူဖြစ်မယ် ဆိုပါတော့ …. ဒါဟာ အံသြ စရာ ကိစ္စ မရှိပါဘူး။ ဘာလို့ဆို အဆိုပါ လုပ်ငန်းစဉ်ဟာ ကိုယ့်လုပ်ငန်းအတွက် အရေးပါနေလို့ပါ။

 

ဟုတ်တာပေါ့ သင့်မှာ လူတွေကို သင့် Website ထဲ ကို မောင်းသွင်းဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အခ ကြေးငွေပေးရတဲ့ ကြော်ငြာများ { ရေဒီယို ၊ တီဗီ } စသော ကြော်ငြာများ ၊ Social Media များပေါ် ရှိ ကြော်ငြာများ ၊ နာမည်ကြီး Website ပေါ်ရှိ ခေါင်းစီးကြော်ငြာများ တွေကနေ လူ ဆွဲသွင်းနိုင်ပေမဲ့ လူ အချို့ကိုပဲ ဆွဲ သွင်းနိုင်မှာပါ။

(113) Aung Thitsar.png

SEO အဆင်ပြေဖို့ဆိုရင် သတ်ပုံ မှန်ကန်ဖို့ ၊ကြည့်ရူ့မူ့များမှု ၊ မှန်ကန်စွာ Link ဝင်ရောက်ကြည့်ရှုသူ အရေအတွက် နဲ့ တခြားသော Site များမှ မိမိ Site ကို Link ချိတ်ပေးထားမှု စတဲ့ အချက်တွေကို ကြည့်ပြီး
SEO Strong အဖြစ်ဆုံး Site ကို Search Result ထိပ်ဆုံး မှာ Ranking အလိုက် ဖော်ပြပေးလေ့ ရှိပါတယ်။

 

တကယ်တန်းခက်ခဲ တာက သင့် Web ကို လူတွေ ဆွဲ သွင်းရုံတင် မဟုတ်ပဲ ရှိတဲ့ လူတွေကို ထိန်းဖို့ နဲ့ သင့် Website ကို စိတ်ဝင်စားပြီး လာလည်ချင်သူတွေအတွက် သက်တောင့် သက်သာ ရှိနေ ဖို့ပါ။ Web analytics company တစ်ခုဖြစ်တဲ့ Parse.ly ရဲ့ နောက်ဆုံးထွက်လာတဲ့ စစ်တမ်းအရ SEO က အရေးပါပါတယ်။ SEO ကလက်တွေ့ကျကျ သင့် Website ကို လူရောက်စေဖို့ ထိန်းပေးမှာပါ။

 

Google ရဲ့ နောက်ဆုံးစစ်ဆေးချက်များအရ SEO ကို သေချာစွာ သုံးသပ်မယ်ဆိုရင် အတွင်းကျကျ လေ့လာသလိုပါပဲ SEO က အကုန်အကျလည်းများပါတယ်။ Google မှ ခုနှစ် ထောင်ကျော်သော Website တွေဟာ ရာကျော်သော ထုတ်ကုန်နဲ့ ဈေးကွက်စီးပွားရေး သမားတွေ ရဲ့ လက်အောက်မှာ ရှိပါတယ် နေ့တိုင်း ပြောင်းလဲ မူ့ ပေါင်း အခု ၂၀၀ မက ပါဘူး။ သူတို့တွေ ရဲ့ ဦးတည်မူ့က SEO ဘက်ကိုသာကောင်းချင်တဲ့ စိတ်အားထက်သန် ကြတာပါ။

 

၁။ ကောင်းမွန် ကြီးမားတဲ့ SEO ရလဒ်ကောင်းအတွက် တဖြေးဖြေးချင်း စတင်လုပ်ဆောင်ပါ။

 

ဒါက အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုပါ ဘယ်အရာမှာမဆို အစကိုကောင်းမွန်စွာလုပ်ဆောင်ပြီး ဖြည်းဖြည်းနဲ့ မှန်မှန်လေးသွားမယ်ဆိုရင် ရလဒ်ကောင်းက မလွဲ မသွေ ရရှိမှာပါပဲ။ SEO ရလဒ်ကောင်းတစ်ခုရလာဖို့ကို အချိန်ကုန်တော့ခံရပါမယ်။

 

သင်သိထားရမှာက SEO ဘက်မှာ အနည်းငယ်လေးလုပ်ဆောင်ရင်တောင် အကျိုုးအမြတ်က ၂ ဆ ရရှိပါတယ်။နောက်တစ်ခုသတိထားရမှာက over 75 % က Google မှာ English လိုပဲ ဖြစ်တာမို့ သင့် အနေနဲ့ Web ရဲ့ Keywords တွေကို ရှာရလွယ်ကူဖို့ English လို ရေးသင့်ပါတယ်။

 

၂။ အပြောင်းအလဲတွေကို မကြောက်ပါနဲ့ , ရင်ဆိုင်လိုက်ပါ။

 

SEO ကလည်း အမြဲ up to date ဖြစ်နေတာမျိုးဖြစ်ပြီး ဘယ်လိုနည်းလမ်းကို သုံးထားလျှင် SEO မှ ထိပ်ဆုံးက ပြ ပေးမလဲဆိုတာ မျိုးရှိပါတယ် ထိုနည်းလမ်းတွေက အမြဲ ပြောင်းလဲနေပါတယ်။ပြောင်းသလောက်ကိုသင့် ဘက်က လိုက်မှီ နိုင်မှသာလျှင် သင်အဆင်ပြေမှာပါ။

 

ပြောင်းလဲ မှုတွေက သင့်အတွက် ခေါင်းပူရင် ပူနေပါလိမ့်မယ်သို့သော် ပိုပြီး SEO နဲ့ ရင်းနှီးမူ့ရှိစေမှာပါ။ဥပမာ ပြောရရင် မနှစ်က Google မှ Google Search Console ရဲ့ ပြစ်ချက်ရှာ ခြင်းကို အာရုံစိုက်ခဲ့ပါတယ် ဒေတာတွေကိုအစီစဉ်တကျ တည်ဆောက်တယ် Think With Google Site မှာ AMP ကိုစတင် အကောင်အထည်ဖော်ခဲ့တယ်။AMP ရဲ့ ပြစ်ချက်တစ်ခုကို ပြုပြင်လိုက်တဲ့ အချိန်မှာ ၂၀၀ % လောက် လူတွေရဲ့ စိတ်တိမ်းညွတ် မူ့ ရရှိခဲ့ပါတယ်။ဒါတင် မကသေး Content တွေကို စနစ်တကျ စိစစ်ချိန်မှစပြီး ၁ ရက်မှာအကြိမ် ၁၀၀၀ လောက် ကြည့်သူရှိခဲ့ပါတယ်။

(135) Three Star.png

ယနေ့ ခေတ်ရဲ့ ၅၀ ရာခိုင်နှုန်းသော Website ကိုကြည့်တဲ့ လူအများဟာ မိုဘိုင်းဖုန်း အများစုကနေပဲလာကြတာပါ။Google search ကလည်းကောင်းမွန် မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကိုပေးပါတယ်။လူတွေလိုချင်တာနဲ့ ထပ်တူကျတာကို ပြ ပေးတဲ့ အပြင် ဆင်တူသော အရာများကိုလည်းပြ ပေးပါတယ်။

 

၃။ ဖြစ်နိုင်တဲ့ အရာတွေကို ပေါင်းစည်းပါ။

 

တစ်ခါတစ်လေ ကျရင် Web အသေးလေးတွေ အများကြီး ပွထနေမယ်၊ အဲ့ Web တွေထဲမှာ အရမ်းတူလွန်းတဲ့ Content တွေပါမယ် ဒါပေမဲ့ ပစ်မှတ်ထားတာက မတူတဲ့ ပရိသတ်တွေကို ပေါ့ Google ကနေ တွေ့ရှိခဲ့တာက ပြီးခဲ့တဲ့ နှစ်တွေတုန်းက Google ကနေပြီးတော့မတူညီတဲ့ ဈေးကွက်စီးပွားရေးပြစ်မှတိတွေ ၊ ရည်မှန်းချက်တွေအတွက် ပုံစံတူ နီးပါး duplicate Website တွေ လုပ်ခဲ့ ပါတယ်။

 

ဒါပေမဲ့ ပြဿနာက တော့ရှိခဲ့ပါတယ် ထိုကဲ့ သို့ ဆင်တူ Content တွေဟာ အသုံးပြုသူများကို စိတ်ရှုပ်ထွေးစေတဲ့ အပြင် search engines ကိုပါ ရှုပ်ထွေးစေပါတယ်။ အကောင်းဆုံးက တော့ သေးသေး လေးတွေ လိုက်လုပ်နေမဲ့ အစား အကောင်းဆုံး Website အကြီး တစ်ခုကို လုပ်ထားတာက ပိုမို အဆင်ပြေ စေပါတယ် ဒါမှလည်း organic growth ရရှိမှာပါ။ သင့်ရဲ့ Website ကို Google’s SEO strategy ကို အသုံးပြုသင့်ပါတယ်။

 

အစောက ပြောတဲ့ အချက် လေး ၃ ချက်ကို အာရုံစိုက်ထားပြီး အပြောင်းအလဲတွေကို စိန်ခေါ်နိုင်မယ် ဆိုရင်တော့ တကယ့်ကို SEO Strategy ကောင်းတစ်ခုကို လိုက်မှီနိုင်ပါလိမ့်မယ်။

 

Google မှ Website ပိုင်းဆိုင်ရာ ပညာရှင် Sean O'Keefe ရေးသားသည်။

 

Written By Shin Min

 

class="img-responsive"

Additional Info

  • Top Banner: Asia-General-Holding
Read times
Rate this item
(1 Vote)