-->
×

Warning

JUser: :_load: Unable to load user with ID: 29


အွန်လိုင်းက ငွေပိုရရှိနိုင်မည့်နည်းလမ်းလေးများ

လူတိုင်းဟာ ကိုယ့်ကျွမ်းကျင်မှု နဲ့ အခြေအနေပေါ် လိုက်ပြီး စားဝတ်နေရေးကို ပြည့်စုံအောင် ဖန်တီးနေကြတာပါ။ အခုလို ကုန်ကျစရိတ်တွေ သိပ်များလို့ အလုပ်တစ်ခုတည်းနဲ့ မကာမိတဲ့ ခေတ်ကြီးမှာ အပိုဝင်ငွေရမယ့် အချိန်ပိုင်း အလုပ်ကလေးတွေရှိတာ ပိုပြီး အဆင်ပြေပါတယ်။အပိုဝင်ငွေရနိုင်မယ့် အလုပ်ဆိုတာ နာမည်အတိုင်း ကိုယ့်ရဲ့ ပိုနေတဲ့ အချိန်ကို ငွေအဖြစ်ပြောင်းပေးတာ ဖြစ်ပါတယ်။ တစ်ချို့ အပိုဝင်ငွေရှာဖို့ လုပ်တဲ့ အလုပ်တွေက အလုပ်အကိုင်ကျွမ်းကျင်မှုနဲ့ အရင်းအနှီးတစ်ချို့ လိုပါတယ်။ တစ်ချို့ အပိုဝင်ငွေလုပ်ငန်းတွေအတွက် အတတ်ပညာနဲ့ ငွေအရင်းအနှီး မလိုပါဘူး။ အပိုဝင်ငွေရှာဖို့ အကောင်းဆုံး အလုပ်တစ်ချို့ ရှိပါတယ်။

 

(၁) YouTube ချန်နယ်လေးဖွင့်ပါ

ကိုယ့်ရဲ့ Skill တစ်ခုကို အားလုံးသိအောင် ချပြပြီး ပိုက်ဆံရှာလို့ရပါတယ်။ ဒီထဲမှာ YouTube မှာ ချန်နယ်တစ်ခုထောင်ပြီး ငွေရှာတာလည်း ပါပါတယ်။ YouTube မှာ သီချင်းတွေ တီးပြတာမျိုး ၊ အင်္ဂလိပ်စကားပြောသင်ပေးတာမျိုး ၊ အင်တာနက်ပေါ်က ထူးဆန်းတဲ့ အကြောင်းအရာတွေအကြောင်း ပြောပြတာမျိုး နဲ့ အသံထွက်စာအုပ်လေးတွေ ဖတ်ပြတာမျိုး ကိုယ့်အိုင်ဒီယာရှိရင် ရှိသလို လုပ်လို့ရပါတယ်။

 

(၂) နိုင်ငံခြားပစ္စည်းတွေ ပြန်ရောင်းပါ

နိုင်ငံတကာ e-Commerce ဝက်ဘ်ဆိုက်ကြီးတွေ ဖြစ်တဲ့ Alibaba ၊ JD.Com ၊ Taobao နဲ့ Amazon တို့နဲ့ ချိတ်ဆက်ပြီး ကိုယ့်ပြည်တွင်းမှာ ရှားတဲ့ ပစ္စည်း‌လေးတွေ ဝယ်ရောင်းလုပ်တာမျိုးကလည်း အပိုရနိုင်ပါတယ်။ ကိုယ်ပိုင် Facebook Page တစ်ခုလောက် ထောင်ဖို့ပဲ လိုပါတယ်။ တစ်ခါတစ်လေမှာ သူများနိုင်ငံက ၅ ဒေါ်လာတန် ပစ္စည်းကို ဒီဘက်မှာ ဒေါ်လာ ၂၀-၃၀ နဲ့ ပြန်ရောင်းလို့ရပါတယ်။ e-Commerce တွေဆီက တိုက်ရိုက်ဝယ်လို့ရမယ့်အကောင့်တော့ ရှိထားဖို့ လိုမှာပါ။

 

(၃) Freelance

အိမ်မှာနေပြီး လုပ်လို့ရတဲ့ အပိုအလုပ်တစ်ခုကတော့ အလွတ်တန်းအလုပ်ပဲ ဖြစ်ပါတယ်။ ကိုယ်က Coding Skill ကောင်းရင် အလွတ်တန်း Programmer /Developer အနေနဲ့ အပိုဝင်ငွေရှာလို့ရပါတယ်။ ဂရပ်ဖစ်ကျွမ်းကျင်ရင် ဂရပ်ဖစ်ဒီဇိုင်နာ ဒါမှမဟုတ် Illustrator လုပ်နိုင်ပါတယ်။‌ စာရေးကောင်းရင် အလွတ်တန်း စာရေးကောင်းသူ လုပ်နိုင်ပါတယ်။

 

(၄) ကိုယ်ပိုင် Product လေးတွေ ဖန်တီးပါ

ကိုယ်ပိုင်ထုတ်ကုန်လေးတွေဟာ တကယ့်လုပ်ငန်းကြီးတွေ ဖြစ်သွားနိုင်ပါတယ်။ အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေကနေ အနုပညာပစ္စည်းအထိ ကိုယ့်နာမည်နဲ့ ထုတ်နိုင်ရင် အခွင့်အလမ်းက တကယ့်ကို အကြီးကြီး ဖြစ်သွားမှာပါ။ တစ်ချို့တွေဆို ကိုယ့်ပိုင် Brand နဲ့ ဆပ်ပြာထုတ်တယ် ၊ လွယ်အိတ်လေးတွေ ၊ ကီးချိန်းလေးတွေကနေ မုန့်မျိုးစုံအထိ ထုတ်လုပ်ပြီး ချမ်းသာသွားကြတာမျိုး ရှိပါတယ်။

 

(၅) အေးဂျင့်လုပ်ပါ

တကယ်တော့ ပွဲစားပါပဲ။ မတူတာက အခုနောက်ပိုင်းမှာ အိမ်ခြံမြေ အငှားချိတ်ဆက်ပေးသူကနေ ကမ္ဘာကျော်ဘဏ်လုပ်ငန်းတွေမှာ အသက်အာမခံအထိ အေးဂျင့်တွေ ရှိပါတယ်။ ကိုယ်စားလှယ်လုပ်ငန်းလုပ်သူတွေဟာ အချိန်ပြည့် လုပ်စရာမလိုဘဲ ကိုယ်အားတဲ့အချိန်မှာ ဝင်လုပ်လည်း ရပါတယ်။ သူတို့ကတော့ ရောင်းရမှုပေါ် လိုက်ပြီး ရာခိုင်နှုန်းနဲ့ ရတာ ဖြစ်ပါတယ်။ ကိုယ်က ပြောတတ်ဆိုတတ် အချိတ်အဆက်ကောင်းရင် ဒီအလုပ်ကလည်း ကိုက်ပါတယ်။

 

Kwee

 

Myanmar Advertsing Guide 

Read times
Rate this item
(2 votes)