-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့္လုပ္ငန္းရဲ႕ မ်က္ႏွာ domain name

သင့္လုပ္ငန္းရဲ႕ မ်က္ႏွာ domain name google

အင္တာနက္ေပၚမွာ Brand တစ္ခုကုိ ေနရာရဖုိ႔ Facebook စာမ်က္ႏွာကုိ သုံးၾကတယ္။ တည္တည္တံ့တံ့ ခန္႔ခန္႔ထည္ထည္ ျဖစ္ေစဖုိ႔ website ကုိ သုံးၾကရတယ္။

 

Facebook က သူ ေပးထားတဲ့ ပုံစံခြက္ေတြထဲမွာပဲ စာမ်က္ႏွာကုိ ခင္းက်င္းဖြဲ႕တည္ရတယ္။ ကုိယ့္ၿပိဳင္ဘက္ေတြရဲ႕ Facebook စာမ်က္ႏွာ အခင္းအက်င္းနဲ႔ ကုိယ့္ Facebook စာမ်က္ႏွာရဲ႕ အခင္းအက်င္းတုိ႔ဟာ အတူတူပဲ ျဖစ္ေနတယ္။

 

၀က္ဘ္ဆုိက္က်ေတာ့ မတူကြဲျပားေအာင္ တည္ေဆာက္လုိ႔ ရတယ္။

 

ဒီေတာ့ brand ကုိ သိသာထင္ရွားေအာင္ လုပ္ေပးရမယ္။ မွတ္မိေနေအာင္လည္း လုပ္ေပးရမယ္။ အေရးအႀကီးဆုံး ျဖစ္တဲ့ brand ဟာ ယုံၾကည္အားကုိးထုိက္တယ္လုိ႔ စိတ္ခ်သြားေအာင္လည္း လုပ္ဖုိ႔ လုိတယ္။

 

လူမႈ၀န္းက်င္ထဲမွာ ပစ္မွတ္ထားသည့္ အလႊာမ်ားထံ brand ထုိးေဖာက္ေရာက္ရွိဖုိ႔ အားထုတ္ၾကတယ္။ brand က trend ေတြကုိ ဖန္တီးတယ္။ လူေနမႈဘ၀ဟန္ပန္ေတြအေပၚ ၾသဇာေညာင္းတယ္။

 

ေငြေၾကးသုံးျဖံဳးပုံ အဆင္အကြက္ေတြကုိလည္း brand က အဆုံးအျဖတ္ေပးတယ္။ အဲဒီအတြက္ ၀က္ဘ္ဆုိက္ကုိ အေျခခံဌာနခ်ဳပ္အျဖစ္ အသုံးျပဳၾကတယ္။

 

အဲဒီ၀က္ဘ္ဆုိက္ဟာ brand ကုိ အေထာက္အကူျပဳႏုိင္ဖုိ႔အတြက္ domain name ဟာ အေေရးပါတဲ့ေနရာမွာ ေရာက္ရွိေနတယ္။ domain name ဆုိတာ ၀က္ဘ္ဆုိက္ရဲ႕ အမည္ပါပဲ။

 

၀က္ဘ္ဆုိက္ကုိ အ္ငတာနက္မွာ တင္ထားတဲ့အခါ လိပ္စာလုိအပ္တဲ့အတြက္ ကုိယ္ပုိင္အမည္ မွည့္ေခၚေပးထားၾကတာကုိ domain name လုိ႔ ေခၚေ၀ၚၾကတာလုိ႔ ဆုိရပါမယ္။

 

Domain name ကုိ  elevator pitch လုိ႔ ေျပာၾကတယ္။ elevator pitch  ဆုိတာက ဓာတ္ေလွကား အတူစီးရင္ ကုိယ္ေရာင္းခ်င္တာကုိ အၿပီးအစီး ေရာင္းခ်တာကုိ ေျပာခ်င္တာ ျဖစ္တယ္။

 

ဥပမာ ေျမညီထပ္ကေန ၇ ထပ္ကုိ ဓာတ္ေလွကားျဖင့္ သြားေနၾကစဥ္ ကုိယ္ေျပာျပခ်င္တာကုိ ေခါင္းညိတ္ေအာင္ ေျပာဆုိတာမ်ဳိး ျဖစ္ပါတယ္။ အခ်ိန္မ်ားမ်ားစားစား မရဘူး။

 

၇ ထပ္ေရာက္ရင္ သူက ဆင္းသြားေတာ့မွာဆုိေတာ့ ထိထိမိမိနဲ႔ လုိရင္းတုိရွင္း ေျပာျပၿပီး တစ္ဖက္သား ေခါင္းညိတ္ေအာင္ ေျပာႏုိင္ဖုိ႔ လုိအပ္တယ္။

 

အဲဒါအျပင္ ၇ ထပ္ ေရာက္တဲ့အထိ ကုိယ္ေျပာျပေနတာကုိ စိတ္၀င္တစားျဖင့္ အာရုံစုိက္ၿပီး နားေထာင္ေပးေနဖုိ႔လည္း လုိတယ္။  domain name က ၀က္ဘ္ဆုိက္ ေရာက္လာတဲ့သူေတြကုိ elevator pitch လုပ္ေပးႏုိင္တာမ်ဳိး ျဖစ္သင့္တယ္။

 

အဲဒီအတြက္ တုိေတာင္းရမယ္။ ရုိးရွင္းရမယ္။ မွတ္မိလြယ္ရမယ္။

 

ကၽြန္ေတာ္ရဲ႕ ယာယီမွတ္ဉာဏ္ဟာ မွတ္ထားေပးႏုိင္စြမ္း အေတာ္နည္းပါတယ္။ အာရုံေထြျပားတာက တအား မ်ားတယ္။ တစ္ခုခုကုိ ေျပာျပလုိက္တဲ့အခါ ယာယီမွတ္ဉာဏ္က ခဏ မွတ္ထားေပးတယ္။

 

အာရုံကုိ တျခားေနရာတစ္ခု ေရာက္သြားရင္ အဲဒီ မွတ္ထားတာကုိ ေမ့ေပ်ာက္ပစ္လုိက္ၿပီး အာရုံ၀င္စားတဲ့ အျခားေနရာထံမွ ယာယီအားျဖင့္ မွတ္သားစရာကုိ မွတ္သားတယ္။ ဒီေတာ့ domain name ဟာ ယာယီအားျဖင့္ မွတ္သားထားတာ မျဖစ္ေစရဘူး။

 

အၿမဲၾကာၾကာ မွတ္မိေအာင္ မွတ္သားတာမ်ဳိး ျဖစ္ေအာင္ လုပ္ဖု႔ိ လုိအပ္တယ္။ အဲဒီအတြက္ မွတ္မိလြယ္တဲ့ အမည္ကုိ ေရြးခ်ယ္ သုံးစြဲရမယ္။

 

၀က္ဘ္ဆုိက္ကုိ လာဖုိ႔ ၀က္ဘ္ဆုိက္အမည္ျဖင့္ ရွာေဖြတဲ့အခါ အမည္စာလုံးေပါင္းကုိ မွတ္မိေနေအာင္ လုပ္ေပးဖု႔ိလုိအပ္တယ္။  domain name ဟာ တသီးတျခား မွတ္မိလြယ္တာမ်ဳိး ျဖစ္သင့္တယ္။

 

အျခားအမည္ေတြနဲ႔ ဆင္တူရုိးမွား အေရာေရာ အေထြးေထြး ျဖစ္မေနသင့္ဘူး။ သင့္လုပ္ငန္း ဘာလုပ္ေနတာလဲဆုိတာကုိလည္း ထင္ဟပ္ေပးဖုိ႔ လုိတယ္။ domain name ကေန ဘာလုပ္တဲ့ လုပ္ငန္းမ်ဳိးလဲ ဆုိတာ ခန္႕မွန္းလုိ႔ ရေနေစသင့္တယ္။

 

အေရာင္းျမႇင့္တင္ဖု႔ိ လုပ္ကုိင္တဲ့အခါ  domain name ဟာ အေထာက္အကူ ေပးတဲ့အျပင္ သုံးစြဲစရာ လက္နက္ကိရိယာ ျဖစ္ေနရမယ္။

 

မားကက္တင္းမွာ  domain name ရဲ႕ အမည္နာမကုိ ထုတ္ေဖာ္ေျပာၾကားၿပီး ပစ္ခတ္လုိ႔ ရႏုိင္မယ့္ အမည္မ်ဳိးကုိ ေရြးခ်ယ္သင့္တယ္။ အဲဒီအခ်က္ေတြအျပင္ အေရးႀကီးတဲ့ အခ်က္ ၃ ခ်က္ ရွိေနေသးတယ္။

 

အင္တာနက္မွာ စာလုံး ရုိက္ထည့္ၿပီး ရွာလုိက္တဲ့အခါ ထုတ္ေပးလုိက္တဲ့ စာရင္းမွာ ထိပ္ဆုံးေနရာမွာ ကုိယ့္၀က္ဘ္ဆုိက္ကုိ ေဖာ္ျပေပးမယ့္ domain name မ်ဳိး ျဖစ္သင့္တယ္။

 

တစ္နည္း ေျပာရရင္ search engine က အမည္ကုိ ၾကည့္ၿပီး ဘယ္လုိကိစၥမ်ဳိးေတြနဲ႔ သက္ဆုိင္တဲ့ ၀က္ဘ္ဆုိက္လဲ ဆုိတာ မွန္မွန္ကန္ကန္ အေျဖထုတ္ေပးႏုိင္တာမ်ဳိး ျဖစ္ရမယ္။

 

၀က္ဘ္ဆုိက္ကုိ ရွာေဖြေပးဖုိ႔ စာရုိက္ထည့္ရမွာက အင္တာနက္ သုံးစြဲသူေတြ ျဖစ္ပါတယ္။ သူတုိ႔ရဲ႕ လွ်ာဖ်ားမွာ အမည္ကုိ အလြယ္တကူ အသံထြက္လုိ႔ ရတာ၊ စာလုံးေပါင္းဖုိ႔ လြယ္ကူတာမ်ဳိးကုိ domain name အျဖစ္ သုံးစြဲသင့္တယ္။

 

domain name ကုိ ရြတ္ဆုိခုိင္းၾကည့္ရမယ္။ ေခၚရတာ လြယ္ရဲ႕လား။ စာလုံးေပါင္းကုိ ဖုန္းမွာ ရုိက္ၾကည့္ခုိင္းရမယ္။ စာလုံးေပါင္းက မွားဖုိ႔ လြယ္ေနတာမ်ဳိး ပါမပါ ဆန္းစစ္ၾကည့္ရမယ္။

 

တတိယအခ်က္ကေတာ့ Domain extension ဟာ ၀က္ဘ္ဆုိက္ကုိ ထင္ဟပ္ေပးထားတာမ်ဳိး ျဖစ္သင့္တယ္။ ေပ်ာ္စရာဆုိရင္ .fun ၊ က်န္းမာေရးဆုိရင္ .fitness ဆုိတာမ်ဳိးကုိ ေနာက္ဆက္တြဲအမည္စာလုံးမွာ သုံးစြဲသင့္တယ္။

 

ေနာက္ဆုံးအေနျဖင့္ တင္ျပအသိေပးလုိတာဟာ  လူအုပ္ႀကီးထဲမွာ မိမိရွာေနတဲ့ သူကုိ ေတြ႕ဖုိ႔ လူမ်က္ႏွာေတြကို လုိက္ၾကည့္ၿပီး ရွာၾကတယ္။ မွတ္မိလြယ္ၿပီး တစ္မူတထူးျခား သိသာေနတဲ့ မ်က္ႏွာမ်ဳိး ဆုိရင္ ရွာရလြယ္မယ္။

 

ဆင္ဆင္တူတဲ့ မ်က္ႏွာေတြ မ်ားေနရင္ လူမွားႏုိင္တယ္။

 

domain name ဟာ အင္တာနက္ေပၚမွာ သင့္လုပ္ငန္းရဲ႕ မ်က္ႏွာ ျဖစ္ပါတယ္။

 

<<< Unicode >>>

သင့်လုပ်ငန်းရဲ့ မျက်နှာ domain name
အင်တာနက်ပေါ်မှာ Brand တစ်ခုကို နေရာရဖို့ Facebook စာမျက်နှာကို သုံးကြတယ်။ တည်တည်တံ့တံ့ ခန့်ခန့်ထည်ထည် ဖြစ်စေဖို့ website ကို သုံးကြရတယ်။ Facebook က သူ ပေးထားတဲ့ ပုံစံခွက်တွေထဲမှာပဲ စာမျက်နှာကို ခင်းကျင်းဖွဲ့တည်ရတယ်။ ကိုယ့်ပြိုင်ဘက်တွေရဲ့ Facebook စာမျက်နှာ အခင်းအကျင်းနဲ့ ကိုယ့် Facebook စာမျက်နှာရဲ့ အခင်းအကျင်းတို့ဟာ အတူတူပဲ ဖြစ်နေတယ်။ ဝက်ဘ်ဆိုက်ကျတော့ မတူကွဲပြားအောင် တည်ဆောက်လို့ ရတယ်။
ဒီတော့ brand ကို သိသာထင်ရှားအောင် လုပ်ပေးရမယ်။ မှတ်မိနေအောင်လည်း လုပ်ပေးရမယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ brand ဟာ ယုံကြည်အားကိုးထိုက်တယ်လို့ စိတ်ချသွားအောင်လည်း လုပ်ဖို့ လိုတယ်။

လူမှုဝန်းကျင်ထဲမှာ ပစ်မှတ်ထားသည့် အလွှာများထံ brand ထိုးဖောက်ရောက်ရှိဖို့ အားထုတ်ကြတယ်။ brand က trend တွေကို ဖန်တီးတယ်။ လူနေမှုဘဝဟန်ပန်တွေအပေါ် သြဇာညောင်းတယ်။ ငွေကြေးသုံးဖြုံးပုံ အဆင်အကွက်တွေကိုလည်း brand က အဆုံးအဖြတ်ပေးတယ်။ အဲဒီအတွက် ဝက်ဘ်ဆိုက်ကို အခြေခံဌာနချုပ်အဖြစ် အသုံးပြုကြတယ်။

အဲဒီဝက်ဘ်ဆိုက်ဟာ brand ကို အထောက်အကူပြုနိုင်ဖို့အတွက် domain name ဟာ အေရေးပါတဲ့နေရာမှာ ရောက်ရှိနေတယ်။ domain name ဆိုတာ ဝက်ဘ်ဆိုက်ရဲ့ အမည်ပါပဲ။ ဝက်ဘ်ဆိုက်ကို အ်ငတာနက်မှာ တင်ထားတဲ့အခါ လိပ်စာလိုအပ်တဲ့အတွက် ကိုယ်ပိုင်အမည် မှည့်ခေါ်ပေးထားကြတာကို domain name လို့ ခေါ်ဝေါ်ကြတာလို့ ဆိုရပါမယ်။
Domain name ကို elevator pitch လို့ ပြောကြတယ်။ elevator pitch ဆိုတာက ဓာတ်လှေကား အတူစီးရင် ကိုယ်ရောင်းချင်တာကို အပြီးအစီး ရောင်းချတာကို ပြောချင်တာ ဖြစ်တယ်။ ဥပမာ မြေညီထပ်ကနေ ၇ ထပ်ကို ဓာတ်လှေကားဖြင့် သွားနေကြစဉ် ကိုယ်ပြောပြချင်တာကို ခေါင်းညိတ်အောင် ပြောဆိုတာမျိုး ဖြစ်ပါတယ်။ အချိန်များများစားစား မရဘူး။ ၇ ထပ်ရောက်ရင် သူက ဆင်းသွားတော့မှာဆိုတော့ ထိထိမိမိနဲ့ လိုရင်းတိုရှင်း ပြောပြပြီး တစ်ဖက်သား ခေါင်းညိတ်အောင် ပြောနိုင်ဖို့ လိုအပ်တယ်။ အဲဒါအပြင် ၇ ထပ် ရောက်တဲ့အထိ ကိုယ်ပြောပြနေတာကို စိတ်ဝင်တစားဖြင့် အာရုံစိုက်ပြီး နားထောင်ပေးနေဖို့လည်း လိုတယ်။ domain name က ဝက်ဘ်ဆိုက် ရောက်လာတဲ့သူတွေကို elevator pitch လုပ်ပေးနိုင်တာမျိုး ဖြစ်သင့်တယ်။ အဲဒီအတွက် တိုတောင်းရမယ်။ ရိုးရှင်းရမယ်။ မှတ်မိလွယ်ရမယ်။
ကျွန်တော်ရဲ့ ယာယီမှတ်ဉာဏ်ဟာ မှတ်ထားပေးနိုင်စွမ်း အတော်နည်းပါတယ်။ အာရုံထွေပြားတာက တအား များတယ်။ တစ်ခုခုကို ပြောပြလိုက်တဲ့အခါ ယာယီမှတ်ဉာဏ်က ခဏ မှတ်ထားပေးတယ်။ အာရုံကို တခြားနေရာတစ်ခု ရောက်သွားရင် အဲဒီ မှတ်ထားတာကို မေ့ပျောက်ပစ်လိုက်ပြီး အာရုံဝင်စားတဲ့ အခြားနေရာထံမှ ယာယီအားဖြင့် မှတ်သားစရာကို မှတ်သားတယ်။ ဒီတော့ domain name ဟာ ယာယီအားဖြင့် မှတ်သားထားတာ မဖြစ်စေရဘူး။ အမြဲကြာကြာ မှတ်မိအောင် မှတ်သားတာမျိုး ဖြစ်အောင် လုပ်ဖု့ိ လိုအပ်တယ်။ အဲဒီအတွက် မှတ်မိလွယ်တဲ့ အမည်ကို ရွေးချယ် သုံးစွဲရမယ်။ ဝက်ဘ်ဆိုက်ကို လာဖို့ ဝက်ဘ်ဆိုက်အမည်ဖြင့် ရှာဖွေတဲ့အခါ အမည်စာလုံးပေါင်းကို မှတ်မိနေအောင် လုပ်ပေးဖု့ိလိုအပ်တယ်။ domain name ဟာ တသီးတခြား မှတ်မိလွယ်တာမျိုး ဖြစ်သင့်တယ်။ အခြားအမည်တွေနဲ့ ဆင်တူရိုးမှား အရောရော အထွေးထွေး ဖြစ်မနေသင့်ဘူး။ သင့်လုပ်ငန်း ဘာလုပ်နေတာလဲဆိုတာကိုလည်း ထင်ဟပ်ပေးဖို့ လိုတယ်။ domain name ကနေ ဘာလုပ်တဲ့ လုပ်ငန်းမျိုးလဲ ဆိုတာ ခန့်မှန်းလို့ ရနေစေသင့်တယ်။
အရောင်းမြှင့်တင်ဖု့ိ လုပ်ကိုင်တဲ့အခါ domain name ဟာ အထောက်အကူ ပေးတဲ့အပြင် သုံးစွဲစရာ လက်နက်ကိရိယာ ဖြစ်နေရမယ်။ မားကက်တင်းမှာ domain name ရဲ့ အမည်နာမကို ထုတ်ဖော်ပြောကြားပြီး ပစ်ခတ်လို့ ရနိုင်မယ့် အမည်မျိုးကို ရွေးချယ်သင့်တယ်။ အဲဒီအချက်တွေအပြင် အရေးကြီးတဲ့ အချက် ၃ ချက် ရှိနေသေးတယ်။
အင်တာနက်မှာ စာလုံး ရိုက်ထည့်ပြီး ရှာလိုက်တဲ့အခါ ထုတ်ပေးလိုက်တဲ့ စာရင်းမှာ ထိပ်ဆုံးနေရာမှာ ကိုယ့်ဝက်ဘ်ဆိုက်ကို ဖော်ပြပေးမယ့် domain name မျိုး ဖြစ်သင့်တယ်။ တစ်နည်း ပြောရရင် search engine က အမည်ကို ကြည့်ပြီး ဘယ်လိုကိစ္စမျိုးတွေနဲ့ သက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်လဲ ဆိုတာ မှန်မှန်ကန်ကန် အဖြေထုတ်ပေးနိုင်တာမျိုး ဖြစ်ရမယ်။
ဝက်ဘ်ဆိုက်ကို ရှာဖွေပေးဖို့ စာရိုက်ထည့်ရမှာက အင်တာနက် သုံးစွဲသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ လျှာဖျားမှာ အမည်ကို အလွယ်တကူ အသံထွက်လို့ ရတာ၊ စာလုံးပေါင်းဖို့ လွယ်ကူတာမျိုးကို domain name အဖြစ် သုံးစွဲသင့်တယ်။ domain name ကို ရွတ်ဆိုခိုင်းကြည့်ရမယ်။ ခေါ်ရတာ လွယ်ရဲ့လား။ စာလုံးပေါင်းကို ဖုန်းမှာ ရိုက်ကြည့်ခိုင်းရမယ်။ စာလုံးပေါင်းက မှားဖို့ လွယ်နေတာမျိုး ပါမပါ ဆန်းစစ်ကြည့်ရမယ်။
တတိယအချက်ကတော့ Domain extension ဟာ ဝက်ဘ်ဆိုက်ကို ထင်ဟပ်ပေးထားတာမျိုး ဖြစ်သင့်တယ်။ ပျော်စရာဆိုရင် .fun ၊ ကျန်းမာရေးဆိုရင် .fitness ဆိုတာမျိုးကို နောက်ဆက်တွဲအမည်စာလုံးမှာ သုံးစွဲသင့်တယ်။
နောက်ဆုံးအနေဖြင့် တင်ပြအသိပေးလိုတာဟာ လူအုပ်ကြီးထဲမှာ မိမိရှာနေတဲ့ သူကို တွေ့ဖို့ လူမျက်နှာတွေကို လိုက်ကြည့်ပြီး ရှာကြတယ်။ မှတ်မိလွယ်ပြီး တစ်မူတထူးခြား သိသာနေတဲ့ မျက်နှာမျိုး ဆိုရင် ရှာရလွယ်မယ်။ ဆင်ဆင်တူတဲ့ မျက်နှာတွေ များနေရင် လူမှားနိုင်တယ်။
domain name ဟာ အင်တာနက်ပေါ်မှာ သင့်လုပ်ငန်းရဲ့ မျက်နှာ ဖြစ်ပါတယ်။

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)