-->
×

Warning

JUser: :_load: Unable to load user with ID: 29


ပြီးပြည့်စုံတဲ့ Domain Name တစ်ခုကို ရရှိနိုင်ဖို့ လိုအပ်သော အချက် (၁၀) ချက်

ပြီးပြည့်စုံတဲ့ Domain Name တစ်ခုကို ရရှိနိုင်ဖို့ လိုအပ်သော အချက် (၁၀) ချက် google

သင့်ရဲ့ လုပ်ငန်းကို အင်တာနက်မှာ ချဲ့ထွင်တော့မယ်ဆိုရင် Website တစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။

သင့်အနေနဲ့ Website တစ်ခုရေးဆွဲတော့မယ်ဆိုရင် ပထမဆုံးစဉ်းစားရမှာက Domain Name ပါ။ Domain Name ဆိုတာ သင့်ရဲ့ Website Address ဆိုလည်းဟုတ်ပါတယ်။ Website အတွက် Domain နာမည် ရွေးချယ်ခြင်းဟာ Company နာမည် ရွေးချယ်ခြင်းလိုမျိုး အရေးကြီးပါတယ်။ ဒါကြောင့် သေချာစဉ်းစားသုံးသပ်ပြီးမှ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ Website အတွက် ပြီးပြည့်စုံတဲ့ Domain Name တစ်ခုကို ရရှိနိုင်ဖို့ လိုအပ်သော အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ စာရိုက်ရ လွယ်ကူပါစေ

Search Bar မှာ Domain Name ရိုက်ထည့်ခြင်းလွယ်ကူမှုဟာ Online အောင်မြင်မှုအတွက် အလွန်ကို အရေးကြီးနေပါတယ်။ ဒါကြောင့် မိတ်ဆွေ ဗန်းစကား (you အစား u ၊ express အစား xpress) တွေသုံးမယ်ဆိုရင် Customers တွေအနေနဲ့ ရှာဖွေရတာ ပိုပြီး ခက်ခဲသွားနိုင်တာကို သတိပြုဖို့လိုအပ်ပါတယ်။


၂။ တိုတောင်းဖို့လည်း လိုအပ်ပါတယ်

တကယ်လို့ Domain Name က ရှည်လျားရှူပ်ထွေးနေမယ်ဆိုရင် Customers တွေဟာ မှားယွင်းဖို့ အလားအလာတွေ များသွားပါလိမ့်မယ်။ တိုတိုရှင်းရှင်းက အကောင်းဆုံးဖြစ်ပြီး ထိရောက်မှုအရှိဆုံးလည်း ဖြစ်ပါတယ်။


၃။ Keywords တွေကို အသုံးချပါ

သင့်လုပ်ငန်း၊ သင့်ဝန်ဆောင်မှုနဲ့ ပတ်သတ်တဲ့ Keyword တွေကို Domain Name မှာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ ဒါက သင့်ကို Search Engine မှာ Rank တိုးစေမှာဖြစ်ပြီး Customers တွေအတွက်လည်း မှတ်သားရလွယ်ကူစေလို့ Traffic တက်ဖို့ရာ အများကြီးအထောက်အကူပြုပါတယ်။


၎။ ပစ်မှတ်ထားရာ ဒေသ

တကယ်လို့ သင့်ရဲ့ လုပ်ငန်းက ပြည်တွင်းအတွက်ပဲဆိုရင် လုပ်ငန်းအခြေစိုက်ရာ မြို့နယ်ဒေသကို ထည့်သွင်းသုံးသပ်ဖို့ လိုအပ်ပါတယ်။ Domain Name ရွေးချယ်ရာမှာ ပြည်တွင်း Customers တွေအတွက် ရှာဖွေရလွယ်ကူပြီး မှတ်မိလွယ်ဖို့ကို ဦးစားပေးစဉ်းစားသင့်ပါတယ်။


၅။ နံပါတ်နဲ့ Hyphens တွေကို ရှောင်ကြဉ်ပါ

နံပါတ်နဲ့ Hyphens တွေက Customers ကိုနားလည်မှု လွဲစေနိုင်ပါတယ်။ ဥပမာပြောမယ်ဆိုရင် Website Address မှာ ဂဏန်း 5 လား, စာနဲ့ Five လားဆိုတာကို ဝေခွဲရခက်ခဲသလိုမျိုးပေါ့။ Hyphen နဲ့ Dash ဆိုရင်လည်း နေရာမှားပြီး ထည့်မိနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ Domain Name မှာသင်္ကေတတွေ မဖြစ်မနေလိုအပ်တယ် ဆိုရင်တောင် အန္တရာယ်ကင်းအောင်လို့ Domain Extensions တွေကို Register များများ လုပ်ဆောင်ထားသင့်ပါတယ်။

 Read More; Customer တွေ ဈေးဆစ်တယ်ဆိုတာ...


၆။ မှတ်သားရလွယ်ကူပါစေ

လက်ရှိမှာ Register လုပ်ထားတဲ့ Domain Name တွေ သန်းချီပြီး ရှိနှင့်နေပါပြီ။ ဒါကြောင့် မှတ်မိလွယ်ဖို့က အရမ်းကို အရေးကြီးလာပါတယ်။ တကယ်လို့ သင့်လုပ်ငန်းအတွက် Domain Name တစ်ခု စဉ်းစားမိပြီဆိုရင်တောင် သူငယ်ချင်းတွေကို အရင်ပြကြည့်သင့်ပါတယ်။ ဆွဲဆောင်မှုရှိရဲ့လား။ စိတ်ဝင်စားဖို့ရော ကောင်းပါ့မလား။ ဒါတွေကို ဆန်းစစ်သုံးသပ်သင့်ပါတယ်။


၇။ မူပိုင်ခွင့်ပြဿနာ

သင်ရွေးချယ်လိုက်တဲ့ Domain Name က သူများရဲ့ အမှတ်တံဆိပ်လား၊ မူပိုင်ခွင့်ရှိပြီးသားလား (ဒါမှမဟုတ်) အခြားကုမ္ပဏီတစ်ခုခုက သုံးထားသေးလားဆိုတာကို ဆန်းစစ်ကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ ဥပဒေဆိုင်ရာ အရှုပ်အထွေးတွေက သင့်ကုမ္ပဏီရဲ့ ပုံရိပ်နဲ့ Domain နာမည်ကိုပါ ထိခိုက်စေလို့ပါ။


၈။ သင့်လျော်တဲ့ Domain Extension ကို အသုံးပြုပါ။

Extension တွေဆိုတာ .com/.net/.org စသဖြင့် Website Address တွေရဲ့ နောက်တွဲတွေဖြစ်ပါတယ်။ သူတို့တစ်ခုချင်းမှာ သုံးစွဲပုံချင်းကွဲပြားလို့ သင့်လုပ်ငန်းနဲ့ ကိုက်ညီရာကို စဉ်းစားရွေးချယ်ရပါမယ်။


၉။ သင့်ရဲ့ Brand ကို ချဲ့ထွင်ပါ

Brand ကို ချဲ့ထွင်ဖို့အတွက် Domain Extensions အမျိုးမျိုးကို ဝယ်ယူထားသင့်ပါတယ်။ သင့်လုပ်ငန်းရဲ့ Domain Name နဲ့ မှားတတ်တဲ့ Spelling Error တွေကိုတောင်မှ ဝယ်ယူပြီး ပင်မWebsite ကို Forward ပြုလုပ်သင့်ပါတယ်။ ဒါက သင့်ရဲ့ Competitiors တွေဆီ Customers တွေရောက်ရှိမသွားအောင် ကာကွယ်ခြင်းနည်းလမ်းဖြစ်ပြီး သင့်ရဲ့ Brand ကို ပိုမိုခိုင်မာလာအောင် လုပ်ဆောင်နေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။

 Read More; အပြုသဘောဆန်တဲ့ ကောင်းမွန်မှု ဆိုတာ...


၁၀။ မြန်မြန်လုပ်လိုက်ရအောင်

Domain Name တွေက နေ့စဉ်နဲ့အမျှ မြန်မြန်ရောင်းထွက်လေ့ရှိပါတယ်။ တစ်ခုကျေးဇူးတင်ရမှာက Domain Names တွေဟာ ဈေးမကြီးပါဘူး။ ဒါကြောင့် သင့်စိတ်ကြိုက်တွေ့ပြီဆိုရင် အချိန်မဆိုင်းပဲ ဝယ်ယူလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။


Source; Swan Htet

Myanmar Advertising Directory

Read times
Rate this item
(1 Vote)