-->
×

Warning

JUser: :_load: Unable to load user with ID: 29


Domain Name ရွေးချယ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ

Domain Name ရွေးချယ်တဲ့အခါ ဆောင်ရန်၊ ရှောင်ရန်များ Google

မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲလာတာနဲ့အညီ မြန်မာအမည်နဲ့ Website များဟာလည်း အများအပြားထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Website တစ်ခုရဖို့ အခြေခံအားဖြင့် Domain Name, Hosting and Web Design (Content) ဆိုတဲ့ အဓိကအချက် (၃) ချက်လိုအပ်ပါတယ်။ Domain Name ဆိုတာက Internet ပေါ်မှာရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပိုင်လိပ်စာဖြစ်ပါတယ်။ အချို့က Internet ပေါ်ရှိ Realestate လို့လဲခေါ်ကြပါတယ်။ .com, .net, .org နှင့် .biz တို့မှာ Domain Extension အများအပြားရှိပေမယ့် ပေါ်ပြူလာအဖြစ်ဆုံး Generic Top Level Domain (gTLD) များဖြစ်ပါတယ်။ Domain အမည် ရွေးချယ်တော့မယ်ဆိုရင်

၁။ တိုရမယ်၊ တိုတောင်းသောအမည်ဟာ ပိုပြီးမူရင်းကျတယ်လို့ ယူဆကြပါတယ်။ ဥပမာ- www.myanmarhost.com ဟာ www.myanmar-host.com or www.myanmarhostservice.com or www.myanmarhostwebdesign.com တို့ထက်ပိုပြီး မူရင်းကျလို့ ပိုကောင်းပါတယ်။

၂။ မိမိလုပ်ငန်း/ရည်ရွယ်ချက်ကို အကောင်းဆုံးထိထိမိမိ ကိုယ်စားပြုနိုင်ရပါမယ်။ ဥပမာ- www.myanmarpiling.com ဟာ မြန်မာနိုင်ငံရှိ (သို့) မြန်မာလူမျိုးများထူထောင်ထားသော Piling လုပ်ငန်းဆိုသည်ကို မြင်ရုံဖြင့်သိနိုင်ပါတယ်။

၃။ သင်္ကေတနဲ့ဂဏန်းတွေ ဖြစ်နိုင်သမျှမပါအောင် ဂရုပြုရွေးချယ်ပါ။ ဥပမာ- www.myanmarbrewery.com ဟာ www.myanmar-brewery.com ထက် Branding and Scoring ပိုကောင်းပါတယ်။

၎။ ပေါ်ပြူလာ extension (.com, .net, .org, .biz) တို့ကိုသာ ဦးစားပေးရွေးချယ်ပါ။ .com ရနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

Read More>>>စားသုံးသူတွေမျှော်လင့်ထားသလို ရလဒ်ကောင်းတဲ့ကြော်ငာတစ်ခုရဖို့ အဆင့်(၃)ဆင့်

၅။ မိမိရဲ့အမှတ်တံဆိပ်နဲ့ဆိုင်တဲ့ အမည်ကွဲနဲ့ဆင်တူရိုးမှားအမည်များကိုလည်း protect လုပ်ထားပါ။ (ဥပမာ၊ Shwe Taung Group ဆိုပါစို့။ www.shwetaung.com ဟာ အကောင်းဆုံးဖြစ်ပြီး www.shwetaunggroup.com က ဒုတိယဦးစားပေးအနေဖြင့် protect လုပ်တဲ့အနေဖြင့် ယူထားသင့်တဲ့ အမည်ဖြစ်ပါတယ်။ အခြားသော www.shwetaung.net ကဲ့သို့သော extension များကိုလည်း protect လုပ်ထားသင့်ပါတယ်။

ယနေ့ မြန်မာကုမ္ပဏီနဲ့ စီးပွားရေးလုပ်ငန်းအများအပြားတို့ရဲ့ Domain အမည်ရွေးချယ်မှုများမှာ စံနှုန်းများမှ လွဲချော်လျက်ရှိကြပြီး Branding Image အရသော်လည်းကောင်း ၊ Search Engine Ranking အရသော်လည်းကောင်း ရသင့်တဲ့ Scoring များ ဆုံးရှုံးလျက်ရှိပါတယ်။

Source; Myanmar Host

 

Read times
Rate this item
(1 Vote)