-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်အမှတ်တံဆိပ်များကိုဗစ်ဖြစ်ပွားချိန်အတွင်းဘာကြောင့်ကြော်ငြာနေပါသလဲ

လက်တွေ့ကျကျ ပြောမယ်ဆိုရင် ကိုရိုနာရောဂါဖြစ်ပွားခြင်းဟာ ကမ္ဘာ့ကြော်ငြာ ရေးရာနယ်ပယ်ကို အဓိကခြောက်လန့်လျက်ရှိပြီး အထူးသဖြင့် နေအိမ်ပြင်ပ ကြော်ငြာ ခြင်းကို များစွာ ထိခိုက်စေပါတယ်။

 

နေအိမ်ပြင်ပကြော်ငြာ ရေးရာသမားတွေ အဓိကတွေ့နေရတာတွေက တကယ်တန်းနေအိမ်ပြင်ပကြော်ငြာ ခြင်းက ရှေးယခင်ထဲက ကြော်ငြာ နည်းတစ်မျိုးပါ အချုပ်အားဖြင့် ပြောရမယ်ဆို ယခင်ခေတ်က တော့ နံရံတွေမှာ ကြော်ငြာ တွေ ကပ်တယ်ပေါ့နော် ဒုတိယကမ္ဘာစစ်ဖြစ်စဉ်ကတည်းက စစ်သာ ဖြစ်နေတာ ဥပမာ ဒေါက်တာ ပက်ပါတို့လို ဆိုင်တွေဆို သူတို့ ကြော်ငြာ ဆိုင်းဘုတ်တွေ ဖြုတ်ကို မဖြုတ်ပေကိုး။

 

ဘာကြောင့် ဆို တချို့ Brand တွေက ကြော်ငြာ ပြီးသားကို ထိုနည်းတူစွာ ယနေ့ခေတ်မှာလည်း တချို့ Brand တွေ အနေနဲ့ ကြော်ငြာပြီးသားနေရာကို နေရာကိုအခွန်ဆောင်ပြီးသားဖြစ်နေလေတော့ ၎င်းတို့ အနေနဲ့ ထားလိုက်ရတော့တာ ပေါ့တစ်ချို့ ကြတော့ လည်း ပိုကောင်းတဲ့ အခြေ အနေလေးဘယ်အချိန်မှာ ရလာမလဲ ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကြော်ငြာ တွေကို မသိမ်းကျတာပဲ။

 

ထိုမျှော်လင့်ချက်ကို အထောက်အကူပြုတဲ့ ကြော်ငြာ ရေးနည်းလမ်းက ယနေ့ခေတ်မှာ ရှိလာတယ်ပြောရမယ် ဒါကတော့ ဒီဂျစ်တယ်နဲ့ ကြော်ငြာ ခြင်းပေါ့ ဒီဂျစ်တယ် မှာ ကျတော့ အမြဲ စားသုံးသူတွေနဲ့ ထိတွေမှု့ ရှိနေမယ် လောလောလတ်လတ် ဆို ကိုရိုနာ ရောဂါ ကာလ မို့ Social Distancing နဲ့ Stay Home နဲ့ က လူတွေအနေနဲ့ ထိတွေ့နေတဲ့ စကားလုံးတွေဖြစ်တယ်။

 

ဒါ့ကြောင့် McDonald ဆိုရင် လောလော လက်လက် ရွှေရောင် M မှာ အခုံးနှစ်ခုံးကို ခွဲထားတာ မြင်ကြမှာပါ ထို့အတူ Tiger ဘီယာ ဆိုရင်လဲ ယခင် Logo ရဲ့ Background မှ နေပုံနဲ့ အုန်းပင်ပုံနေရာ မှာ Stay Home ဆိုကာ အိမ်ပုံထည့်ထားပါတယ်။

 

အခုအချိန်မှာ တော့ သင်ရယ်မှ မဟုတ် စီးပွားရေး သမားတိုင်းခက်ခဲ နေတာပဲ ဒီတော့ အကုန်လုံး အွန်လိုင်းဘက်ကို ပြောင်းကို ပြောင်းလဲရလိမ့်မယ် တဖြည်းဖြည်းနဲ့ မိမိ လုပ်ခဲ့ရတာတွေနဲ့ မတူပဲ Trend ပြောင်းပြစ်ပြီးလုပ်ဆောင်မှသာလျှင်အဆင်ပြေမယ် နဂိုတိုင်းသွားနေလို့ မရဘူး ကိုယ်ရဲ့ စီးပွားရေး ရော မိမိ ကိုယ်တိုင်ရောနေရာ တိုင်းမှာ ရှင်သန် နေမှ ရမယ် ဒါက အတော်လေးပြောရခက်တဲ့ ကိစ္စ ပေမယ့် တကယ် လုပ်ကြည့်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

 

‌ကြော်ငြာ ကတော့ Brand ကို စားသုံးသူတွေ Remind ဖြစ်ဖို့ လုပ်ကို လုပ်နေရမှာ ပဲ တကယ်တန်းမှာ ယခု စားသုံးသူတွေနဲ့ ထိတွေ့တဲ့ Brand တွေက ကိုရိုနာ ရောဂါကိစ္စ တွေပြီးရင် လူတွေကြားထဲမှာ ပြန်လည် နေရာရလာမယ် ရတိပျက် အခုအချိန်မှာ ပျောက်ခြင်းမလှ ပျောက်နေမည့် Brand တွေက တော့ ယခု ကိစ္စ ရပ်တွေပြီးရင် ပြန်လည် ပြီး အတော်လေးရုံးကန်ရမှာပါ။

 

Myanmar Advertising Guide 

Read times
Rate this item
(0 votes)