-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာခြင်းရဲ့ အကျိုးကျေးဇူးများ

တိုက်ရိုက်သုံးစွဲသူ၊ စားသုံးများထံသို့ လုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အကြံဉာဏ်များ အလွယ်တကူ ရောက်ရှိသွားရန် အလွန်အရေးကြီးပါတယ်။ဒီအချိန်မှာ ကြော်ငြာခြင်း အခန်းကဏ္ဍမှာ လည်းအဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်လာပါပြီ။ ကြော်ငြာခြင်း ( Advertising ) ဆိုတာ စားသုံးသူ၊ကြည့်ရှူ့သူ၊ နားထောင်သူ များကို ဆွဲဆောင်စည်းရုံးပြီး မိမိလိုချင်တဲ့ဘက်ကို သွေးဆောင်နိုင်တဲ့ ဆက်သွယ်ရေးနည်းဗျူဟာ တစ်ခုဖြစ်ပါသည်။

 

အရည်အသွေးတူတဲ့ ကုန်ပစ္စည်းနှစ်ခု ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရောင်းချမယ်ဆိုရင်တောင် ကြော်ငြာထားတဲ့ brand တစ်ခုကိုလူသိပြီးသား ဖြစ်တဲ့အတွက် ဝယ်သူများကို ဘယ်ပစ္စည်းက ပိုမိုဆွဲဆောင်မှု ရှိစေမလဲ။Social media များတွင် မိမိကုန်ပစ္စည်းများ အကြောင်းကို videoများပြုလုပ်ခြင်း၊ သွယ်ဝိုက်သောနည်းလမ်းဖြင့် ဆောင်းပါး၊စာတိုများရေးသား ခြင်းဖြင့်လည်း Brand Awareness ရရှိအောင်ပြုလုပ်လာကြပါတယ်။

 

ဒါ့ပြင် မိမိကုန်ပစ္စည်းကို သုံးစွဲမယ့်ဝယ်သူများထံသို့ targetထားနိုင်ပြီးအထိရောက်ဆုံး ကြော်ငြာနိုင်မယ့် မီဒီယာရွေးချယ်တတ်ဖို့လည်းလိုပါတယ်။ယခုနောက်ပိုင်းတွင် digital marketing များခေတ်စားလာသည့်အတွက် onlineတွင်ကြော်ငြာခြင်းက လူငယ်နှင့်လူလတ်ပိုင်း ပရိတ်သတ်များကို ပိုမိုဆွဲဆောင်လာတာကိုလည်း တွေ့ရပါသည်။

 

လုပ်ငန်းရှင်များသည်လည်း မိမိတို့ကုန်ပစ္စည်းများအတွက် ကြော်ငြာစရိတ်များ ပိုမိုသုံးစွဲလာကြပါတယ်။‌ကြော်ငြာခြင်းဖြင့် ရနိုင်မယ့်အကျိုးကျေးဇူးတွေကတော့...

 

သင့်ကုန်ပစ္စည်းများ သုံးစွဲသူလက်ထဲသို့ အလျှင်အမြန်ရောက်ရှိသွားနိုင်ပြီး ဈေးကွက်ခိုင်မာမှု အလွယ်တကူရရှိနိုင်ခြင်း။

 

‌ရောင်းအားတက်လာပြီး ပြိုက်ဘက်ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိလာခြင်း။

 

သုံးစွဲသူcustomer များလာသောကြောင့် အရည်အသွေးကောင်းကြောင်းကို ပိုမိုသိရှိလာခြင်း။

 

အခြားဆက်စပ်ကုန်ပစ္စည်းများကို အလွယ်တကူ သိရှိလာနိုင်ခြင်း။

 

အလုပ်အကိုင်အခွင့်အလမ်း ပိုမိုများပြားလာခြင်း။ ဥပမာ-ကြော်ငြာအေဂျင်စီများ၊အခြားတွဲဖက်လုပ်ကိုင်ရတဲ့ အခန်းကဏ္ဍများ တို့ ဖြစ်ပါသည်။

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)