-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုရဲ့ ပုံရိပ် အရေးကြီးပုံ

အခုရွေးချယ်ရမှာက ကိုယ့်ကုန်ပစ္စည်းကို ဘယ်လိုမျိုးပွဲထုတ်ချင်လဲ ဆိုတဲ့ မေးခွန်းပါ။ ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ဆိုတာ ကိုယ်ရည်ကိုယ်သွေးပါပဲ။ ကုန်ပစ္စည်းတွေမှာလည်း လူတွေလို

ကိုယ်ရည်ကိုယ်သွေး ရှိပါတယ်။ ဒါက ဈေးကွက်ထဲမှာ နေရာရဖို့ (ဝါ) ပျောက်မသွားစေဖို့ပါ။

ကုန်ပစ္စည်းရဲ့ ကိုယ်ရည်ကိုယ်သွေးမှာ နာမည်၊ ထုတ်ပိုးပုံ၊ ဈေးနှုန်း၊ ကြောငြာတွေအပြင် အဲ့ဒါတွေထက် ပိုပြီးအရေးပါတာက ကုန်ပစ္စည်းရဲ့သဘာဝဖြစ်ပြီး ဒါတွေအားလုံးရဲ့ အချိုးကျပေါင်းစည်းမှုကနေ ကုန်ပစ္စည်းရဲ့ ကိုယ်ရည်ကိုယ်သွေး ဖြစ်လာစေပါတယ်။

ကြောငြာတိုင်းက ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို အသေချာပြနိုင်ဖို့ စဉ်းစားသင့်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ် ကြော်ငြာမှာ ဒီတစ်ပုံတည်းကိုပဲ လူတွေမှတ်မိလာတဲ့အထိ သုံးဖို့ ဖြစ်လာစေပါတယ်။ လုပ်နိုင်ဖို့တော့ မလွယ်ဘူး။ ကြော်ငြာမှာ အမြဲတမ်း အသစ်အသစ်ကိုပဲ ပြောင်းပြီးသုံးစေချင်ကြပါတယ်။

အေဂျင်စီအသစ်က ဖြစ်ဖြစ်၊ အေဂျင်စီဒါရိုက်တာ အသစ်ကဖြစ်ဖြစ် သူလုပ်ထားတာလေး ကျန်ခဲ့စေချင်တော့ အပြောင်းအလဲတွေ လုပ်ချင်ကြတယ်။ ဒါက ကုန်ပစ္စည်းအများစုကို ပုံရိပ်ကောင်းတစ်ခု ဖြစ်လာစေဖို့ တွန်းအားဖြစ်စေပါတယ်။ ပထမတန်း လက်မှတ်တစ်ခုလိုပေါ့။

ကုန်ပစ္စည်းအတွက် အထူးအရေးပါမှုတစ်ခုဖြစ်ပြီး အမှတ်တံဆိပ်အမည်က မိတ်ဆွေတွေ ကြားထဲမှာ ခွဲခြားမြင်သာစေပါတယ်။ ဘီယာလို၊ စီးကရက်လို၊ ကားတွေရဲ့ အမှတ်တံဆိပ်တွေလိုမျိုး ဖြစ်ပါတယ်။ ခင်ဗျားဆင်ယင်တဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ခင်ဗျားရဲ့ ကြော်ငြာက သိပ်ဈေးပေါသလို၊ စုတ်ချာနေရင်၊ အဲ့ဒါက ကုန်ပစ္စည်းကို ဒုက္ခပေးပြီပဲ။ ညံဖျင်းတဲ့ ကုန်ပစ္စည်းကို ဘယ်သူက သုံးချင်မှာလဲ။

ဝီစကီဖက်လှည့်ရအောင်။ လူတစ်ချို့ Grand Dad (ဝါ) Taylor သောက်နေချိန်မှာ အချို့က Jack Daniel`s ကို ဘာကြောင့်ရွေးချယ်ကြတာလဲ။ သူတို့က ၃ မျိုးလုံး သောက်ပြီး နှိုင်းယှဉ်ထားကြတာလား။ ရယ်စရာမမှတ်ပါနဲ့။ တံဆိပ်သုံးမျိုးလုံးက မတူညီတဲ့ လူတွေအတွက် ကွဲပြားတဲ့ တန်ဖိုးတွေ ရှိနေပါတယ်။ ဒါက ဝီစကီကို ရွေးချယ်တာမဟုတ်ပဲ ကုန်ပစ္စည်းရဲ့ ပုံရိပ်ကို ရွေးချယ်တာဖြစ်ပါတယ်။ အရက်ကုမ္ပဏီတွေ ကုန်ပစ္စည်း ရောင်းရစေတဲ့ တကယ့်အချက်အလက်တွေထဲမှာ ၉၀ ရာခိုင်နှုန်းလောက်က ကုန်ပစ္စည်းရဲ့ ပုံရိပ်ဖြစ်နေပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ် စိတ်ပညာဌာနက သုတေသနသမားတွေက ကျောင်းသားတွေကို ရေသန့်တွေပေးပြီး အရသာ မြည်းစေပါတယ်။ ရေသန့်တွေမှန်း ကြိုပြောထားပြီး အရသာကို မေးပါတယ်။ အများစုကတော့ ဘာအရသာမှ မရှိဘူးလို့ ပြောကြပါတယ်။

တစ်ချို့ကိုကျတော့ ရေပိုက်ခေါင်းက ထွက်လာတဲ့ ရေသန့်တွေလို့ ပြောထားပါတယ်။ အဖြေကို သိထားပြီးသူ အများစုက အရသာ အော်ဂလီဆန်တယ် ပြောကြတယ်။ ရေပိုက်ကလာတဲ့ရေမှာ ကလိုရင်းတွေ ပါနေတယ်ဆိုတဲ့ပုံရိပ်ဟာ သိသာ ထင်ရှားခဲ့ပြီးလို့ဖြစ်ပါတယ်။

လူအချို့ကို Old Crow အရက်အရသာ မြည်းစေပါတယ်။ Old Crow အရက်မှန်း ကြိုပြောပြထားပါတယ်။ ပြီးတဲ့အခါ နောက်ထပ် Old Crow ကိုပဲ ထပ်ပြီးမြည်းစမ်း ကြည့်စေပါတယ်။ ဒါပေမယ့် Jack Daniel`s အရက်လို့ ညာပြောထားပါတယ်။ အဲ့ဒီ့အရသာနှစ်ခု ကွာခြားချက်ကို မေးတဲ့အခါမှာ အတော်လေး ခြားနားကြောင်း ဖြေကြပါတယ်။ သူတို့က ပုံရိပ်ကိုပဲ မြည်းစမ်းနေတာ ဖြစ်ပါတယ်။

ကျွန်တော်က Jack Daniel`s နဲ့ပါတ်သက်ပြီး စိတ်ထဲ အမြဲစနိုးစနောင့် ဖြစ်ခဲ့ပါတယ်။ တံဆိပ်နဲ့ကြော်ငြာပုံက ရိုးစင်းမှုကို ဖော်ပြနေတယ်။ မြင့်မားတဲ့ဈေးကြောင့် Jack Daniel`s က အကောင်းစားပဲလို့ ယူဆမိစေတယ်။

အရက်ကြော်ငြာဘယ်တစ်ခုမဆို ဖန်တီးရတာ သိပ်ပြီး သိမ်မွေ့တဲ့ အနုပညာပါပဲ။ စားသုံးသူများရဲ့ ဝီစကီတံဆိပ် ရွေးချယ်ခြင်းအပေါ် ချက်နဲ့လက်နဲ့ ဆင်ခြေပေးဖို့ တစ်ခါက ကြိုးစားကြည့်ခဲ့ဖူးတယ်။ မရခဲ့ဘူး။ ကိုလာဘယ်ရီသီးမှာပါတဲ့ ဓါတ်ပစ္စည်းထက် Coke ဗူးတွေမှာ ၅၀% ပိုပါတယ်ဆိုတဲ့ ကြော်ငြာကို ခင်ဗျား ခေါင်းထဲရောက်မှာလည်း မဟုတ်ပါဘူး။

တွန်းရောင်းတဲ့ကိစ္စက ကုန်ပစ္စည်းပုံရိပ်ရဲ့အရေးပါမှုကို ထပ်ပြီး မေးခွန်းထုတ်ပါတယ်။ မာဘိုရိုက လူမသိသူမသိ အခြေအနေကနေ ကမ္ဘာ့ရောင်းအား အကောင်းဆုံး စီးကရက်ဖြစ်လာအောင် ဘယ်လိုကြိုးစားခဲ့ရလဲ မေးကြည့်ပါ။ Leo Burnett ရဲ့ ကောင်းဘွိုင်ကမ်ပိန်းဟာ စတင်ခဲ့တာ ၂၅ နှစ်ရှိခဲ့ပြီး၊ ခုထိရှိနေတုန်းပါ။ ကမ္ဘာအနှံက ဆေးလိပ်သမားတွေအတွက် ကုန်အမှတ်တံဆိပ်ရဲ့ ပုံရိပ်တစ်ခု ဖြစ်စေခဲ့ပါပြီ။

[ဆက်လက်ဖတ်ရှုပါရန်]

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory

Read More … သင် အခုသုံးနေတဲ့ Marketing နည်းလမ်းက Traditional လား၊ Digital လား...?

Read times
Rate this item
(1 Vote)