-->


Logo တစ်ခုက သင့်လုပ်ငန်းအတွက် ဘယ်လောက်အရေးကြီးပါသလဲ

စီးပွားရေး လုပ်တဲ့ သူတိုင်း လုပ်ငန်းအမှတ်တံဆိပ်ကို ကြီးနိုင်သမျှ ကြီးအောင်လုပ်ပါ ဆိုတဲ့ ဒီစကားလုံးကို ကြားဖူကြမှာပါ ကြော်ငြာ တိုင်းလိုလို မှာ ၎င်းတို့ အမှတ်တံဆိပ်ရဲ့ Logo အမှတ်တံဆိပ်များ ကို ထည့်သွင်းထားကြပါတယ်။

ယေဘုယျ အားဖြင့်ပြောရရင် တီဗီကြော်ငြာ တိုင်း လိုလို မှာ နောက်ဆုံး ၃ စက္ကန့်ကို ၎င်းတို့ လုပ်ငန်းအမှတ်တံဆိပ်ကို ထည့်သွင်းဖော်ပြကြတာတွေ့ရပါတယ် ဒါက ကမ္ဘာ့ ကြော်ငြာ ပိုင်းဆိုင်ရာ အဖွဲ့အစည်းမှ သတ်မှတ်ထားတဲ့ စံနှုန်းထားတစ်ခုပါ။

 

ဖောက်သည်တွေ က သင့်ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကို ချစ်ကြတယ် နှစ်သက်ကြတယ် တကယ်တော့ သင့်ပရိသတ်က သင့် Brand ကို နှစ်သက်ကြတာ ဒါကြောင့် သင့် လုပ်ငန်းအမှတ်တံဆိပ်လေးကို ကြော်ငြာ Logo ပိုင်းဆိုင်ရာ တီထွင်ဖန်တီးတဲ့ ဒါရိုက်တာ နဲ့ လှပပြီး သူမတူ အောင်လုပ်ထားသင့်တာပေါ့။

 

တကယ်တမ်းက Logo ကြီးအောင်လုပ်ဖို့ ဆိုတာ ခပ်ကြီးကြီး Logo ကို ဆွဲနေစရာ မလိုပါဘူး အရမ်းကြီး size ကြီးနေမှ သင့် Logo ကိုလူတွေသတိထားမိမှာ မဟုတ်ပါဘူး သင့် Product က လုံးဝကောင်းနေရင် သူ့တို့ ရင်ထဲ စွဲနေပါလိမ့်မယ်။ မှတ်သားလိုက်နာအပ်သော စကား ဖြစ်ပါတယ်။

 

ဥပမာ အားဖြင့် Starbucks ရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကို ကြည့်ပါ အရမ်းလည်း မရှုပ်သလို အရမ်းလည်း မရိုးရှင်းနေဘူးတကယ်တန်းမှာ သူ့ တန်ဖိုးနဲ့ သူရှိနေတယ်လို ပြောရမယ်။သင့်ရဲ့ ဖောက်သည်တွေက သင့် ကို အမြဲ သင့် Logo နဲ့ အတူတူသာတွဲမြင်နေမှာပါ။

 

Logo တစ်သက်မှတ်တည်း ထားခြင်းကြောင့် သင့် လုပ်ငန်းကို မည်သို့ အကျိုးကျေးဇူးတွေရရှိမလဲ …

 

၁ အချက်ကတော့ First impressions ပေါ့ လူတွေက သင့်လုပ်ငန်းစု ကို အထင်ကြီးလေးစားမယ် လူမြင်သင့်တယ်စေမယ်လို့ မြင်တယ်။

 

၂ အချက်ကတော့ Draw new customers လူသစ်တွေကို အမာခံ ပရိသတ်အဖြစ် သင့် Logo နဲ့ စွဲဆောင်နိုင်တယ် အနည်းဆုံးတော့ သင့် Brand ကို မသိတဲ့ လူက Logo လေးမြင်သွားပြီးရင်တော့ စိတ်ထဲ ခိုးလိုးခုလုနဲ့ သိချင်လာမှာပဲလေ။

 

၃ အချက်ကတော့ Builds company personality လို့ ပြောလို့ ရမယ် ဒီ Logo လေးလှပစွာ တည်ရှိနေမှု့ ဆိုတာက သင့်လုပ်ငန်းအတွက် အရေးကြီး တဲ့ အရာတစ်ခုပင်ဖြစ်တယ်။

 

Logo ကို လုပ်ငန်း အကြီး အများ စု က စျေးကို အတော်လေး အကုန်ကျ ခံကျတယ်။ Logo ကို စျေးကြီး ပေးကျတယ် ဘာကြောင့်လဲဆို လိုဂို က လုပ်ငန်းတစ်ခုရဲ့ ပြပုဒ် မဏ္ဏိ ုင်တစ်ခုအဖြစ်တည်ရှိနေလို့ပါပဲ။

 

Myanmar Advertising Directory 

 

Shin Min 

Read times
Rate this item
(0 votes)