-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google ရဲ့ လိုဂို အသစ်များ ဆိုးရွားနေခြင်း

အခုလတ်တလောမှ Google မှ ''reimagination'' ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ G Suite နဲ့ Google Workspace တို့ကို သင်တို့ မြင်တွေ့နေကျ လိုဂို ပုံစံကနေ နောက်လိုဂိုတစ်ခုကို အစားထိုးပြောင်းလဲခဲ့ပါတယ်။အခုဆိုရင်တော့ ထိုသို့ပြောင်းလဲခြင်းများအပေါ် လူတွေအနေနဲ့ ပြောစရာ ဖြစ်လာပါပြီ ။

လုပ်ငန်းတွေက သူ့ရဲ့ လိုဂို ပြောင်းလဲခြင်းများအပေါ်အနက်အဓိပ္ပါယ်တွေအနေနဲ့ ပြောလေ့ရှိပါတယ် ဒီတော့ Google မှ ဘာကြောင့်အခုလိုပြောင်းလဲတယ်ဆိုတာကို ပြောပြမှာဖြစ်ပြီး ထိုသို့ ပြောင်းလဲခြင်းဟာ ဆိုရွားတယ် မတည်မြဲဘူးဆိုတာလဲ ပြောပြသွားမှာဖြစ်ပါတယ်။

 

အခုကိစ္စမှာ Google ရဲ့ ရည်ရွယ်ချက်က G- suite မှာ ပါဝင်နေတဲ့ အက်ပ်အမျိုးမျိုးရဲ့ အမြင်ဘာသာစကားကို ပေါင်းစည်းပေးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် Google လို ကုမ္ပဏီမျိုးမှာ မလိုအပ်ဘဲ ဝန်ထုပ် ထမ်းနေရလို့ မီးပုံပျံ အမြင့် ထပ်မတက်ဘဲ နိမ့်ဆင်းလာနေတာကို မလိုလားလို့ စွန့်ပစ်တဲ့ အက်ပ်တွေ၊ ဝန်ဆောင်မှုတွေ စတာတွေ ရှိနေတယ်။

 

အခုဆိုရင် Google မှ အတွဲလိုက်ကြီး လိုဂိုပြောင်းချလိုက်တာဖြစ်ပြီး ဒါဟာ Google လို လုပ်ငန်းစုကြီး အတွက် ဆိုးရွားတဲ့ ပြောင်းလဲ မှုတစ်ခုပဲဖြစ်ပါတယ်။

 

နှစ်အတန်ကကြာ ကာလအတွင်းမှာ Google ရဲ့ လိုဂိုတွေ များပြားနေတာကြောင့် အသစ်တစ်ခု ထပ်တိုးလာတာကို ကျွန်တော်တို့ အရေးလုပ်မိဖို့ ခဲယဉ်းနေတယ်။ လုပ်ငန်းတိုင်းမှာ သူ့နည်းလမ်းနဲ့ သူရှိပါတယ်။ အရမ်းကောင်းတဲ့ လိုဂိုတွေ လုပ်လာရာကနေ ချက်ချင်း အဓိပ္ပာယ် မရှိတဲ့ လိုဂို တစ်ခုကို ကောက်လုပ်ချလိုက်တာက သူတို့ လုပ်ငန်းနဲ့ သူတို့ Product ပေါ်လူတွေ ဘယ်လောက်စိတ်ဝင်စားတယ် အလေးထားတယ်ဆိုတာကို သူတို့ လိုချင်လို့ ဒီလိုလုပ်ရပ်မျိုးလုပ်ယူတာပါ။

 

ဒီလို မလှမပ လိုဂိုကြီးတွေ လုပ်လိုက်ခြင်းကြောင့်လူတွေ က စိတ်ပျက်မယ် ထ ပြောကြမယ် ဒီတော့ ၎င်း Product ငြိမ်သက်နေရာမှ လူတွေ ပါးစပ်ဖျား ပြန်ရေပန်းစားလာမယ် ဒါဟာ သူတို့ Google ရဲ့ Brand ကို ပြန် လူအများ အာရုံစိုက်မှု ပြန်ယူတဲ့ မားကတ်တင်းတစ်မျိုးပါပဲ။

 

ဒါဆိုရင် ကျွန်တော်ရဲ့တစ်ဖက်သက် အမြင်ဆန်သွားပါလိမ့်မယ် သို့ပေမယ့် လိုဂို တစ်ခု မှားယွင်းနေကြောင်းကို အချက်ကျကျ ပြောပြပေးသွားပါမယ် ယေဘုယျ အားဖြင့်ကြည့်သော် Google လိုဂို အသစ်မှာ ကာလာ ၊ ပုံပန်း အသွင်အပြင် ၊ ကိုယ်စားပြုဖော်ပြမှု များမှားယွင်းနေပါတယ်။

 

အရောင် --------- ပထမ အရင် Google ရဲ့ Logo တွေအရဆိုရင် ကိုယ်စားပြုအရောင်တွေ ထည့်ပါတယ်။ ဂျီမေးလ်ဆိုရင် စာအိတ် အနီရောင်ဆိုပြီး မှတ်မိနေကြတာ တစ်ဆယ်နှစ် ကျော်ခဲ့ပြီ။ ပြက္ခဒိန်ဆိုရင် အပြာရောင်ဆိုပြီး မှတ်မိနေတယ်။ အခုဆိုရင်တော့ ကိုယ်စားပြုအရောင်တွေပါတွေ ဂရုမထားတော့တာတွေ့ရမှာ ဖြစ်ပါတယ်။ လိုဂိုအသစ်တွေမှာ ပင်ကိုအရောင်ဆိုတာ တကယ်ကို မရှိတော့ဘူး။ ရှိနေတာက အရောင်အားလုံး ဖြစ်ပါတယ်။ အမှတ်တမဲ့ မြင်လိုက်ချိန်မှာ ဘယ်ဟာရဲ့ လိုဂိုလဲဆိုတာ ရုတ်တရက်ချက်ချင်း မသိနိုင်တော့ဘူး။ ရောထွေးနေစေတယ်။ အထူးသဖြင့် ဖုန်းစခရင်မှာ အရွယ်အစား သေးသေးဖြင့် မြင်ရတဲ့အခါ ပိုဆိုးတယ်။ နောက်ခံ အဖြူရောင်မှာ ပေါ်လွင်မှု မရှိဘူး။ ပုံပန်းအသွင်အပြင်

---------------------

အရင်လိုဂိုတွေတုန်းက မျက်နှာပြည့် အပိတ်တွေ ဖြစ်လို့ နောက်ခံအရောင်က လိုဂိုထဲ ဖောက်မြင်နေတာမျိုး မရှိခဲ့ဘူး။ အခုတော့ လိုဂိုတွေမှာ အပေါက်ပါနေလို့ နောက်ခံအရောင်ကို လိုဂိုထဲမှာ ဝင်ပါနေစေတယ်။ လိုဂို အသားထည်ကို မမြင်စေဘဲ အပေါက်ထဲမှ နောက်ခံအရောင်ကို မြင်မိစေတယ်။ ကိုယ်စားပြုဖော်ပြမှု

-----------------------

အရင် Gmail ရဲ့ လိုဂိုမှာဆိုရင် သူ့ Brand ကိုဖော်ပြနေပြီး ထို Logo ကို မြင်တာနဲ့ Gmail ကိုတန်းသိဖွယ် စာအိတ်ပုံလေးကို ထင်းသားမြင်ရဖွယ် ပြုလုပ်ထားတာပါ ဒါဟာတကယ်ပဲ စာပို့တဲ့ လုပ်ငန်းဆိုတာပေါ်လွင်ပါတယ် ။ အခုကတော့ စာအိတ်ပုံကို မပါတော့တာပါ လိုဂိုကို မြင်မြင်ချင်းမှာ စာပို့လုပ်ငန်းလို့ဘယ်ထင်ပါ့မလဲ။ M ဆိုတာ Mail ပါလို့ M ကို မြင်လိုက်တာနဲ့ တန်းပြီး သိနိုင်ကြမှာလား။ M ဆိုတာက Google ရဲ့ Meet လို့ အကြောင်းမသိတဲ့သူတွေ တွေးဆမိစရာပါပဲ။

 

 

Ref : Tech crunch

အခုလတ်တလောမှ Google မှ ''reimagination'' ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ G Suite နဲ့ Google Workspace တို့ကို သင်တို့ မြင်တွေ့နေကျ လိုဂို ပုံစံကနေ နောက်လိုဂိုတစ်ခုကို အစားထိုးပြောင်းလဲခဲ့ပါတယ်။အခုဆိုရင်တော့ ထိုသို့ပြောင်းလဲခြင်းများအပေါ် လူတွေအနေနဲ့ ပြောစရာ ဖြစ်လာပါပြီ ။ လုပ်ငန်းတွေက သူ့ရဲ့ လိုဂို ပြောင်းလဲခြင်းများအပေါ်အနက်အဓိပ္ပါယ်တွေအနေနဲ့ ပြောလေ့ရှိပါတယ် ဒီတော့ Google မှ ဘာကြောင့်အခုလိုပြောင်းလဲတယ်ဆိုတာကို ပြောပြမှာဖြစ်ပြီး ထိုသို့ ပြောင်းလဲခြင်းဟာ ဆိုရွားတယ် မတည်မြဲဘူးဆိုတာလဲ ပြောပြသွားမှာဖြစ်ပါတယ်။ အခုကိစ္စမှာ Google ရဲ့ ရည်ရွယ်ချက်က G- suite မှာ ပါဝင်နေတဲ့ အက်ပ်အမျိုးမျိုးရဲ့ အမြင်ဘာသာစကားကို ပေါင်းစည်းပေးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် Google လို ကုမ္ပဏီမျိုးမှာ မလိုအပ်ဘဲ ဝန်ထုပ် ထမ်းနေရလို့ မီးပုံပျံ အမြင့် ထပ်မတက်ဘဲ နိမ့်ဆင်းလာနေတာကို မလိုလားလို့ စွန့်ပစ်တဲ့ အက်ပ်တွေ၊ ဝန်ဆောင်မှုတွေ စတာတွေ ရှိနေတယ်။ အခုဆိုရင် Google မှ အတွဲလိုက်ကြီး လိုဂိုပြောင်းချလိုက်တာဖြစ်ပြီး ဒါဟာ Google လို လုပ်ငန်းစုကြီး အတွက် ဆိုးရွားတဲ့ ပြောင်းလဲ မှုတစ်ခုပဲဖြစ်ပါတယ်။ နှစ်အတန်ကကြာ ကာလအတွင်းမှာ Google ရဲ့ လိုဂိုတွေ များပြားနေတာကြောင့် အသစ်တစ်ခု ထပ်တိုးလာတာကို ကျွန်တော်တို့ အရေးလုပ်မိဖို့ ခဲယဉ်းနေတယ်။ လုပ်ငန်းတိုင်းမှာ သူ့နည်းလမ်းနဲ့ သူရှိပါတယ်။ အရမ်းကောင်းတဲ့ လိုဂိုတွေ လုပ်လာရာကနေ ချက်ချင်း အဓိပ္ပာယ် မရှိတဲ့ လိုဂို တစ်ခုကို ကောက်လုပ်ချလိုက်တာက သူတို့ လုပ်ငန်းနဲ့ သူတို့ Product ပေါ်လူတွေ ဘယ်လောက်စိတ်ဝင်စားတယ် အလေးထားတယ်ဆိုတာကို သူတို့ လိုချင်လို့ ဒီလိုလုပ်ရပ်မျိုးလုပ်ယူတာပါ။ ဒီလို မလှမပ လိုဂိုကြီးတွေ လုပ်လိုက်ခြင်းကြောင့်လူတွေ က စိတ်ပျက်မယ် ထ ပြောကြမယ် ဒီတော့ ၎င်း Product ငြိမ်သက်နေရာမှ လူတွေ ပါးစပ်ဖျား ပြန်ရေပန်းစားလာမယ် ဒါဟာ သူတို့ Google ရဲ့ Brand ကို ပြန် လူအများ အာရုံစိုက်မှု ပြန်ယူတဲ့ မားကတ်တင်းတစ်မျိုးပါပဲ။ ဒါဆိုရင် ကျွန်တော်ရဲ့တစ်ဖက်သက် အမြင်ဆန်သွားပါလိမ့်မယ် သို့ပေမယ့် လိုဂို တစ်ခု မှားယွင်းနေကြောင်းကို အချက်ကျကျ ပြောပြပေးသွားပါမယ် ယေဘုယျ အားဖြင့်ကြည့်သော် Google လိုဂို အသစ်မှာ ကာလာ ၊ ပုံပန်း အသွင်အပြင် ၊ ကိုယ်စားပြုဖော်ပြမှု များမှားယွင်းနေပါတယ်။ အရောင် ပထမ အရင် Google ရဲ့ Logo တွေအရဆိုရင် ကိုယ်စားပြုအရောင်တွေ ထည့်ပါတယ်။ ဂျီမေးလ်ဆိုရင် စာအိတ် အနီရောင်ဆိုပြီး မှတ်မိနေကြတာ တစ်ဆယ်နှစ် ကျော်ခဲ့ပြီ။ ပြက္ခဒိန်ဆိုရင် အပြာရောင်ဆိုပြီး မှတ်မိနေတယ်။ အခုဆိုရင်တော့ ကိုယ်စားပြုအရောင်တွေပါတွေ ဂရုမထားတော့တာတွေ့ရမှာ ဖြစ်ပါတယ်။ လိုဂိုအသစ်တွေမှာ ပင်ကိုအရောင်ဆိုတာ တကယ်ကို မရှိတော့ဘူး။ ရှိနေတာက အရောင်အားလုံး ဖြစ်ပါတယ်။ အမှတ်တမဲ့ မြင်လိုက်ချိန်မှာ ဘယ်ဟာရဲ့ လိုဂိုလဲဆိုတာ ရုတ်တရက်ချက်ချင်း မသိနိုင်တော့ဘူး။ ရောထွေးနေစေတယ်။ အထူးသဖြင့် ဖုန်းစခရင်မှာ အရွယ်အစား သေးသေးဖြင့် မြင်ရတဲ့အခါ ပိုဆိုးတယ်။ နောက်ခံ အဖြူရောင်မှာ ပေါ်လွင်မှု မရှိဘူး။ ပုံပန်းအသွင်အပြင် . အရင်လိုဂိုတွေတုန်းက မျက်နှာပြည့် အပိတ်တွေ ဖြစ်လို့ နောက်ခံအရောင်က လိုဂိုထဲ ဖောက်မြင်နေတာမျိုး မရှိခဲ့ဘူး။ အခုတော့ လိုဂိုတွေမှာ အပေါက်ပါနေလို့ နောက်ခံအရောင်ကို လိုဂိုထဲမှာ ဝင်ပါနေစေတယ်။ လိုဂို အသားထည်ကို မမြင်စေဘဲ အပေါက်ထဲမှ နောက်ခံအရောင်ကို မြင်မိစေတယ်။ ကိုယ်စားပြုဖော်ပြမှု အရင် Gmail ရဲ့ လိုဂိုမှာဆိုရင် သူ့ Brand ကိုဖော်ပြနေပြီး ထို Logo ကို မြင်တာနဲ့ Gmail ကိုတန်းသိဖွယ် စာအိတ်ပုံလေးကို ထင်းသားမြင်ရဖွယ် ပြုလုပ်ထားတာပါ ဒါဟာတကယ်ပဲ စာပို့တဲ့ လုပ်ငန်းဆိုတာပေါ်လွင်ပါတယ် ။ အခုကတော့ စာအိတ်ပုံကို မပါတော့တာပါ လိုဂိုကို မြင်မြင်ချင်းမှာ စာပို့လုပ်ငန်းလို့ဘယ်ထင်ပါ့မလဲ။ M ဆိုတာ Mail ပါလို့ M ကို မြင်လိုက်တာနဲ့ တန်းပြီး သိနိုင်ကြမှာလား။ M ဆိုတာက Google ရဲ့ Meet လို့ အကြောင်းမသိတဲ့သူတွေ တွေးဆမိစရာပါပဲ။
Read times
Rate this item
(0 votes)