-->
×

Warning

JUser: :_load: Unable to load user with ID: 29


Print ကြော်ငြာလောက တစ်ခေတ်ဆန်းစေချင်

အေဂျင်စီကလူတွေ သတင်းစာတို့၊ မဂ္ဂဇင်းတို့ထက်စာရင် ရုပ်မြင်သံကြား ကြော်ငြာတွေကို ပိုပြီး စိတ်ဝင်တစား လုပ်တတ်ကြတယ်။ ကိုယ့်ထက်မြက်မှုကို

ဘောင်ဝင်အောင် သုံးနိုင်ခဲ့ရင် ရိုက်ကူးရေးသမားတွက ကောင်းအောင် ရိုက်ပေးပါလိမ့်မယ်။ သူတို့က ဆောင်းရာသီဆိုရင် လှပတဲ့အပန်းဖြေစခန်းတွေဖက် ရိုက်ကူးရေးသွားရတာ ကြိုက်တယ်။ Print Production ဖက်က လုပ်ဖော်ကိုင်ဖက်တွေ ရုံးမှာ အေးစက် အထီးကျန်ကမ္ဘာထဲ ပိတ်မိနေချိန်မှာ သူတို့က အလုပ်တဖက်ပြပြီး ခရီးထွက်နေမယ်။

နောက်နေ့မှာပဲ Client ဖြစ်တဲ့ အစားအသောက်ကုမ္ပဏီက အမူဆောင်အရာရှိရဲ့ ပေါက်ကွဲသံကို ကြားရပါတော့တယ်။ “ ရုပ်မြင်သံကြားက တအားပေါက်လာတော့ အစားအသောက် Print Ad ကောင်းတွေရဲ့ တဝက်လောက်ပဲကောင်းအောင်လုပ်နိုင်တဲ့ ရုပ်သံကြော်ငြာသမား ခင်ဗျားအေဂျင်စီအတွက် ရှာဖို့လိုနေပြီ။ အခုဟာက လုပ်တော့လုပ်နေကြတာပဲ၊ ကိုယ်ဘာလုပ်နေမှန်းလည်း မသိကြဘူး။

အဓိက စိတ်ပျက်စရာကောင်းတာက အမျိုးသမီးပရိတ်သတ်အကြိုက် လုပ်နေကျ ဖော်ဖြူလာနဲ့ရိုက်တယ်။ ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျက ဘယ်နေမှန်းမသိဘူး။ အဲ့ဒီ့ပုံစံခွက်သိနေရင်၊ အငယ်တန်း Brand မန်နေဂျာတစ်ယောက်တောင် ခက်ပါတယ်ဆိုတဲ့ အစားအသောက် ကြော်ငြာရိုက်လို့ ရတယ်။ တကယ်ကောင်းတဲ့ ကြော်ငြာတစ်ခု ပေါ်လာကြည့်။ ခင်ဗျားတို့အဲ့ဒီ့ကြော်ငြာကို အိမ်ရှင်မတွေက ဆုတ်ဖြဲပြီး မီးဖိုချောင်က အံဆွဲထဲ ထည့်ပစ်လိုက်လိမ့်မယ်။ အဲ့ဒီ့အချိန်ကျမှ မအံ့သြကြနဲ့။

အေဂျင်စီတစ်ခုလုံးသိအောင် ပြောပြလိုက်ပါဗျာ။ သူတို့ကြည့်ရတာ အစားအသောက်ကြော်ငြာရဲ့ အခြေခံ အချက်တွေတောင် သိပုံမရဘူး။ အဲ့ဒီ ဖော်ဖြူလာကိုလည်းပြောလိုက်၊ သူတို့ရဲ့ပုံမလာတဲ့ ဖန်တီးမှုတွေရော။”

Print ကြော်ငြာနဲ့ ပတ်သက်ပြီး ကောင်းကောင်းသိတဲ့သူ မရှိတော့တာကလည်း တဖက်က ရုပ်မြင်သံကြားကြော်ငြာ ကောင်းကောင်းလုပ်နိုင်ဖို့ ခက်လာစေပါတယ်။ ကောင်းကောင်းလုပ်မပြနိုင်ကြတော့ စီးကရက်ထုတ်လုပ်သူတစ်ဦးနဲ့ အခြားသူတွေ Client က ရုပ်မြင်သံကြားကြော်ငြာဆိုရင် မရိုက်ပါဘူးလို့ ငြင်းကုန်တဲ့အထိ ပြဿနာက ကြီးလာစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးမယ့် Copywriter တွေနဲ့ Art Director တွေအတွက်တော့ ဒါက ရွှေရောင်အခွင့်အလမ်း ဖြစ်လာပါတယ်။

ဒီအခန်းမှာ Print ကြော်ငြာနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာတွေလေ့လာခဲ့လဲ ထပ်ပြီးပြောပါမယ်။ တခြားမှာ ပြောပြီးသားတွေတော့ ထပ်ပြောတော့ပါဘူး။ မတူညီတဲ့ခေါင်းစီးစာလုံးတွေ၊ ရုပ်ပုံတွေ၊ Layout တွေ၊ စာသားတွေသုံးပြီး ကြည့်ရှုသူတွေရဲ့ စိတ်ပါဝင်စားမှု ရပ်တန့်မသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်၊ တစ်နိုင်ငံကနေ တစ်နိုင်ငံပေါ့။

ကျွန်တော့်သတင်းအချက်အလက်တွေရဲ့ ရင်းမြစ်ကတော့ Gallup နဲ့ Robinson တို့ဆီက ရခဲ့တဲ့ စီစစ်တွေးခေါ်ခြင်းပဲ ဖြစ်ပါတယ်။ The Starch စာဖတ်သူဝန်ဆောင်မှု၊ တိုက်ရိုက်စားသုံးသူစစ်တမ်းတွေနဲ့ ကျွန်တော့်ကိုယ်ပိုင် တွေ့ရှိချက်တွေက ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Read More .. စီးပွားရေးနယ်ပယ်မှ ကြော်ငြာကဏ္ဍနဲ့ ဈေးကွက်ဖော်ဆောင်ခြင်း အကြောင်း

Read times
Rate this item
(1 Vote)