-->
×

Warning

JUser: :_load: Unable to load user with ID: 29


Coca-Cola နဲ့ Pepsi တို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းလျှော့ချရေး လုပ်ဆောင်မည်

နာမည်ကျော် Soft Drink ကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Coca-Cola နဲ့ Pepsi တို့က အကြီးအကဲတွေဟာ ကမ္ဘာ့စီးပွားရေး ဖိုရမ် အခမ်းအနားတစ်ခုကို အတူတကွ တက်ရောက်ပြီး ရှေ့ကာလမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း လျှော့ချရေး လုပ်ဆောင်ဖို့အတွက် ကတိပြုခဲ့ကြပါတယ်။

အခမ်းအနားကို ဇန်န၀ါရီလက ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Coca-Cola ရဲ့ စီအီးအို James Quincey၊ Pepsi ရဲ့ အမှုဆောင်အရာရှိချုပ် Ramon Laguarta တို့နဲ့အတူ  Dow Chemical ရဲ့ အကြီးအကဲ Jim Flitterling လည်း ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

" ခု ဒီစနစ်ထဲမှာ ပါဝင်လည်ပတ်နေတဲ့ ပလတ်စတစ်တွေကို ပမာဏ များများစားစား ကျွန်တော်တို့ လျှော့ချသွားလို့ ရနိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ အချိုရည်၊ မုန့်ထုတ်လုပ်မှု လုပ်ငန်းတွေမှာရော လုပ်လို့ရပါတယ် " ဆိုပြီး Pepsi CEO က ပြောသွားပါတယ်။

Coca-Cola က ဘယ်လိုကြော်ငြာတွေနဲ့ အောင်မြင်မှုကို ဆက်ထိန်းထားတာလဲ..?

လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတိုင်းလိုလိုဟာ ပလတ်တစ်စ အသုံးပြုမှု လျှော့ချ၊ ပိတ်ပင်ဖို့ ဖိအားတွေ တိုးမြှင့် ဖြစ်ပေါ်နေပါတယ်။ ဥရောပသမဂ္ဂ ဆိုရင်လည်း လာမယ့် ၂၀၂၁ မတိုင်ခင် တစ်ခါသုံး ပလတ်စတစ် အသုံးအဆောင်ပစ္စည်း တစ်ချို့ကို အသုံးပြုမှု ပိတ်ပင်သွားဖို့ ဆန္ဒရှိနေလျက် ရှိပါတယ်။

လူသားတွေ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပင်လယ်သမုဒ္ဒရာတွေကို ညစ်ညမ်း၊ ထိခိုက်စေတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို လာမယ့် ၂၀၃၀ ခုနှစ် မရောက်ခင် လျှော့ချနိုင်ဖို့အတွက် လုပ်ဆောင်ကြမယ်ဆိုပြီး အကြီးအမှူးတွေက ကတိပြုခဲ့ကြတာ ဖြစ်ပါတယ်။

 

Ref: Channel NewsAsia

Myanmar Advertising Directory

Read times
Rate this item
(1 Vote)