-->
×

Warning

JUser: :_load: Unable to load user with ID: 29


Matsushita (မတ်ဆုရှိတ) ဟာ Panasonic ကို ဘယ်လိုတည်ထောင်ခဲ့သလဲ?

Matsushita (မတ်ဆုရှိတ) ဟာ Panasonic ကို ဘယ်လိုတည်ထောင်ခဲ့သလဲ? Google

အီလက်ထရောနစ် ပစ္စည်းမျိုးစုံကို ထုတ်လုပ်ရောင်းချပေးနေတဲ့ Panasonic Company ဟာ မြန်မာနိုင်ငံတွင်သာမကပဲ တစ်ကမ္ဘာလုံးက သိကြတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် Panasonic Company ကိုတည်ထောင်ခဲ့တဲ့ တည်ထောင်သူ Matsushita (မတ်ဆုရှိတ) အကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။ မတ်ဆုရှိတဟာ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသော အီလက်ထရောနစ် Company ကြီးဖြစ်တဲ့ Panasonic ကို တည်ထောင်ခဲ့သူဖြစ်ပြီး သူ့ကို ဂျပန်လူမျိုးအများစုကတော့ စီမံခန့်ခွဲရေး ဘုရားသခင်လို့ ခေါ်ဆိုသတ်မှတ်ထားကြပါတယ်။ 

 

Matsushita ဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ၁၈၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့အဖေဟာ Wasa အမည်ရှိတဲ့ ကျေးရွာလေးမှာ ပိုက်ဆံရှိတဲ့ လယ်သမားတစ်ဦးဖြစ်ပါတယ်။ Matsushita မွေးဖွားပြီးသိပ်မကြာခင် အချိန်မှာပဲ သူ့အဖေဟာ ရင်းနှီးမြှပ်နှံမှု အချို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီရင်းနှီးမြှပ်နှံမှုမှာ Matsushita ရဲ့ အဖေဟာ အရှုံးပေါ်သွားခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်မှာတော့ သူတို့မိသားစုဟာ အဖိုးတန်ပစ္စည်းမှန်သမျှ ပြန်ရောင်းလိုက်ရတဲ့ အခြေအနေအထိရောက်အောင် စီးပွားရေး ပျက်ကပ်ဆိုက်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လက်ထဲမှာ ဘာမှမရှိတော့တဲ့ Matsushita တို့မိသားစုဟာ အခြားနယ်တစ်နယ်ကို ပြောင်းရွှေ့ဖို့ တွန်းအားပေးခံခဲ့ရပါတယ်။ သူတို့ပြောင်းရွှေ့ခဲ့တဲ့ နယ်ဟာလည်း ကျန်းမာရေးအခြေအနေ ဆိုးဝါးလှတဲ့ မြို့နယ်လေးဖြစ်ပြီး အစားအသောက်၊ အဝတ်အထည်၊ ဆေးဝါး ထောက်ပံ့မှု အရမ်းနည်းတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ Matsushita ဟာ အသက်ကိုးနှစ်အရွယ်မှာ သူ့ရဲ့ ပညာရေး အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ မွေးချင်း မောင်နှမ သုံးယောက်ဟာလည်း အဆိုပါမြို့လေးမှာ ကျရောက်တဲ့ ရောဂါကြောင့် သေဆုံးသွားခဲ့ကြပါတယ်။


အဲအချိန်မှာပဲ Matsushita ဟာ ကျောင်းကထွက်လိုက်ပြီး Osaka ပြည်နယ်မှာရှိတဲ့ Hibachi စတိုးဆိုင်မှာ အလုပ်သင်ဘဝနဲ့ အလုပ်စတင်လုပ်ကိုင်ခဲ့ပါတယ်။ တစ်နှစ်မပြည့်ခင်မှာပဲ Hibachi စတိုးဆိုင်ဟာ အရှုံးပြပြီး ပိတ်သိမ်းလိုက်ရပါတယ်။ ဒီတော့ Matsushita အတွက် နောက်အလုပ်တစ်ခုကို လုပ်ကိုင်ရမယ့် အခြေနေကိုရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Osaka Electric Light Company မှာ အလုပ်လျှောက်ခဲ့ပြီး အလုပ်ရခဲ့ပါတယ်။ နောက်နှစ်အနည်းကြာတဲ့အထိ Matsushita ဟာ Osaka Electirc Light Company မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ရာထူးတွေလည်း အကြိမ်ကြိမ်တိုးမြှင့်ခံခဲ့ရပါတယ်။ ဒိအချိန်မှာပဲ Matsushita ဟာ သူ့အစ်မရဲ့ သူငယ်ချင်းဖြစ်သူ Mumeno Lue နဲ့ မိတ်ဆက်ပေးခံခဲ့ရပြီး အဲ့ဒီနောက်မှာတော့ Matsushita ဟာ Mumeno Lue နဲ့ပဲ လက်ထပ်ခဲ့ပါတယ်။

Apple Logo ကဘာဖြစ်လို့ "ပန်းသီးတစ်ခြမ်းပဲ့" ဖြစ်နေရတာလဲ

အသက် ၂၂ နှစ်အရွယ်မှာတော့ Matsushita ဟာ Electrical Inspector ဆိုတဲ့ ရာထူးကို တိုးမြှင့်ခြင်းခံခဲ့ရပါတယ်။ ထိုအချိန်အတွင်းမှာတော့ သူဟာ သူ့ရဲ့အားလပ်ချိန်များမှာ ကြိုးစားလေ့လာခဲ့တဲ့ မီးပလပ်ခေါင်းပစ္စည်း အသစ်တစ်မျိုးအား သူ့ရဲ့ သူဌေးကို ပြောပြဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဌေးက သူ့ရဲ့ ကြိုးစားမှုကို စိတ်ဝင်စားမှု နည်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူဟာ Osaka Electric Light Company မှ အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင် Company လေးတစ်ခုကို 1917 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ငွေအရင်းအနှီးမရှိ၊ သာမန် ပညာအရည်အချင်းနဲ့ ထုတ်လုပ်မှု အတွေ့အကြုံတွေသာ ပိုင်ဆိုင်တဲ့ သူ့ရဲ့ Company ဟာ အရှုံးပြပါတော့တယ်။ ဒါကြောင့် Matsushita ဟာ သူ့ရဲ့ ဆင်းရဲသားရပ်ကွက် အတွင်းမှာရှိနေတဲ့ ဆိုင်ရဲ့ မြေအောက်ခန်းလေးထဲမှာ သူ့မိန်းမ၊ သူ့ယောက်ဖ နဲ့ မြောက်များစွာသော သူ့ရဲ့ လက်ထောက် အလုပ်သမားတို့နဲ့ နမူနာ ထုတ်ကုန်အသစ်များကို ဖန်တီးပြီး သူ့ရဲ့ ထုတ်ကုန်များကို လက်ကား အရောင်းဆိုင်များသို့ တင်သွင်းကာ ရောင်းချခဲ့ပေမယ့် သူ့ရဲ့ လုပ်ငန်းက မအောင်မြင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ထုတ်ကုန်အများကြီးကို လက်မခံပဲ တစ်ခု ချင်းစီကိုသာ လက်ခံလို့ဖြစ်ပါတယ်။

 

တစ်နေ့မှာတော့ သူ့ရဲ့ လက်ထောက် အလုပ်သမားတွေက Matsushita ရဲ့ မအောင်မြင်တဲ့ လုပ်ငန်းကို မလုပ်ကြတော့ပဲ သူနဲ့လမ်းခွဲလိုက်ပါတော့တယ်။ သူ့မှာ ဇနီးသည်နဲ့ သူ့ယောက်ဖ Toshio Lue သာ ရှိပါတော့တယ်။ ထိုအချိန်မှာ သူ့ယောက်ဖ ဖြစ်သူဟာ Matsushita ရဲ့ အရောင်းမန်နေဂျာ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆိုင်လေးဟာ ဒေဝါလီခံရတော့မယ် အချိန်ရောက်မှာပဲ သူ့အတွက် အခွင့်ရေး တစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အီလက်ထရောနစ် ပန်ကာအတွက် Insulator plates တစ်ထောင်ကို အော်ဒါ ရခဲ့ခြင်းပါပဲ။ ဒီလိုနဲ့ပဲ Matsushita ဟာ သူ့ရဲ့ မီးပလပ်ခေါင်းထုတ်လုပ်မှုအတွက် အသက်ဆက်ခွင့်ရသွားခဲ့ပြီး သူ့ရဲ့ ထုတ်ကုန်ဟာ လက်ကား အရောင်းဆိုင်တွေရဲ့ အော်ဒါအမြောက်အများ မှာယူခြင်းကိုခံခဲ့ရပါတယ်။ ဒါ့အပြင် သူရဲ့ မီးပလပ်ခေါင်းဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ အခြား မီးပလပ်ခေါင်းတွေထက် ဈေးသက်သာနေပြီး ဈေးကွက်အတွင်းမှာ လူသုံးအများဆုံး ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ ထုတ်ကုန်အတွက် ရိုးရှင်းတဲ့ နာမည်တစ်ခုကို ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ “National” ဖြစ်ပါတယ်။ နောက်များမှာတော့ ပိုပြီး မှတ်သားရလွယ်ကူတဲ့ Panasonic ဆိုတဲ့ နာမည်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။

 

Matsushita (မတ်ဆုရှိတ) ရဲ့ လူကြိုက်အများဆုံး ထုတ်ကုန်တစ်ခုကတော့ စက်ဘီးမှာ တပ်ဆင်ရတဲ့ စက်ဘီးမီးဖြစ်ပါတယ်။ ထိုအချိန် 1920 ခုနှစ်အတွင်းက စက်ဘီးတွေရဲ့ မီးဟာ ဖယောင်းတိုင်မီး နဲ့ ရေနံဆီ မီး စတဲ့ မီးတွေနဲ့သာ သွားလာရပါတယ်။ ပြီးတော့ စွမ်းအင် မလုံလောက်တဲ့ အဆိုပါမီးတွေဟာ သုံးနာရီသာ အထွန်းခံပါတယ်။ ဒီအချက်ကို အသုံးချနိုင်သွားတဲ့ Matsushita ဟာ လျှပ်စစ်မီးသီးနဲ့ အချိန်ကြာကြာ အထွန်းခံတဲ့ စက်ဘီးအတွက် မီးသီးကို တီထွင်ပြီး စက်ဘီအရောင်းဆိုင်တွေကို တင်သွင်းခဲ့ပါတယ်။ သူဟာ လက်ကား ရောင်းဆိုင်တွေကိုသာ ရည်ရွယ်ပြီးရောင်းချနေတာဖြစ်တဲ့အတွက် ဈေးကွက်ထိုးဖောက်အား နည်းနေခဲ့ပါတယ်။ ဒါကြောင့် Matsushita (မတ်ဆုရှိတ) ဟာ ထုတ်လုပ်မှုပိုင်းကို အာရုံစိုက်မှု လျှော့ချလိုက်ပြီး ဈေးကွက်ရှာဖွေမှုပိုင်းမှာ ပိုပြီး အာရုံစိုက်ခဲ့ပါတယ်။

 

သူ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်တယ်လို့ ပြောရမလားပဲ သူ့ရဲ့ Panasonic Company ဟာ အရောင်းရော ထုတ်လုပ်ရေးပိုင်းပါ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဒါ့အပြင် ဌာနခွဲ မြောက်မြားစွာကိုလည်း ဖွဲ့စည်းပြီး Compnay ကို ပုံစံအသစ်နဲ့ ပြန်လည်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Company ဟာ ကြီးမားသထက် ကြီးမားလာပြီး ဈေးကွက်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ထုတ်ကုန်အမြောက်အများကို လည်းထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်စစ ကြီးမားလာခဲ့တဲ့ Panasonic Company ဟာ လက်ရှိအချိန်အထိ ဈေးကွက်အတွင်းမှာ နေရာ တစ်နေရာ ရယူထားတဲ့ အီလက်ထရောက်နစ် အမှတ်တံဆိပ်တစ်ခု ဖြစ်နေပါတော့တယ်။

 

Source; TNonlineMKT

Myanmar Advertising Directory

Read times
Rate this item
(1 Vote)