-->


ကြော်ငြာအတတ်ပညာ၊ ကြော်ငြာအသိပညာ ဖွေရှာပါ

တစ်ခါတုန်းက ပဉ္စမမြောက် ဂျော့ခ်ျဘုရင်ရဲ့ ခွဲစိတ်ဆရာဝန် ဆာဟုခ်ျရစ်ဘီကို ကျွန်တော်မေးဖူးတယ်။ ကြီးမြတ်တဲ့ ခွဲစိတ်ဆရာဝန်ဖြစ်စေခဲ့တာ ဘာများပါလဲ။ 

သူကပြန်ဖြေတယ်။ ခွဲစိတ်ဆရာဝန် တွေကြားထဲ လက်မှုကျွမ်းကျင်ခြင်းမှာ ရွေးချယ်စရာ များများစားစား မရှိပါဘူး။ သူ့ကို ပိုကြီးမြတ်စေခဲ့တာကတော့ အခြားခွဲစိတ်ဆရာဝန်တွေထက်ပိုသိလို့ဖြစ်ပါတယ်။ ကြော်ငြာလုပ်ငန်းမှာလည်း အတူတူပါပဲ။ ဆရာကျသူတွေက ပိုသိပါတယ်။


သူလိုကိုယ်လို စာစီသမားတစ်ယောက်ကို ကြော်ငြာလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်စာအုပ် ဖတ်ခဲ့လည်းလို့ မေးဖူးတယ်။ သူက ဘယ်စာအုပ်မှ မဖတ်ခဲ့ဖူးဘူးလို့ ဖြေတယ်။ အတွေ့အကြုံအရ အလိုလိုသိရှိခြင်းကို ပိုအားသန်တယ်။


ဆိုကြပါစို့၊ ဒီညနေမှာ ခင်ဗျားရဲ့ သည်းခြေအိတ်ကို ခွဲထုတ်ရမယ်။ ခင်ဗျားအနေနဲ့ ခန္ဓာဗေဒကို စာအုပ်စာပေနဲ့ သေချာလေ့လာထားတဲ့၊ သည်းခြေအိတ် ဘယ်လိုခွဲစိတ်ရမယ်ဆိုတာသိရှိတဲ့၊ ဆရာဝန်ကို အပ်မလား၊ အလိုလိုသိပါတယ်ဆိုတဲ့ ဆရာဝန်ကိုအပ်မလား။ ဘာကြောင့်ကျွန်တော်တို့ အလုပ်အပ်နှံသူတွေက ခင်ဗျားရဲ့အလိုလိုသိနားလည်ခြင်းအပေါ် ဒေါ်လာသန်းပေါင်း များစွာကို အလောင်းအစားလုပ်ဖို့ မျှော်လင့်ထားရမလဲ။


အတတ်ပညာရဲ့ အခြေခံတွေကို လေ့လာဖို့ ငြင်းဆန်တဲ့ပြောရခက်မှုဟာ သိပ်တွေ့ရများ ပါတယ်။ ဗဟုသုတအတိုအစလေးနဲ့အဆင်ပြေနေတဲ့ တခြားဘယ်အလုပ်အကိုင်ကိုမှ ကျွန်တော် စဉ်းစားလို့မရဘူး။ သန်းနဲ့ချီတဲ့ဒေါ်လာတွေကို ရုပ်မြင်သံကြားကြော်ငြာ၊ အခြားကြော်ငြာတစ်ခု ဖန်တီးဖို့၊ စမ်းသပ်ဖို့အတွက်ကို သုံးပစ်ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း Plus and minus factors ကိုရှာဖွေပြီး ဒီကြော်ငြာတွေရဲ့ ရလာဒ်ကို စစ်ဆေးဖို့ ဘာမှဆက်မဖြစ်လာဘူး။ ကြော်ငြာလုပ်ငန်းသင်ရိုးညွှန်းတမ်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောဖို့မရှိပါဘူး။

 

လူများတိုင်း ပွဲမစည်တဲ့ ကြော်ငြာအေဂျင်စီလောက


J. Walter Thompson ကန်ထရိုက်လုပ်ငန်းမှာ ၄၅ နှစ်လောက် အမှုဆောင် လုပ်ခဲ့စဉ်က၊ ဆရာ Stanley Resor က ပြောဖူးတယ်။ “ နှစ်တိုင်း တို့အလုပ်ရှင်တွေရဲ့ ငွေ ဒေါ်လာသန်းရာပေါင်းများစွာကို သုံးကြတယ်။ အဲ့ဒါတွေရဲ့အဆုံးသတ်မှာ ငါတို့ဘာတွေ သိလာလဲ။ ဘာမှမသိဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျွန်တော့်လူထဲက ၄ ယောက်ကို ပုံမှန်အလုပ်ဖြစ်စေတဲ့ အရာတွေကို ကြိုးစားပြီး၊ သီးခြားခွဲခြားစေတယ်။ သူတို့ အချက် ၁၂ ချက်ရလာတယ်။ ” ကျွန်တော့်မှာ ၉၆ ချက်ရှိတဲ့အကြောင်း သူတို့ကို ပြောပြဖို့ ကျွန်တော်သိပ်ယဉ်ကျေးခဲ့တယ်။


ကြော်ငြာအေဂျင်စီတွေက ထပ်တလဲလဲအမှားတွေ ကျူးလွန်ရင်း အလုပ်အပ်နှံသူတွေရဲ့ ငွေတွေကို ဖြုန်းတီးပစ်ကြတယ်။ မကြာသေးမှီကပဲ ကြော်ငြာ ၄၉ ခုဟာ Set in Reverse အနက်ပြင်ပေါ် စာအဖြူရိုက်ထားတာကို မဂ္ဂဇင်းတစ်အုပ်မှာ တွေ့ရပါတယ်။ အနက်ပြင်ပေါ် စာအဖြူရိုက်ခြင်းက ဖတ်ရခက်စေပါတယ်လို့ သုတေသနရလာဒ်တွေ ထွက်ပေါက်လာပြီး နှစ်အတန်ကြာမှာပါ။


အတွေ့အကြုံတွေကို စနစ်တကျအသုံးချဖို့ ပျက်ကွက်ခြင်းရဲ့ ဆင်ခြေက ဘာပါလဲ။ နှိုးကြားတဲ့စိတ်ကို မဆွဲဆောင်နိုင်တဲ့ ကြော်ငြာလား။ ဘယ်သိပ္ဗံနည်းကျ လုပ်ထုံးလုပ်နည်းတွေမဆို Creative သမားတွေလက်ထဲ နောက်ကောက်ကျ တော့မှာလား။ အလုပ်ဝတ္တရားတွေ မပျက်ကွက်ဖို့ ဗဟုသုတတွေက တွန်းအားပေးမှာကိုရော စိုးရိမ်ကြရဲ့လား။


အမြဲတမ်းတော့လည်း မဟုတ်ပါဘူး။ ၁၉၃၀ ကျော်၊ Young & Rubicam မှာ သုတေသန ဒါရိုက်တာဖြစ်တဲ့ George Gallup ကပြောဖူးပါတယ်။ သူက ကြော်ငြာရဲ့ပရိတ်သတ်ကိုပဲ တိုင်းတာတာမဟုတ်ပါဘူး။ ရလာဒ်တွေကို စုဆောင်းပြီး စစ်တမ်းထုတ်ပါတယ်။ သူရှာဖွေတွေ့ရှိထားတဲ့ တစ်ချို့နည်းစနစ်တွေဟာ အခြားဟာတွေထက် အတော်ကို ကောင်းမွန်ပါတယ်။

အပြုသဘောဆန်တဲ့ ကောင်းမွန်မှု ဆိုတာ...


Vaughn Flannery လို့ခေါ်တဲ့ အလွန်ထက်မြက်တဲ့ Art Director တစ်ယောက်က Gallup ရဲ့ တွေ့ရှိမှုအပေါ် ချက်ချပြီး အသုံးချပါတယ်။ လအနည်းငယ် အတွင်း၊ Young & Rubicam ရဲ့ကြော်ငြာတွေဟာ အခြားအေဂျင်စီ ကြော်ငြာတွေထက် လူအများရဲ့ဖတ်ရှုမှုကို ရရှိခဲ့ပါတယ်။ သူ့အလုပ်အပ်နှံသူအတွက် မရေမတွက်နိုင်တဲ့အကျိုး အမြတ်တွေ ဆောင်ယူနိုင်ခဲ့ပါတယ်။


Mills Shepherd ကလည်း အဲ့ဒီ့သုတေသနကိုပဲ McCall ရဲ့ အယ်ဒီတာအာဘော်ကဏ္ဍမှာပဲ လုပ်ခဲ့ပါတယ်။ ရလာဒ်က အတူတူပါပဲ။ ဥပမာ ဓါတ်ပုံမှာဆိုရင် ပန်းကန်ပြားလှလှပုံက၊ ကုန်ကြမ်းပစ္စည်းတွေပုံထက် လူပိုစိတ်ဝင်စားတာ တွေ့ခဲ့တယ်။ စနစ်တကျ ချက်နည်းပြုတ်နည်း စာရွက်ပေါ် ပုံနှိပ်ထားတဲ့ ချက်ပြုတ်နည်းကတော့ အိမ်ရှင်မတွေကို အသေအချာဆွဲဆောင်ပါလိမ့်မယ်။


တူညီတဲ့ သုတေသန နည်းလမ်းကို အသုံးပြုပြီး၊ Harold Sykes က သတင်းစာ ပရိတ်သတ်ကိုလည်း စစ်တမ်းကောက်ခဲ့ပါတယ်။ သူက “ အယ်ဒီတာ့အာဘော် ” ပုံတွေဟာ အတော်အလုပ်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။


၁၉၄၇ ခုနှစ်မှာ၊ Stirling Getchel အေဂျင်စီမှာသုတေသနဒါရိုက်တာလုပ်ဖူးတဲ့ Harold Rudolph က ဘာသာရပ်စာအုပ်တစ်အုပ် ထုတ်တယ်။ သူတွေ့ခဲ့တာတစ်ခုက “ဇတ်လမ်းကြော” ပါတဲ့ ဓါတ်ပုံတွေဟာ လူတွေကို ဆွဲဆောင်ရာမှာ ပုံမှန်ထက် အတော်လေး အားကောင်းတယ်။ အဲ့ဒါကြောင့် Hathaway ရှပ်အကျီကြော်ငြာရာမှာ မော်ဒယ်ကို မျက်စေ့ဖုံးဆင်ပေးဖို့ ဖြစ်စေခဲ့တယ်။

 

အောင်မြင်တဲ့ ကြော်ငြာတွေကို ခဏခဏ ထပ်ပြီး ပွဲထုတ်ပါ


နောက်ပိုင်းမှာ၊ ကြော်ငြာလောက`က သုတေသနဖက် လှည့်ကုန်ကြတယ်။ ဗဟုသုတရှာဖွေရာမှာ ဦးဆောင်ဖြစ်တဲ့ အေဂျင်စီတွေက သူတို့ရှေ့ကလူတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ နိယာမတွေကို ပုံကန်ဖို့ ထူးချွန်လာကြတယ်။


အေဂျင်စီတစ်ခုက အခြားတစ်ခုထက် ကြော်ငြာစားရိတ်မှာ ဈေးနည်းနည်းပိုသက်သာတော့ လုပ်ပေး အလုပ်အပ်နှံသူတွေက တစ်ခါတစ်လေ အေဂျင်စီတွေ ပြောင်းတတ်ပါတယ်။ သူတို့က စာစီသမား Copywriter ရဲ့အခန်းကဏ္ဍကို မေ့နေတတ်ကြပါတယ်။ ကြော်ငြာကိုလူတွေ စိတ်ဝင်စားစေတဲ့ အစွမ်း၊ အခြား စာစီသမား copywriter တစ်ဦးမဖန်တီးနိုင်လောက်အောင် လူများများဆီပိုရောက်အောင် ဆောင်ကျဉ်းပေးနိုင်ကြပါတယ်။


၃၅ နှစ်ကြာအောင် Gallup အကွက်ချခဲ့တဲ့ သင်ရိုးကိုပဲ ဆက်လုပ်ခဲ့ပါတယ်။ ပုံတွေ၊ တံဆိပ်ခေါင်းတွေ အခြားလူတွေစုသလို အချက်အလက်အတွေ စုဆောင်းခဲ့ပါတယ်။ ဒီအချက်တွေကို လစ်လျှူရှုဖို့ ရွေးချယ်လိုက်ရင်တော့၊ ကံကောင်းဖို့ပဲ ဆုတောင်းရမှာပဲ။ ကန်းနေတဲ့ဝက်လည်း မှိုဥတွေ ရှာတွေ့နိုင်ပါတယ်။ ဒါဆိုရင် ဝက်သစ်ချတောထဲ ရောက်နေတာကို သိနိုင်တယ်။


နှစ်တွေကြာအောင် Plus & Minus Factor တွေအနည်းငယ်ပြောင်းသွားတာ မှတ်မှတ်ထင်ထင်ပါပဲ။ ချွင်းချက်အနည်းငယ်အနေနဲ့ကတော့၊ စားသုံးသူတွေက လမ်းဟောင်း၊ နည်းစနစ်ဟောင်းတွေကို တူညီစွာပဲ တုန့်ပြန်ကြပါတယ်။


Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

 

Read 173 times
Rate this item
(1 Vote)