-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာငွေ ၈ သိန်းနီးပါး တန်ကြေးရှိတဲ့ ၂ လက်မအရွယ် လက်ကိုင်အိတ်လေး

ပါရီဖက်ရှင် ရက်သတ္တပတ်မှာ အသေးဆုံးဖြစ်တဲ့ လက်ကိုင်အိတ်လေးတွေဟာ လူစိတ်ဝင်စားမှု များစွာ ရရှိခဲ့ပြီး လက်ရှိအချိန်ထိ အခုရေ သောင်းနဲ့ချီပြီး ရောင်းချခဲ့ရပါတယ်။

လက်ကိုင်အိတ်ကလေးတွေဟာ ATM ကတ်လောက်တောင် မရှိပါဘူး၊ သိပ်ကို သေးငယ်လှတာကြောင့် တကယ်တမ်း လက်ချောင်းကိုင်အိတ်လို့တောင် ခေါ်လို့ ရပါတယ်။

အသက် ၂၉ နှစ်သာ ရှိသေးတဲ့ Simon Porte ဟာ နာမည်ကျော် ပြင်သစ်ဖက်ရှင် အမှတ်တံဆိပ်ဖြစ်တဲ့ Jacquemus ကို မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ပါရီဖက်ရှင်ရှိုးမှာ ပွဲထုတ် ပြသခဲ့တာ ဖြစ်ပါတယ်။

ဖက်ရှင်ရှိုးလျှောက်ကြရာမှာ ဒီ Jacquemus Mini Le Chiquito ဆိုတဲ့ အိတ်ကလေးကို မြင်ရသူတိုင်း သဘောကျခဲ့ကြပါတယ်။

Coca-Cola နဲ့ Pepsi တို့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းလျှော့ချရေး လုပ်ဆောင်မည်

Le Chiquito က ပြီးခဲ့တဲ့နှစ်ကလည်း အသေးစား လက်ကိုင်အိတ်ကလေးတွေ ချုပ်လုပ် ရောင်းချခဲ့ဖူးပါတယ်။ အဲဒီအိတ်က အရှည် ၄ လက်မ၊ အနံက ၂လက်မခွဲပဲ ရှိပါတယ်။ တစ်အိတ်ကို အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့ပြီး အရောင်းဆိုင်တွေမှာ တင်ရောင်းခဲ့တာ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီလောက် သေးတဲ့အိတ်ထဲ ဘာများ ထည့်ပြီး သယ်လို့ရနိုင်မှာလဲလို့ မေးစရာ ရှိပါတယ်။ ဈေးနှုန်းက အကြောင်း မဟုတ်ပါဘူး၊ လူတွေက ကြိုက်တယ်ဆိုရင် ၀ယ်ကြတာပဲလို့ Le Mini Chiquito ကုမ္ပဏီက ပြောပါတယ်။ 

ဒီလိုအိတ်သေးသေးလေးထဲ ဘာထည့်သယ်သလဲဆိုတော့ အိတ်ပိုင်ရှင်ရဲ့ ဂုဏ်ကျက်သရေကို ထည့်သယ်ထားပါတယ်လို့ အရွှတ်အနောက် ပြောသူတွေလည်း ရှိပါတယ်။

Simon Porte က အခုလို လက်ကိုင်အိတ်အသေးလေးတွေကို ဒီဇိုင်းထုတ်ပြီး ချုပ်လုပ် ရောင်းချလေ့ရှိသူ ဖြစ်နေပါပြီ။ Mini Bag မီနီအိတ် မဟုတ်ဘဲ အရမ်းသေးတဲ့ မိုက်ခရိုအိတ် Micro Bag လို့ ဖက်ရှင်လောကမှာ အမျိုးအစား သတ်မှတ်ပေးထားကြပါတယ်။

Su Mon Oo

Read times
Rate this item
(1 Vote)