-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာလောက အလုပ်အကိုင်တွေနဲ့ အလုပ် ဘယ်လိုရှာကြမလဲ

အီတလီလူမျိုးနိုင်ငံရေးသမား Cosimo de Medici (၁) က Florentine မှ ပန်းပုဆရာ Benvenuto Cellini (၂) ကို သူ့ဆီမှာ အလုပ်လာလုပ်ဖို့အတွက် စာတစ်စောင်ရေးပြီး စည်းရုံးတယ်။ စာထဲမှာ “ ငါ့ဆီကိုလာခဲ့ပါ၊ မင်းကို ငါ ရွှေထုတ်နဲ့ ဖို့ထားမယ်။ ” တဲ့။

 ကြော်ငြာလုပ်ငန်းမှာ မတူညီတဲ့ အသက်မွေးဝမ်းကြောင်း ၄ ခု ရှိတယ်။

 ၁။ ရုပ်သံအစီအစဉ်တွေကို သွားလို့ရတယ်။ ရေဒီယို၊ မဂ္ဂဇင်း၊ သတင်းစာတိုက်မှာ အလုပ် လုပ်နိုင်ပါတယ်။ ကြော်ငြာရှင်တွေနဲ့ သူတို့အေဂျင်စီတွေကို ကြော်ငြာချိန်တွေ၊ ကြော်ငြာ စာမျက်နှာတွေ ရောင်းနိုင်ပါတယ်။

၂။ Sears Roebuck လို လက်လီကုမ္ပဏီမှာ အလုပ်ဝင်လုပ်နိုင်ပါတယ်။ စာစီသမား၊ Art Director (ဝါ) ကြော်ငြာမန်နေဂျာ အလုပ်တွေ ရွေးချယ်လို့ရပါတယ်။
၃။ Procter & Gamble လို ကုန်ထုတ်လုပ်ရေးကုမ္ပဏီမှာ လုပ်နိုင်ပါတယ်။ Brand မန်နေဂျာ အလုပ်ပါ။
၎။ ကြော်ငြာအေဂျင်စီမှာ လုပ်လို့ရပါတယ်။

သင့်ကြော်ငြာအတွက် Influencer ရွေးချယ်မယ်ဆိုရင်

ပုံသေကားချတော့ မရှိပါဘူး။ Sears Roebuck က တက်လာတဲ့ စာစီသမားကလည်း အေဂျင်စီကို ပြောင်းတာမျိုး ရှိပါတယ်။ Procter & Gamble က ထွက်လာတဲ့ Brand Manager ကလည်း အေဂျင်စီကို လာတတ်ပါတယ်။ အေဂျင်စီက မီဒီယာဝယ်ယူသူကလည်း ရုပ်မြင်သံကြားလိုင်းကို ပြောင်းတာလည်း ရှိပါတယ်။

ကျွန်တော်ကတော့ အေဂျင်စီနဲ့ ပတ်သက်တဲ့အလုပ်အကြောင်းပဲ ရေးနိုင်ပါတယ်။ ကျန်တဲ့ များပြားတဲ့ အလုပ်အကိုင်အကြောင်းတွေ မသိပါဘူး။ အလုပ်ပတ်ဝန်းကျင်က အလွန့်အလွန်ကို ပြောင်းလဲနေပါတယ်။ အေဂျင်စီတွေဆိုတာက စိတ်ပိုင်းဆိုင်ရာ မှန်လုံအိမ်စိုက်ခင်းတွေဆိုတော့ ခင်ဗျားဘယ်တော့မှ ပျင်းရမှာမဟုတ်ပါ။

အေဂျင်စီကြီးကြီး မှန်သမျှ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ပြီး ဥရောပ၊ အာရှနဲ့ လက်တင်အမေရိကနိုင်ငံတွေ၃ မှာ အလုပ်တွေ ပေးပါတယ်။ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်ရင် အဆင်ပြေပါတယ်။

ကြော်ငြာလောကမှာ ခင်ဗျားရဲ့အလုပ်စဝင်ချိန်မှာ ရတဲ့ငွေထက် လေ့လာသင်ယူခြင်းက ပိုပြီး အရေးကြီးပါတယ်။ အချို့အေဂျင်စီတွေက လူတွေသင်ရတာ စိတ်လေနေကြပြီ။ သင်ကြားရေး ကျောင်းကြီးလို၊ အထက်အရာရှိတွေက လူသစ်တွေကိုသင်ဖို့ ကြာမြင့်တဲ့ အချိန်တွေမှာ စိတ်နှစ်ထားရပါတယ်။

ကြော်ငြာလုပ်ငန်း အသားကျပြီးတဲ့ နိုင်ငံတွေက အေဂျင်စီဝန်ထမ်းတွေက သူတို့ကို သင်ပေးတာကို အမြဲကြိုဆိုကြတာ မဟုတ်ပါဘူး။ မပြည်တဲ့အိုးဘောင်ဘင်ခတ်ပြီး သူတို့ ဘာမှသင်ဖို့မလိုတော့ဘူးလို့ ယုံကြည်နေကြတယ်။

ဒါပေမယ့် အာရှနဲ့ အခြားဖွံ့ဖြိုးစ နိုင်ငံတွေမှာတော့ ဆရာတွေကို လှိုက်လှိုက်လှဲလှဲကြိုတက်ပြီး သင်သမျှ လိုက်မှတ်တတ်ကြပါတယ်။ အံ့သြစရာမရှိပါဘူး။ အာရှကလူတွေရဲ့ ကျွမ်းကျင်မှုက အလျင်အမြန်ပဲ တိုးတက်လာနေတယ်။ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားက ကမ်ပိန်းတွေက ဥရောပနဲ့ အမေရိကန်က ကမ်ပိန်းတွေထက် ပိုကောင်းနေတာကို ကျွန်တော်တွေ့နေရတယ်။

၁။ အီတလီလူမျိုးနိုင်ငံရေးသမား Cosimo de' Medici
https://en.wikipedia.org/wiki/Cosimo_de'_Medici 

၂။ ပန်းပုဆရာ Benvenuto Cellini
https://en.wikipedia.org/wiki/Benvenuto_Cellini 

၃။ လူဦးရေအလိုက် လက်တင်အမေရိက နိုင်ငံများစာရင်း
https://en.wikipedia.org/wiki/List_of_Latin_American_countries_by_population

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(1 Vote)