-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာအေဂျင်စီမှာရှိတဲ့ Account Executive များရဲ့ အခန်းကဏ္ဍ ( ၂ )

အသစ်ဝင်တဲ့ ဝန်ထမ်းငယ်အချို့က Account Executive အလုပ်နဲ့ ဆက်စပ်နေတဲ့ ခရီးထွက်ရခြင်းနဲ့၊ အပျော်အပါးတွေမှာ စိတ်သာယာတတ်ကြပါတယ်။

ကောင်းပေ့ဆိုတာတွေ စားသောက်နေရပေမယ့် ကျဆင်းနေတဲ့ ဈေးကွက်ဝေစုအကြောင်း ရှင်းပြဖို့ ဈေးကြီးတဲ့ ဆိုင်ကောင်းကောင်းကလည်း ပျော်စရာ မကောင်းဘူးဆိုတာ မကြာခင် သိသွားကြပါတယ်။ စမ်းသပ်ဈေးကွက်ရဲ့ အရောင်းပြပွဲက ကိုယ့်ကလေး ဆေးရုံတင်ထားရချိန်မှာ အိပ်မက်ဆိုး ဖြစ်စေနိုင်ပါတယ်။

Account Executive တွေက ထိန်းသိမ်းစောင့်ရှောက်သူနဲ့၊ ဖြန့်ဝေသူဆိုပြီး ၂ မျိုးကွဲနိုင်ပါတယ်။ အလုပ်အပ်နှံသူနဲ့ ကိုယ့်ဖက်က ဝန်ဆောင်မှုဌာနကြားမှာ ပေါင်းကူးဆက်ဆံရေး တစ်ခုထက်ပိုပြီး ဘာမှမလုပ်ပဲနဲ့ ရပ်တည်နေနိုင်ပါတယ်။ မီးဖိုထဲက စားဖိုမှူးနဲ့၊ စားသောက်ခန်းထဲက စာသုံးသူတွေကြားထဲ ပို့ဆောင်ပေးရတဲ့ စားပွဲထိုးလိုပေါ့။

ဒါမျိုးတွေကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ ခင်ဗျားလုပ်နေရင် သံသယမဝင်ပါနဲ့၊ နောက်ပိုင်းဒီ့ထက် ပိုလုပ်ပြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကုန်ပစ္စည်းတွေရောင်းချဖို့ စိတ်ကူးကောင်းတွေ ဖော်ဆောင်တာလိုမျိုးပေါ့။

အောင်မြင်ဖို့ အလားအလာကောင်းတဲ့ Copy Writer တစ်ဦးရဲ့ ထူးခြားချက်များ

ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းလုပ်လုပ်၊ ဘယ်လောက်ပဲ ဗဟုသုတရှိရှိ၊ အသက် ၃၀ မပြည့်သေးလို့ကတော့ အလုပ်အပ်နှံသူဖက်ကမူဝါဒကြောင့် ကိုယ့်အေဂျင်စီကို ကိုယ်စားပြုခွင့်ရမှာ မဟုတ်သေးပါဘူး။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေလေတော့ သူတော်သလို အမြန်တိုးတက်ဖို့ အခွင့်အရေးကောင်း ရသွားပါတယ်။

Presentation ကောင်းကောင်းလုပ်တတ်ဖို့ မလေ့လာထားရင်လည်း အောင်မြင်တဲ့ Account Executive တစ်ယောက် ဘယ်တော့မှ ဖြစ်မှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ အလုပ်အပ်နှံသူတွေက အဖွဲ့လိုက်ရှိနေမှာ၊ ဒီလူတွေကို သေချာပြောဆိုပြီး ခင်ဗျားရဲ့ ကမ်ပိန်းကို ရောင်းနိုင်ရပါမယ်။ ခင်ဗျားရဲ့ Presentation က သေချာရေးသား၊ တင်ပြတာမျိုးဖြစ်ရပါမယ်။

အလုပ်အပ်နှံသူတွေကို လျှော့တွက်တတ်တဲ့ မှားနေကျအမှားမျိုး မလုပ်မိပါစေနဲ့။ သူတို့ကုမ္ပဏီတွေက ရှယ်ယာတွေဝယ်ပေးပါ။ ဒါပေမယ့် သူတို့ကုမ္ပဏီရဲ့ မူဝါဒတွေကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပါနဲ့။ ပြင်သစ်ဘုရင် ၇ ဆက်လောက်ထမ်းရွက်ခဲ့တဲ့ Talleyrand လို ကျင့်ကြံပါ။

အလုပ်အပ်နှံသူတွေကို ကိုယ်သာသူ့နေရာမှာဆို ဘယ်လိုလုပ်မယ်ဆိုတာ အမြဲပြောပါ။ ဒါပေမယ့် ဘယ်ကြော်ငြာကိုသုံးမယ်ဆိုတဲ့ သူရဲ့ဆုံးဖြတ်ခွင့်နဲ့ပါတ်သက်လို့ အာဃာတမထားပါနဲ့။ ဒါကသူ့ရဲ့ ကုန်ပစ္စည်း၊ သူ့ပိုင်ငွေကြေးဖြစ်ပြီး၊ သူ့မှာ လုံးဝဥဿုံတာဝန်ရှိနေတာပါ။

ကြော်ငြာအေဂျင်စီမှာရှိတဲ့ Account Executive များရဲ့ အခန်းကဏ္ဍ ( ၁ )

အလုပ်အပ်နှံသူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် နေ့စဉ်ဆက်ဆံရေးမှာ၊ ဘုရင်၊ ဘုရင်မနဲ့ ဘစ်ရှော့အတွက်ပဲ တိုက်ပွဲဝင်ပါ။ ပွန်းတွေကို ခေါက်ထားစမ်းပါ။ အသေးအဖွဲပြဿနာလေးတွေမှာ အမြဲအလျော့ပေးတဲ့အကျင့်ဟာ တကယ်ကာကွယ်ရမယ့် အကြောင်းအရာကြီးတွေကျရင် တောင့်ခံဖို့ ခက်သွားမယ်။

အလုပ်အပ်နှံသူရဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေကို အများပြည်သူသွားလာတဲ့ နေရာတွေမှာ မဆွေးနွေးပါနဲ့။ သူတို့အချက်အလက်တွေကို သေချာ့သော့ခတ် သိမ်းဆည်းပါ။ ကိုယ့်ကြောင့် သတင်းပေါက်ကြားကြောင်း လူသိသွားရင် ခင်ဗျားဘဝတော့သွားပြီ။

ပြောင်မြောက်ကောင်းမွန်တဲ့ စာရေးဖို့ကြိုးစားပါ။ အလုပ်အပ်နှံသူဖက်က ကိုယ့်အေဂျင်စီကို ဦးတည်ဆက်ဆံတဲ့ ဒီဖက်ကအထက်လူကြီးတွေက ကိုယ့်ထက်ပိုပြီး အလုပ်များပါတယ်။ ခင်ဗျားရဲ့စာတွေက ရှည်လျားပြီး လိပ်ပတ်မလည်လေ၊ ဒီကိစ္စမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အမှုဆောင်အရာရှိတွေ ဖတ်ဖို့မနှစ်သက်လေပဲ။ ၁၉၄၁ မှာ၊ ဝင်စတန်ချာချီက တော်ဝင်ရေတပ်ဗိုလ်ချုပ်ကြီးထံကို ဒီစာလေးကို ပေးလိုက်ပါတယ်။

“ ဒီနေ့အကြောင်း အစချီပါ။ စာတစ်မျက်နှာမှာ၊ တော်ဝင်ရေတပ်က ခေတ်ကာလ စစ်ပွဲအခြေအနေနဲ့အညီ ဘယ်လိုတိုးတက်နေတာကို ပြောပါ။ ”

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )
Myanmar Advertising Directory

Read times
Rate this item
(1 Vote)