-->
×

Warning

JUser: :_load: Unable to load user with ID: 29


Amazon Server က Facebook မှတ်တမ်းသန်းပေါင်းများစွာ ပေါက်ကြားခဲ့

Amazon Server က Facebook မှတ်တမ်းသန်းပေါင်းများစွာ ပေါက်ကြားခဲ့ Google


အများပြည်သူပိုင် ဆာဗာထဲက Facebook မှတ်တမ်းသန်း ၅၄၀ ကျော်ပါဝင်တဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ UpGuard က လုံခြုံရေးသုတေ သီတွေက ပြောခဲ့ပါတယ်။

အဲဒီအချက်အလက်တွေထဲမှာ လူတွေရဲ့ မှတ်ချက်တွေ၊ like တွေ၊ နာမည်တွေနဲ့ Facebook ID တွေပါဝင်လာပါတယ်။ အဲဒီ အချက်အလက်တွေကို third- party Facebook app ၂ ခုက စုစည်းထားတာပါ။


"Facebook ပေါ်လစီတွေက အများပြည်သူ database အတွင်း မှာ Facebook သတင်းအချက်အလက်တွေ သိမ်းဆည်းတာကို တားမြစ်ထားပါတယ်။ ပြဿနာတစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးတဲ့နောက်မှာ တော့ database တွေဖြုတ်ချဖို့ Amazon နဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ လူတွေရဲ့ အချက်အလက်ကိုကာကွယ်ဖို့ ကျွန်တော်တို့ ပလက်ဖောင်းပေါ်က developer တွေနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးမျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်အဖွဲ့ဖွဲ့စည်း
ဇန်နဝါရီလအတွင်း Cultura Colectiva ကသတိပေးခဲ့ပေမယ့် တုန့်ပြန်မှုမရခဲ့ဘူးလို့ UpGuard ကပြောခဲ့ပါတယ်။ လုံခြုံရေးသုတေသီတွေက database လုံခြုံရေးအတွက် Amazon ကို ဆက်သွယ်ခဲ့ပေမယ့် အရေးတယူ မပြုလုပ်ခဲ့ပါဘူး။


အဲဒီ database ဟာ ဧပြီ ၃ ရက်၊ ဗုဒ္ဓဟူးနေ့အထိ မလုံခြုံခဲ့သလို Bloomberg က အချက်အလက် ပေါက်ကြားတဲ့သတင်းကို ပထမဆုံးဖော်ပြခဲ့ချိန်မှာ Facebook ကိုဆက်သွယ်ခဲ့ပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့လ အတွင်း လုံခြုံရေးသတိလစ်ဟင်း ၊ မှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ပေါက်ကြားမှုထဲမှာ Facebook ဟာ text ဖိုင်အတွင်း လူသန်းရာပေါင်းများစွာရဲ့ password တွေ သိမ်းဆည်းထားမိတယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။


Credit; စိုးထက်

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)