-->
×

Warning

JUser: :_load: Unable to load user with ID: 29


Nokia မှ ကျား/မ လစာကွားခြားချက်မရှိစေရန် အမျိုးသမီးများကိုလစာတိုးပေး

Nokia မှ ကျား/မ လစာကွားခြားချက်မရှိစေရန် အမျိုးသမီးများကိုလစာတိုးပေး Google

Nokia ရဲ့ CEO Rajeev Suri က အမျိုးသား/အမျိုးသမီး လစာကွာဟချက် မရှိစေရန် အခုနွေရာသီကစပြီး အမျိုးသမီးဝန်ထမ်းအချို့ကို လစာတိုးပေးသွားမယ်လို့ ကြော်ငာလိုက်ပါတယ်။

ဖင်လန်နိုင်ငံကိုအခြေပြုပြီး ကွန်ရက်ပစ္စည်းထုတ်လုပ်တဲ့ Nokia ကုမ္ပဏီဟာ အလုပ်တာဝန်တူညီနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးဝန်ထမ်းကြားမှာ လစာကွာနေခြားနေတာကို ပယ်ရှားဖို့အတွက် အထူးဘတ်ဂျတ်ချပေးသွားမှာ ဖြစ်ပါတယ်။

Mercer က ပြုလုပ်ခဲ့တဲ့ လစာကွာဟချက်စစ်တမ်းတစ်ခုမှာ Nokia ကုမ္ပဏီမှာ ဝန်ထမ်း အမျိုးသား/အမျိုးသမီးအလိုက် လစာကွာဟနေတာကို တွေ့ရှိခဲ့ပြီးနောက်မှာတော့ အခုလိုလစာတိုးပေးဖို့ စီစဉ်လိုက်တာပါ။ Nokia မှာ လစာအနည်းဆုံးရတဲ့ ဝန်ထမ်းအများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသားဝန်ထမ်းအချို့ကိုလည်း လစာတိုးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“အမျိုးသားနဲ့ အမျိုးသမီးဝန်ထမ်းတွေအကြား ဘာကြောင့်ရယ်လို့ မရှင်းပြထားတဲ့ လစာကွာဟချက်ကို တွေ့ရှိခဲ့ရပါတယ်။ သေးငယ်ပေမယ့် ကိန်းဂဏန်းအချက်အလက်အရ အရေးပါတဲ့ကွာဟချက်ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ကုမ္ပဏီရဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် လစာတိုးပေးသွားမှာ ဖြစ်ပါတယ်။” လို့ Nokia ရဲ့ CEO Rajeev Suri က ပြောကြားခဲ့ပါတယ်။

လုပ်ငန်းစတင်လုပ်ကိုင်မယ့်သူတွေအတွက် လိုအပ်တဲ့ရုံးခန်းအပြင်အဆင်

လက်ရှိ တစ်ကမ္ဘာလုံးမှာ Nokia ကုမ္ပဏီဟာ ဝန်ထမ်းပေါင်း ဝန်ထမ်းပေါင်း ၁သိန်းကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ အခုလိုကြော်ငြာလိုက်တာကြောင့် လုပ်ကိုင်ရတဲ့လုပ်ငန်းအမျိုးအစားချင်းတူပေမယ့် အမျိုးသားနဲ့ အမျိုးသမီးအကြား ရရှိတဲ့လစာကွာခြားချက်ရှိနေတာကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေထဲမှာ Nokia လည်း အပါအဝင် ဖြစ်လာပါပြီ။

UK မှာဆို ဝန်ထမ်း ၂၅၀ နဲ့ အထက်ရှိတဲ့ ကုမ္ပဏီတိုင်းမှာ အမျိုးသား/အမျိုးသမီး လစာကွာခြားချက်မရှိဖို့အတွက် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ UK က Nokia ဝန်ထမ်းတွေအကြားမှာ အမျိုးသား/အမျိုးသမီး လစာကွာဟချက်ဟာ ၂၁.၁ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ များသောအားဖြင့် အမျိုးသားဝန်ထမ်းတွေက လစာပိုများတဲ့ ရာထူးတွေ ယူထားတာကြောင့် ဖြစ်ပါတယ်။

အမျိုးသမီးဝန်ထမ်းအချို့ဟာ ရာထူးတူညီတဲ့ အမျိုးသားဝန်ထမ်းတွေနဲ့ လစာ တူတူမရတာကိုလည်း Mercer က တွေ့ရှိခဲ့တာပါ။ Salesforce.com Inc. ကလည်း ၂၀၁၅ ခုနစ်မှာ ကျား/မ လစာကွာဟချက် မရှိစေဖို့အတွက် ကန်ဒေါ်လာ ၃ မီလျံ သုံးစွဲခဲ့ပါတယ်။ Nokia က အခု ဒီထက် ပိုသုံးပြီး ကျား/မ လစာ ကွာဟချက်ကို ဖျောက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လောက်သုံးမလဲဆိုတာတော့ အတိအကျမပြောခဲ့ပါဘူး။ Nokia ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဝင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၂၅.၃ ဘီလျံ ဝင်ခဲ့ပါတယ်။

Source; Digital Times
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)