-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဗြိတိန်စားသုံးသူများကို ဆွဲဆောင်နိုင်ဖို့ အရေးကြီးဆုံးအချိန်က ခရစ်စမတ်ဖြစ်နေခြင်း

ကြော်ငြာ ရေးရာလုပ်ငန်းစုကြီး WPP ရဲ့ကမ္ဘာတစ်လွှား‌စိစစ်ချက် အရဆိုရင် ဗြိတိန်မှ လူအများဟာ ခရစ်စမတ်မှာပျော်ကြသူများဖြစ်ပြီး ခရစ်စမတ်ရဲ့ စိတ်ကြည်နူးမှုကို ရစေဖို့ ယခုလိုကိုဗစ်တားမြစ်ချက်တွေ ကြောင့် ပါတီတွေ ကျင်းပခွင့်ပါမရှိတော့တာမို့ အတော်လေး အနေကျပ်နေကြမှာပါ။

 

ဗြိတိန်မှ လူလတ်ပိုင်းတွေ တစ်ဝက်လောက်ရဲ့ပြောကြားချက် အရ ဒီနှစ်ရဲ့ ခရစ်စမတ်ဟာ ယခင်နှစ်များထက် ပိုပြီး အရေးကြီးပါတယ်။စားသုံးသူတွေဟာ ဆိုင်တွေကို ဝင်ချလာမှာဖြစ်ပြီး အရောင်းအဝယ် တိုးဖို့ရှိကာ အွန်လိုင်းရှောပင်းတွေကအစ ရောင်းကောင်းမှာပါ။

 

ခရစ်စမတ်က အရမ်း အရေးကြီးပါတယ်

-----------------------------------------------

 

လူလတ်ပိုင်းတော်တော်များများဟာ ခရစ်စမတ်ကို အခုလို ကိုဗစ်ဖြစ်နေတဲ့ အချိန်မှာတောင် ရင်ထဲမှာရှိနေပြီး အသက် ၁၈ နှစ်မှ ၃၄ နှစ် အတွင်းရှိ လူငယ် ၇၅ ရာခိုင်နှုန်းဟာ ပွဲတော်ကို သဘောကျတဲ့ သူတွေချည်းပါပဲ။စစ်တမ်းအရဆို ၂၅ ရာခိုင်နှုန်းသော စျေးဝယ်သူတွေဟာ စောစီးစွာစျေးဝယ်ထားပြီး ၎င်းတို့ဝယ်ထားတဲ့ ပစ္စည်းများမှာ ၅၈ ရာခိုင်နှုန်းက လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ယူတာပဲဖြစ်ပြီးတော့ ကျန်တာကတော့ အပိုသုံးစွဲတာပဲဖြစ်ပါတယ်။

 

၁၆ရာခိုင်နှုန်းက လက်လီဆိုင်တွေကဝယ်ကျပြီး အခုလိုကိုဗစ်ကာလ တွေမှာ ရှင်သန်တယ်သိရပါတယ်။တချို့ ၂၅ ရခိုင်နှုန်းတွေကတော့ သူတို့ စျေးဝယ်ထွက်ခြင်းကို လ မကုန်ခင်ကတည်းကဝယ်ယူထားတယ်သိရပြီး၊ ၂၃ ရာခိုင်နှုန်းရဲ့ Report အရ အခုနှစ်ကုန်ဟာအခြားနှစ်ကုန်များထက်ပိုပြီးပွဲတော်ဆန်မယ်လို့သိရပါတယ်။

 

အခုဆိုရင်တော့ အွန်လိုင်းရှော့ပင်းတွေက ပုံမှန်ရောင်းအားရှိနေပြီး ယခင် အပြင် လမ်းပေါ်ရှိဆိုင်များမှ ဝယ်နေရာမှ အကျင့်ရနေသောကြောင့် လူတွေဟာ လက်ဆောင်ပေးရန် အတွက် ၃၇ ရာခိုင်နှုန်းက အပြင်တွက်ဈေးတယ်တာကို လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ၃၃ ရာခိုင်နှုန်းက ဆိုင်မှာ ခင်းကျင်းထားတာတွေကို ကြည့်ရှုပြီး ဈေးဝယ်မှ ဘာဝယ်ရင် ကောင်းမလဲဆိုတဲ့ စိတ်ကူးတွေ ရစေတယ်လို့ ဆိုပါတယ်။

 

ခရစ်စမတ် စျေးဝယ်မှု အမူအကျင့်

----------------------------------------

 


အခုဆိုရင် ကိုဗစ်ကြောင့် Lockdown ချထားရာမှ တဖြည်းဖြည်း ပြေလျော့နေပြီမို့ မန်ချက်စတာနဲ့ ၊ လန်ကရိုင်းယား ပြည်နယ်တို့မှာတော့ မြေပြင် စျေးဝယ်ခွင့် နည်းလမ်းမပြောင်းရသေးဘူးသိရပါတယ်။

 

စျေးဝယ်ထွက်မည့်လူတိုင်းက မဖြစ်မနေ နှာခေါင်းစည်းဝတ်ဆင်ရပါမယ် ဒါဟာ စားသုံးသူတွေကြား တဖြည်းဖြည်း လေ့ကျင့်ပေးရမယ့်အမူအကျင့်ပါ ၈၀ ရာခိုင်နှုန်းသောလူတွေက နှာခေါင်းစည်းတပ်ပြီး လမ်းထွက်မည့်ကိစ္စကို လိုက်နာမယ်သိရပြီးကျန် ၂၀ ကတော့ သူတို့အနေနဲ့ လမ်းပေါ်မှာစျေးဝယ်ရင်း ကုန်နေတဲ့ အချိန်တွေကို လျော့ချမယ်သိရပါတယ်။

 

ကိုဗစ်ကာလ အတွင်း အသက် ၁၈ မှ ၃၄ နှစ်ကြား ၅၆ ရာခိုင်နှုန်းဟာ မဖြစ်မနေစျေးဝယ်ထွက်နေကြရတာဖြစ်ပြီး ကျန် ၆၃ ရာခိုင်နှုန်းကတော့ အပြင်ထွက်ချင်တာကြောင့်စျေးဝယ်ထွက်နေတယ်သိရပါတယ်။Kinetic လုပ်ငန်းစုရဲ့ အမှုဆောင်ချုပ် Nicole Lonsdale ပြောကြားချက် အရတော့ အခု ခရစ်စမတ်မှာ လူတွေစျေးဝယ်တာကိုကြည့်ပြီး ဗြိတိန်မှ လူတွေရဲ့ စျေးဝယ်အမူအကျင့်ကို ဆက်လက်ခန့်မှန်းပါမယ်လို့ ပြောကြားခဲ့ပါတယ်။

 

ထို့အပြင် Lonsdale ဆက်လက်ပြောကြားခဲ့သည်က '' လက်ရှိကျွန်တော်တို့ အသုံးပြုမည့်စျေးကွက် မြင့်တင်ရေး အသုံးပြုငွေက ပြန်လည်သုံးသပ်နေတုန်းပဲရှိပါသေးတယ် '' လို့ပြောကြားခဲ့ပါတယ်။

 

Ref : The Drum 

 

Read times
Rate this item
(0 votes)