-->
×

Warning

JUser: :_load: Unable to load user with ID: 29


YouTube မှ Subscribers သန်း ၁၀၀ ပြည့်သွားတဲ့ T-Series ချယ်နယ်ကိုဂုဏ်ပြု

YouTube မှ Subscribers သန်း ၁၀၀ ပြည့်သွားတဲ့ T-Series ချယ်နယ်ကိုဂုဏ်ပြု Google

T-Series ဆိုတာကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ တေးသံသွင်းဗီဒီယိုထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

အခုဆိုရင် ဘောလီးဝုဒ်ချန်နယ်တစ်ခုဖြစ်တဲ့ T-Series ဟာ Subscribers အရေအတွက် သန်း ၁၀၀ ပြည့်သွားတဲ့ ပထမဆုံး YouTube ချန်နယ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

YouTube က သန်း ၁၀၀ ပြည့်သွားတဲ့ T-Series ကို ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း Tweet တစ်ခု တင်ခဲ့ပြီး၊ စင်မှာ ဆုတံဆိပ်အတွက် နေရာချန်ထားဖို့ ပြောကြားခဲ့ပါတယ်။ YouTube ဟာ Subscribers ၁ သန်း ဒါမှမဟုတ် ၁၀ သန်း ပြည့်မြောက်တဲ့ ချန်နယ်တွေကို ရွှေရောင် Play Button ဆုတံဆိပ်တွေ ပေးပို့ချီးမြှင့်လေ့ရှိပါတယ်။

T-Series ကလည်း အားပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ Subscribers သန်း ၁၀၀ ပြည့်သွားတာက ချန်နယ်တစ်ခုအတွက် ဘာမှတိုက်ရိုက် အကျိုးအမြတ်မရှိပေမယ့်၊ ဂုဏ်ယူစရာတခု ဖြစ်ပါတယ်။ တချို့ ချန်နယ်တွေအနေနဲ့ ၁ သန်း ပြည့်ဖို့တောင် တော်တော်ခဲယဉ်းပါတယ်။

Read More>>> အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်က ကြော်ငြာကဏ္ဍ

T-Series နဲ့ နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Felix “PewDiePie” တို့ဟာ YouTube မှာ အကြီးဆုံး Channel ဖြစ်အောင် လအတော်ကြာ ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာ T-Series က မှတ်တမ်းတင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်နယ်နှစ်ခုလုံးဟာ ယှဉ်ပြိုင်နေစဉ်အတွင်း Subscribers ၁၀ သန်းကျော်လောက်စီ တိုးပွားရရှိခဲ့ပါတယ်။ ဒီယှဉ်ပြိုင်မှုကြောင့်ပဲ T-Series ကို တစ်ကမ္ဘာလုံးက သတိထားမိခဲ့တာလို့ ဆိုနိုင်ပါတယ်။

PewDiePie နဲ့ T-Series တို့ရဲ့ ထိပ်ဆုံးနေရာယှဉ်ပြိုင်မှုဟာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ခြောက်လကျော်ကြာမြင့်ခဲ့ပါတယ်။ YouTube က T-Series ကို ဂုဏ်ပြုခဲ့တဲ့ Tweet နဲ့ ပတ်သတ်ပြီး PewDiePie ပရိတ်သတ်အချို့ကတော့ Pewds သာ Subscribers သန်း ၁၀၀ အရင် ပြည့်ခဲ့မယ်ဆိုရင် YouTube က ဒီလို Congratulate လုပ်မှာ မဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်။ PewDiePie ဘက်ကတော့ ဒါနဲ့ပတ်သတ်ပြီး ဘာမှပြန်မပြောထားသေးပါဘူး။

Source; Digital Times
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)