-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်က ကြော်ငြာကဏ္ဍ

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်က ကြော်ငြာကဏ္ဍ Google

သင်သိပါသလား?

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းများရဲ့နောက်ကွယ်မှာ အဆိုပါလုပ်ငန်း(သို့)ကုန်ပစ္စည်းများအတွက် အားကောင်းတဲ့ကြော်ငြာကဟာ မပါမဖြစ်အရေးကြီးဆုံးထောက်ပံ့မှုဖြစ်နေပါတယ်။

ကြော်ငြာကောင်းတစ်ခုဖြစ်လာဖို့ အချိန်ကုန်၊ ငွေကုန်ခံပြီးရင်းနှီးရပေမယ့် တကယ်ကောင်းတဲ့ကြော်ငြာတစ်ခုကပဲ သင့်လုပ်ငန်းနဲ့ကုန်ပစ္စည်းကိုအောင်မြင်ကျော်ကြားစေနိုင်သလို ဝင်ငွေလည်းတိုးစေမှာအသေအချာပါပဲ။

ဒီတော့ သင်တို့ရဲ့လုပ်ငန်းနဲ့ကုန်ပစ္စည်းများအတွက် အကျိုးသက်ရောက်မှုအားကောင်းပြီး ဝင်ငွေပိုးတိုးစေမယ့် ကြော်ငြာကမ်ပိန်း (Advertising Campaign) ကောင်းတစ်ခု ဘယ်လိုစတင်ရေးဆွဲသင့်တယ်ဆိုတဲ့ အကြံဥာဏ်လေးတွေနဲ့အားဖြည့်ပေးပါရစေ။

 () မိမိတို့ရဲ့စားသုံးသူအကြောင်းကို သေချာလေ့လာပါ။

- မိမိလုပ်ငန်းနဲ့ကုန်ပစ္စည်းရဲ့ဝယ်သူ(သို့)စားသုံးသူများအကြောင်း ရှင်းလင်းကွဲပြားစွာသိမှသာ ကြော်ငြာတဲ့အခါပိုမိုထိရောက်နိုင်မှာပါ။

 () ကြော်ငြာမယ့်နေရာကိုရွေးချယ်ပါ။

 -မိမိရဲ့ဝယ်သူ(သို့)စားသုံးသူများအကြောင်း သိပြီဆိုရင်တော့ ထိုသူများမြင်တွေ့ကြားသိနိုင်ဖို့ တီဗွီ၊ ရေဒီယို၊ လမ်းညွှန်စာအုပ်၊ သတင်းစာ၊ ဂျာနယ်များနဲ့ အွန်လိုင်းအစရှိတဲ့ကြော်ငြာပလက်ဖောင်းများအနက် ဘယ်နေရာကနေကြော်ငြာမယ်ဆိုတဲ့နေရာကိုရွေးရပါမယ်။

 () ကြော်ငြာအတွက်သုံးမယ့် ငွေပမာဏစာရင်းကိုရေးဆွဲပါ။

- မိမိလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် ကြော်ငြာထည့်မယ့်အခါမှာ သုံးစွဲမယ့်ငွေပမာဏစာရင်းဟာ အင်မတန်အရေးကြီးလှပါတယ်။

Read More >>> သင့်ရဲ့လက်လီလုပ်ငန်းကို စနစ်တကျဦးဆောင်လုပ်ကိုင်ချင်တယ်ဆိုရင်

() ကြော်ငြာမှာထည့်ချင်တဲ့ မိမိလုပ်ငန်းအကြောင်းအရာကို သေချာရွေးချယ်ပါ။

- ကြော်ငြာဆိုတာ နေရာသေးသေးလေး(သို့)အချိန်တိုလေးအတွင်းမှာ မိမိလုပ်ငန်း(သို့)ပစ္စည်းအကြောင်း စားသုံးသူများကို အသိပေးဆွဲဆောင်ရတာဖြစ်လို့ ကြော်ငြာမှာထည့်မယ့် လုပ်ငန်းအကြောင်းအရာကိုလည်း မှန်ကန်စွာရွေးချယ်ရပါမယ်။

 () လူတိုင်းကိုစိတ်ကျေနပ်မှုပေးဖို့ မကြိုးစားပါနဲ့။

- မိမိပစ်မှတ်ထားတဲ့ ဝယ်သူနဲ့စားသုံးသူရဲ့အာရုံစိုက်နှစ်သက်မှုကိုရရှိပြီး အောင်မြင်မှုရဖို့ကအဓိကဖြစ်တာကြောင့် လူတိုင်းရဲ့ကြိုက်နှစ်သက်မှုကိုမရလည်း ဒါကပြဿနာဖြစ်မလာနိုင်ပါဘူး။

Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)