-->
×

Warning

JUser: :_load: Unable to load user with ID: 29


Huawei အား Android ပိတ်သိမ်းခြင်းဟာ အမေရိကန် လုံခြုံရေးအတွက် မကောင်းဟု Google က ပြောဟုဆို

The Financial Times ရဲ့ သတင်းအရ Huawei အား Android ပိတ်သိမ်းခြင်းဟာ အမေရိကန် လုံခြုံရေးအတွက် မကောင်းဟု Google က ပြောကြောင်း သိရပါတယ်။

ဒီကိစ္စကို ဂူဂယ်လ်က အမေရိကန် အစိုးရအား တင်ပြမယ်လို့ သိရပါတယ်။ အဓိက အကြောင်းအရင်းက Huawei ဟာ Android ကို Hybrid Version အဖြစ် ပြောင်းမှာဖြစ်ပြီး ဒီလိုလုပ်ခြင်းဟာ Hack ခံရနိုင်ဖို့ အလားအလာများနေလို့ ဖြစ်ပါတယ်။

The Financial Times က အကြောင်းအရင်း အသေးစိတ်ကို မပြောပေမယ့် The Verge က အောက်ပါအတိုင်း ကောက်ချက်ဆွဲထားပါတယ်။

Read More >>> အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အကြောင်း

“Huawei ရဲ့ ရောသမမွှေ Android OS မှာ Google Service များ မပါပါဘူး။ အဲဒီအတွက် Malware, Virus များကို အလိုလို စစ်ဆေးပေးတဲ့ Google Play Protect လည်း မပါပါဘူး။ ဒါ့အပြင် Play Store မဟုတ်တဲ့ အခြား App Store များဟာ လုံခြုံမှု သိပ်မရှိပါဘူး။ ကမ္ဘာအဝန်းမှာ ရောင်းချမယ့် Huawei ရဲ့ ရောသမမွှေ Android ပါတဲ့ ဖုန်းများဟာ လုံခြုံရေး အားနည်းလာပြီး ဟက်ခံရဖို့ များပါတယ်။ အမေရိကန်မှ လူတစ်ဦးဟာ အရေးကြီး သတင်းအချက်အလက်များကို ဟက်ခံထားရတဲ့ Huawei ဖုန်းကို ပို့မိနိုင်ပါတယ်။ End-to-end Encryption ကို သုံးရင်တောင် ဖုန်းမှ Malware က အဲဒီ သတင်းအချက်အလက်များကို သိနိုင်ပါတယ်။”

crd- Digital times

Myanmar Advertising Agency

Read times
Rate this item
(0 votes)