-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘွတ်ခ်စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့ ပူးတွဲတည်ထောင်သူ Eduardo Saverin

ဖေ့ဘွတ်ခ်စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့ ပူးတွဲတည်ထောင်သူ Eduardo Saverin Google

လူတော်တော်များများက Facebook ဆိုလို့ပြောလိုက်ရင် ZukerBerg တစ်ယောက်တည်းကိုပဲ ပြေးမြင်တတ်ကြတဲ့အတွက် Facebook ကို ပူးတွဲတည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Eduardo Saverin အကြောင်းကို မျှဝေပေးချင်ပါတယ်။

Social Network ဆိုတဲ့ ရုပ်ရှင်ကြည့်ဖူးရင်တော့ Eduardo Saverin ကို သိပါလိမ့်မယ်။ Mark Zukarberg ရဲ့သူငယ်ချင်း၊ Facebook စတင်ဖို့ ငွေအရင်းအနှီးထုတ်ပေးတဲ့သူ၊ နောက်တော့ Facebook ကနေ Mark ZukerBerg ရဲ့ကန်ထုတ်ခြင်းကိုခံရတဲ့ပြီး နောက်ပိုင်း Mark ZukerBerg ကို တရားပြန်စွဲခဲ့တဲ့သူ၊ အမှုတွေရင်ဆိုင်ပြီးနောက်ပိုင်း Facebook မှာ ပူးတွဲတည်ထောင်သူရာထူးကိုပြန်ရခဲ့ပြီး Facebook ရဲ့ ရှယ်ယာအချို့ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Saverin ဟာ ဘရာဇီးနိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပြီး ချမ်းသာတဲ့ဂျူး-ဘရာဇီးမိသားစုက မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အဖေကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ shpping လုပ်ငန်းနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။ သူ့ အမေကတော့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ သူ့အဖိုးကတော့ ရိုးမေးနီးယားနိုင်ငံမှာ Tip Top ဆိုတဲ့ ကလေးအထည် Brand တွေရောင်းတဲ့ Retail Shop chain ကြီးကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှတော့ သူတို့မိသားစုဟာ အမေရိကန်နိုင်ငံမီယာမီမြို့ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။

Saverin ဟာ မီယာမီမှာ အထက်တန်းကျောင်းအောင်မြင်ပြီးနောက် ဟားဗတ်တက္ကသိုလ်ကို တတ်ရောက်ခဲ့ပါတယ်။ ဟားဗတ်မှာတတ်နေတုန်း နာမည်ကြီး Phoenix SK Club ရဲ့ အဖွဲ့ ဝင်တစ်ယောက်ဖြစ်ခဲ့သလို Harvard Investment Association ရဲ့ President အနေနဲ့လည်း လုပ်ခဲ့ပါသေးတယ်။ Harvard မှာ ကျောင်းတတ်နေရင်းနဲ့ပဲ ဘရာဇီးနိုင်ငံရဲ့လျော့ပါးလှတဲ့ trading စည်းမျဉ်းတွေကိုအသုံးပြုပြီး ရေနံလုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံမှုပြုလိုက်တာကနေ ဒေါ်လာ(၃)သိန်းလောက် ရရှိလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Harvard ကနေ Economic bachelor degree ကိုရခဲ့ပါတယ်။

အဲ့ဒီအချိန်အတွင်းမှာပဲ Mark Zukerberg နဲ့ တွေ့ခဲ့ကြတယ်။ ဟားဗတ်ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ social networking sites တစ်ခုမရှိတာကိုစဉ်းစားမိပြီး သူတို့နှစ်ဦးဟာ Facebook ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြပါတယ်။ Facebook ရဲ့ပူးတွဲတည်ထောင်သူအနေနဲ့ Saverin ဟာ Facebook ရဲ့Chief Financial Officer ရာထူးနဲ့ Business Manager ရာထူးကို ယူထားခဲ့ပါတယ်။ Facebook အောင်မြင်လာတဲ့နောက်ပိုင်းမှာတော့ Saverin ရဲ့ share တွေကို Mark Zukerberg က တခြားသူကိုလွှဲပြောင်းရောင်းချပြီး Saverin ကို Facebook ကနေ ကန်ထုတ်လိုက်တာကစပြီး Mark နဲ့ Saverin ကြား ပြဿနာစခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ Saverin ကို ဘယ်လိုကန်ထုတ်လိုက်ပြီး သူ့ရဲ့share တွေကိုဘယ်လို လွှဲပြောင်းလိုက်ကြောင်းဖြစ်စဉ်ကို အသေးစိတ်ရေးသားထားတဲ့ email တစ်စောင်ကို Zukerberg ထဲကနေ Business Insider အဖွဲ့အစည်းက ရရှိခဲ့ပါတယ်။ Facebook နဲ့ Saverin အကြား အပြန်အလှန်တရားစွဲဆိုမှုတွေ ဖြစ်ခဲ့ကြပြီးနောက် အပြင်ကိုမပေါက်ကြားဖို့ကတိပြုထားတဲ့ သဘောတူညီမှုတွေရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Saverin ကို Facebook ရဲ့co-founder အနေနဲ့ ပြန်လည်သတ်မှတ်ထားခဲ့ပါတယ်။ Saverin အနေနဲ့လည်း ဒီသဘောတူညီချက်တွေကို အပြင်ကိုပြန်မပြောဖို့ လက်မှတ်ရေးထိုးပေးခဲ့ရပါတယ်။

 Read More>>>အောင်မြင်ချင်သူတွေ ဘယ်တော့မှလုပ်လေ့မရှိတဲ့အချက်(၅)ချက်

Facebook နောက်ပိုင်း Saverin ရဲ့လုပ်ငန်းတွေကတော့၂၀၁၀ ခုနှစ်မှာတော့ Saverin နဲ့ မက်ဆီကန် စွန့်ဦးတီထွင်တစ်ဦးဖြစ်တဲ့ Aldo Alvarez တို့ဟာ Aporta ဆိုတဲ့ Charity လုပ်ငန်းတွေအတွက် ရည်ရွယ်ထားတဲ့ Online portal တစ်ခုတည်ထောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Saverin ဟာ ဒေါ်လာ သန်း ၁၄၀ ကျော်ကို အာရှနိုင်ငံတွေဖက်မှာ အသုံးပြုဖို့ မြုပ်နှံခဲ့ပါတယ်။ အဲ့ဒီထဲမှာအာရှအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Ninja Van လုပ်ငန်းကို ဒေါ်လာ သန်း ၃၀ မြုပ်နှံခဲ့ပါတယ်။

Social Network ဇာတ်လမ်းမှာတော့ Saverin နေရာမှာ သရုပ်ဆောင် Andrew Garfield ကပါဝင်ခဲ့ပြီး Golden Globe Award မှာ အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင်အနေနဲ့ nomination ပါဝင်ခဲ့ပါတယ်။ Saverin ဟာ မက်ဆာချူးဆက်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းတော်တော်များများပိုင်ဆိုင်တဲ့ အင်ဒိုနီးရှားဖွား၊ တရုတ်မိသားစုက အမျိုးသမီးတစ်ဦးဖြစ်သူ Elaine နဲ့ ချစ်ကျွမ်းဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ Saverin ဟာ ၁၉၉၈ ခုနှစ်မှာ စင်ကာပူမှာနေထိုင်ချင်တဲ့အတွက် အမေရိကန်နိုင်ငံအဖြစ်ကို စွန့် လွှတ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကတည်း စင်ကာပူနိုင်ငံမှာနေထိုင်ခဲ့ပါတယ်။ ဒီလိုနိုင်ငံသား စွန့်လွှတ်မှုတွေကြောင့်လည်း အခွန်ကိစ္စတွေမှာ တော်တော်ပြဿနာတွေ ရှင်းလိုက်ရပါသေးတယ်။ ဒါကတော့ Facebook co-founder တစ်ယောက်ဖြစ်တဲ့ Eduardo Saverin အကြာင်းပဲဖြစ်ပါတယ်။ Facebook လို့ ဆိုလိုက်လျှင် Zukerberg တစ်ယောက်တည်းကိုပဲ ပြေးမြင်မိကြတဲ့အတွက် အခြားတည်ထောင်သူတွေကိုပါ သိရအောင်ရေးလိုက်တာပါ။

Source; လူယ်မီဒီယာ

Myanmar Advertising Directory

Read times
Rate this item
(0 votes)