-->
×

Warning

JUser: :_load: Unable to load user with ID: 29


အောင်မြင်ချင်သူတွေ ဘယ်တော့မှလုပ်လေ့မရှိတဲ့အချက်(၅)ချက်

အောင်မြင်ချင်သူတွေ ဘယ်တော့မှလုပ်လေ့မရှိတဲ့အချက်(၅)ချက် Google

အောင်မြင်သူတွေဟာရရှိလာတဲ့ အခွင့်အရေးတွေကို မှန်ကန်စွာအသုံးချနိုင်သလို အခွင့်အရေးရပြီဆိုရင်လည်း ထိရောက်စွာအသုံးချတတ်ကြပါတယ်။

သူတို့မှာကိုယ်ပိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အဲဒီစည်းမျဉ်းတွေကိုလည်း အလေးအနက်ထားလိုက်နာကြပါတယ်။

(၁) အလုပ်တွေပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခြင်း။

အောင်မြင်သူများရဲ့အမူအကျင့်ဟာ ကိုယ်တာဝန်ယူထားတဲ့ အလုပ်တစ်ခုကိုအောင်မြင်အောင် လုပ်ဆောင်နိုင်သလို ကိုယ့်ရဲ့Limit ကိုလည်း ကိုယ်သိပါတယ်။ တစ်နေ့မှာ (၂၄)နာရီပဲရတဲ့အတွက် အဲဒီအချိန်ပိုင်းအတွင်းမှာ ဘယ်လောက်ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း ကြိုတင်တွက်ချက်ထားနိုင်ကြပါတယ်။ ကိုယ့် Limit ကိုယ်မသိဘဲ အလုပ်တွေမနိုင်မနင်းလက်ခံလိုက်တာက ညံ့ဖျင်းတဲ့အချိန်စီမံခန့်ခွဲမှုတစ်ခု ဖြစ်သလို ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကိုလည်း ကျဆင်းစေပါတယ်။

(၂) လျှပ်စစ်ပစ္စည်းတွေနဲ့ အချိန်ဖြုန်းခြင်း။

လူအများစုဟာ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ဂိမ်းစက်တွေ၊ တီဗီတွေရှေ့မှာပဲ အချိန်တော်တော်များများကို အသုံးပြုနေရပါတယ်။ နည်းပညာကိုအသုံးချပြီး အလုပ်ပိုမိုလွယ်ကူမြန်ဆန်အောင် လုပ်ဆောင်တာကောင်းပေမယ့် Facebook တို့၊ Twitter တို့လို လူမှုကွန်ရက်တွေနဲ့ပဲ အချိန်ဖြုန်းနေတာတို့၊ ဂိမ်းစက်တွေ ရှေ့မှာထိုင်ပြီး ဂိမ်းဆော့နေမိလို့ အလုပ်မတွင်ကျယ်တာတို့ကတော့ မဖြစ်သင့်ပါဘူး။ အောင်မြင်သူများဟာ လျှပ်စစ်ပစ္စည်းများကို အသုံးပြုပြီး ဘယ်လုပ်ကိုပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမလဲဆိုတာကို အမြဲတွေးတောနေတတ်ပါတယ်။

Read More>>>သင်မသိသေးတဲ့ တစ်ဒေါ်လာတန်ငွေစက္ကူပေါ်က ထူးခြားတဲ့သင်္ကေတများ

(၃) အာရုံလွင့်ပျယ်တတ်ခြင်း။

ဦးစားပေးအစီအစဉ်တွေ ခဏခဏပြောင်းလဲတတ်ခြင်းမျိုးဟာ ကောင်းမွန်တဲ့နည်းလမ်းမဟုတ်တဲ့အတွက် ရှောင်ကြဉ်ပါ။ အာရုံစူးစိုက်မှုအပြည့်ရှိတဲ့ လူတစ်ယောက်ဟာဘယ်အရာတွေကို ဦးစားပေးသင့်တယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ အလုပ်တစ်ခုလုပ်မယ်စိတ်ကူးတိုင်း ဟိုဟာအရင်လုပ်ရနိုး၊ ဒီဟာအရင်လုပ်ရနိုးဖြစ်နေရင်တော့ ဘာအလုပ်ကိုမှဖြစ်ဖြစ်မြောက်မြောက် လုပ်ဖြစ်မှာမဟုတ်ပါဘူး။

(၄) တစ်ဝက်တစ်ပျက်တွေ လုပ်တတ်ခြင်း။

အလုပ်တစ်ခုကိုပြီးဆုံးသည်အထိမလုပ်ဘဲ တစ်ဝက်တစ်ပျက်အဆင့်မှာထားခဲ့ပြီး နောက်တစ်ခုအပေါ်အာရုံရောက်သွားတာမျိုးကို မပြုလုပ်သင့်ပါဘူး။ အောင်မြင်တဲ့လူတွေဟာလည်း အလုပ်တွေကို ပြီးမြောက်အောင်လုပ်နိုင်ကြတဲ့အတွက် အောင်မြင်မှုတွေများစွာရရှိနေတာဖြစ်ပါတယ်။

(၅) သေချာနားမထောင်တတ်ခြင်း။

တခြားလူတွေပေးတဲ့ အကြံဉာဏ်သစ်တွေ၊ စိတ်ကူးသစ်တွေကို သေချာနားမထောင်တတ်ခြင်းဟာလည်း အောင်မြင်မှုပန်းတိုင်းကို ဟန့်တားစေနိုင်တဲ့အကျင့်ဆိုးတစ်ခုပါပဲ။ တစ်ခါတလေမှာ တကယ်သိတာထက် ပိုသိပိုတတ်နေတယ်လို့ ထင်တတ်ကြပြီး တခြားလူတွေပေးတဲ့ အကြံဉာဏ်ကောင်းတွေကို လစ်လျူရှုမိတတ်ကြပါတယ်။ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေကတော့ တခြားလူတွေပေးတဲ့ အကြံဉာဏ်ကောင်းတွေကို တလေးတစားရှိတတ်ကြပြီး အကျိုးရှိအောင် အသုံးချတတ်ကြပါတယ်။

Source: Mm special news (Power Of Positivity)
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)