-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေမသိသေးတဲ့ ကမ္ဘာပေါ်ရှိအမျိုးသမီးတွေရဲ့ စွန့်ဦးတီထွင်မှုတွေအကြောင်း

လူတွေမသိသေးတဲ့ ကမ္ဘာပေါ်ရှိအမျိုးသမီးတွေရဲ့ စွန့်ဦးတီထွင်မှုတွေအကြောင်း Google

ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ စားစရာသောက်စရာ တစ်ချို့ဟာ အမျိုးသမီးတွေစတင်တီထွင်ခဲ့တဲ့ ပစ္စည်းတွေဆိုတာ နောက်မှသိရပါတယ်။

အမျိုးသမီးတွေကို အားနွှဲသူတွေဆိုပြီး တစ်ဖက်ပိတ်ရှု့မြင်လို့မရပါဘူး။ သူတို့အစွမ်းအစတွေဟာ အမျိုးသားတစ်ယောက်ထက်တောင် ပိုချင်ပိုနိုင်ပါသေးတယ်။ လူတွေမသိသေးတဲ့ ကမ္ဘာပေါ်ရှိအမျိုးသမီးတွေရဲ့ တီထွင်မှုတွေအကြောင်း လေ့လာကြည့်လိုက်ရအောင်။

(၁) Monopoly

ဘုတ်ဂိမ်းတွေထဲမှာနာမည်အကြီးတစ်ခုလို့ပြောလို့ရတဲ့ မိုနိုပိုလီကစားနည်းကို ၁၉၀၄ ခုနှစ်မှာ အဲလီဇဘတ်မာဂီက The Landlord’s Game ဆိုတဲ့ နာမည်နဲ့မူလအစ ဖန်တီးခဲ့ပါတယ်။ နောက်နှစ်(၃၀)အကြာလည်းရောက်ရော ချားလ်စ်ဒါရိုးဆိုတဲ့လူက သူမရဲ့ဂိမ်းကို မလှိမ့်တပတ်လုပ်ပြီး ပါကားညီအစ်ကိုတွေထံကို ရောင်းချလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ကုမ္ပဏီဟာမာဂီကို တစ်ခါခြေရာခံပြန်ရှာခဲ့ပြီး သူမရဲ့ဒုက္ခတွေအတွက် ဒေါ်လာ ၅၀၀ ပေးခဲ့တယ်လို့ သိရတယ်။

(၂) ဆေးထိုးပြွတ်

၁၈၉၉ ခုနှစ်မှာ လတီရှာဂျီအာဆိုတဲ့အမျိုးသမီးဟာ လက်တစ်ဖက်တည်းနဲ့သုံးပြုနိုင်မယ့် ဆေးထိုးပြွတ်ကိုတီထွင်ခဲ့ပါတယ်။ ဆေးသွားထိုးလို့ ဆရာဝန်လက်တစ်ဖက်တည်းနဲ့ထိုးပေးရင် သူမကိုသတိရလိုက်ပါ။

(၃) ရေခဲသေတ္တာ

ခေတ်သစ်ရေခဲသေတ္တာကို ဖလော်ရန်စ့်ပါးပတ်ဆိုတဲ့ အမျိုးသမီးက ၁၉၁၄ ခုနှစ်မှာ တည်ထွင်ခဲ့ပါတယ်။ ၁၉၀၀ ပြည့်နှစ်တုန်းကလည်း အင်မတန်အကျိုးထိရောက်မှုရှိတဲ့ လမ်းသန့်ရှင်းရေးစက်အတွက် မူပိုင်ခွင့်ကိုရရှိခဲ့တယ်။ အဲ့ဒါကို ဈေးကွက်တင်ရောင်ခဲ့ပြီး အမေရိကားတစ်လွှား ပေါက်ရောက်ခဲ့ပါတယ်။

(၄) ရေခဲမုန့်လုပ်စက်

ရေခဲမုန့်ခဲတဲ့စက်ကို ၁၈၄၃ ခုနှစ်မှာ နန်စီဂျွန်ဆင်ဆိုတဲ့ အမျိုးသမီးကတီထွင်ခဲ့ပါတယ်။ နောက်ပြီး လျှပ်စစ်ရေခဲမုန့်လုပ်စက်ကိုတောင်မှ တီထွင်သွားခဲ့ပါတယ်။

(၅) ကွန်ပျူတာအယ်လဂိုရီသမ်

အဒါလက်ဗ်လေ့စ်ဆိုတဲ့အမျိုးသမီးဟာ သိပ္ပံပညာရှင်မိခင်ရဲ့ အားပေးမှုတွေနဲ့အတူ ငယ်ငယ်ကတည်းက သချာင်္ချန်ပီယံဖြစ်ခဲ့ပါတယ်။ လက်ဗ်လေ့စ်ဟာ ချားလ်စ်ဘတ်ဘေ့ဂ်ျဆိုတဲ့သူနဲ့ လန်ဒန်တက္ကသိုလ်မှာတူတူ အလုပ်တွဲလုပ်ပြီး အဲ့ဒီ့အမျိုးသားရဲ့ပိုင်းခြားစီစစ်ရေးစက်ကိုတီထွင်ပြီး သချာင်္အယ်လဂိုရီသမ်တွေနဲ့ ပရိုဂရမ်တွေကိုမြှင့်တင်ဖို့ အားထုတ်ခဲ့ပါတယ်။ အဲ့ဒီကနေပဲ ပထမဆုံးကွန်ပျူတာပရိုဂရမ်မာ ဖြစ်လာခဲ့တယ်။

(၆) CCTV

၁၉၆၉ ခုနှစ်မှာ Marie Van Brittan Brown ဆိုတဲ့ အမျိုးသမီးဟာ ရုပ်မြင်လုံခြုံရေးစနစ်ကို တီထွင်ခဲ့ပါတယ်။ လူတွေရဲ့ ဘေးကင်လုံခြုံမှုအတွက် အထောက်အကူဖြစ်ရန်ရည်ရွယ်ခဲ့ပြီး၊ သူမရဲ့တီထွင်မှုပုံစံက ဒီနေ့ခေတ် အိမ်တွေအတွက်နဲ့ရဲကိစ္စတွေအတွက် အသုံးချစီစီတီဗီစနစ် အခြေခံဖြစ်ခဲ့ပါတယ်။

Read More>>>သင်မအောင်မြင်တာမဟုတ်ပါဘူး သင့်ဆီမှာရှိတဲ့ဒီအကျင့်တွေကိုမဖျောက်ဖျက်နိုင်လို့ပါ

(၇) ကွန်ပျူတာဆောဖ့်ဝဲ

ဒေါက်တာ Grace Murray Hopper ဟာ COBOL ကို တီထွင်ခဲ့တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်ဖြစ်ပြီး U.S. navy ရဲ့ ရှေ့ဆောင်ရေတပ်ဗိုလ်ချုပ်ကြီး ဖြစ်တယ်။ သူမဟာ ကွန်ပျူတာစနစ်ဝေါဟာရတစ်ခုဖြစ်တဲ့ bug ဆိုတာကို စတင် အသုံးပြုခဲ့သူဖြစ်တယ်။

(၈) ဘီယာ

ရှေးမီဆိုပိုတေးမီးယန်းအမျိုးသမီးတွေကို ပထမဆုံးဘီယာတီထွင်သူတွေလို့ ဘီယာသမိုင်းလေ့လာသူ Jane Peyton က အခိုင်အမာဆိုပါတယ်။ တီထွင်ခဲ့တာ ဘယ်သူဘယ်ဝါ၊ ခုနှစ်အတိအကျဆိုတာမျိုး ရေရေရာရာမသိရပေမယ့်၊ ကစော်ဖောက်တဲ့နည်းပညာကတော့ တစ်ကမ္ဘာလုံးရဲ့ ရှေးအမျိုးသမီးတွေတွေ့ရှိခဲ့တာလို့ အခိုင်အမာပြောလို့ရနိုင်ပါတယ်။

Credit; ShweMon

 

Read times
Rate this item
(0 votes)