-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒုတိယအများဆုံးငွေပမာဏနဲ့ FTC မှ ဒဏ်ရိုက်ခံလိုက်ရတဲ့ဖေ့ဘွတ်ခ်

ဒုတိယအများဆုံးငွေပမာဏနဲ့ FTC မှ ဒဏ်ရိုက်ခံလိုက်ရတဲ့ဖေ့ဘွတ်ခ် Google

အမေရိကန်ကုန်သွယ်ရေး ကော်မရှင် (FTC) က ဖေ့ဘွတ်ခ်ကို ဒေါ်လာ (၅)ဘီလီယမ် ဒဏ်ရိုက်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့နံနက်က ကြေညာလိုက်ပါတယ်။

Cambridge Analytica ကိစ္စနဲ့ အခြားသုံးစွဲသူဒေတာများ ပေါက်ကြားမှုတွေကြောင့် အခုလို ဒဏ်ရိုက်လိုက်တာပါ။ ဒီဖြစ်ရပ်များကို FTC က စုံစမ်းနေတာတစ်နှစ်လောက်ရှိပါပြီ။

ဒီဒဏ်ငွေ ပမာဏဟာ FTC က ဒဏ်ရိုက်ခဲ့ဖူးသမျှထဲမှာ ဒုတိယအများဆုံး ဖြစ်လာပါတယ်။ ဖေ့ဘွတ်ခ်ဟာ ဒဏ်ငွေအပြင် FTC ရဲ့ ကန့်သတ်မှုများကိုပါ လိုက်နာရမှာပါ။ ဖေ့ဘွတ်ခ်ဟာ သူ့ရဲ့ ထုတ်ကုန်အသစ်တွေ၊ ဝန်ဆောင်မှု အသစ်တွေတိုင်းအတွက် Privacy Review ကို ပြုလုပ်ရမှာဖြစ်ပြီး ကွာတားတိုင်းမှာ စီအီးအိုနဲ့ကုမ္ပဏီပြင်ပမှ စုံစမ်းစစ်ဆေးသူများကို တင်ပြရမှာပါ။

ဒေါ်လာ (၅) ဘီလီယမ်ဟာ များပြားတယ်ဆိုပေမယ့် ဖေ့ဘွတ်ခ်အတွက်တော့ သိပ်မမှုပါဘူး။ ဖေ့ဘွတ်ခ်ဟာ ၂၀၁၈ ခုနှစ်မှာ ကြော်ညာများကနေ ဒေါ်လာ (၅၅)ဘီလီယမ် ရခဲ့ပြီး (၅)ဘီလီယမ်ဟာ အဲဒီ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းတောင်မရှိပါဘူး။

ဖေ့ဘွတ်ခ်က ပြီးခဲ့တဲ့နှစ်မှာ အသုံးပြုသူ (၈၇)သန်းကျော်ရဲ့ ဒေတာများကို နိုင်ငံရေးအကြံပေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Cambridge Analytica က ရယူသွားတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဗြိတိန်က Cambridge Analytica ကိစ္စကြောင့် ဖေ့ဘွတ်ခ်ကို စတာလင်ပေါင် ၅၀၀,၀၀၀ ဒဏ်ငွေ ရိုက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ကရိုက်မယ့် ဒဏ်ငွေကတော့ ဒီထက်အများကြီးပိုများသွားပါတယ်။

Read More>>>ဆိုရှယ်မီဒီယာအသုံးပြုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကဘာတွေလဲ

Source; Digital Times

Read times
Rate this item
(1 Vote)