-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင်မသိသေးတဲ့ Supreme Brand အကြောင်း

သင်မသိသေးတဲ့ Supreme Brand အကြောင်း Google

Supreme ကို ၁၉၉၄ ခုနှစ်မှာ အင်္ဂလိပ်လူမျိုး James Jebbia က New York မြို့ Layfayette လမ်းမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

James Jebbia က ဒီ အဝတ်အစား Retails လုပ်ငန်းကို တစ်ချိန်မှာနာမည်ကြီးဘရန်းဖြစ်လာမယ့် UNDEFEATED founder ဖြစ်သူ Eddie Cruz နဲ့ လေ့လာသင်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ထူးခြားချက်က Streetwear Culture ရဲ့  ဦးဆောင်သူနံပါတ်တစ်လို့ ဆိုနိုင်မဲ့ Stussy မှာလည်း မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့ဖူးသူပါ။ Supreme ရဲ့  အသံထွက်အမှန်က “စူပရီးမ်း” ပဲဖြစ်ပါတယ်။ Supreme ကတော့ အခုအချိန်မှာ ၁ ဘီလျံ တန်ဖိုးရှိပြီး ဘာကြောင့်အောင်မြင်နေရတာလဲ။

Supreme မတိုင်ခင် ၁၉၈၉ မှာ Stussy ရဲ့  တည်ထောင်သူ Shawn Stussy နဲ့ ပူးပေါင်းပြီး Union NYC ဆိုတဲ့ ဆိုင်ကလေးဖွင့်ပါသေးတယ်၊ ဒီဆိုင်ကနေ England က ဘရန်းတွေကို တင်သွင်းရောင်းချပါတယ်။ ၁၉၉၄ ခုနှစ် အရောက်မှာတော့ James Jebbia က Supreme ကို စတင်တည်ထောင်ခဲ့ပါတယ်။ Supreme ဆိုတဲ့ စကိတ်ဆိုင်ကို James Jebbia ပုံဖော်တဲ့အိုင်ဒီယာက အဲ့ဒီခေတ်မှာဆို ထူးခြားပြီးသူများတွေနဲ့ မတူတာအမှန်ပါပဲ။ သူ့ရဲ့  ပုံဖော်မှုက ဆိုင်မှာရောင်းချမယ့် အဝတ်အစားတွေက ဆိုင်ရဲ့ ပတ်ပတ်လည် ပရဝံမှာထားမယ်၊ အလယ်မှာဝန်းအကျယ်ကြီးထားပြီး ကျောပိုးအိတ် တွေ Skate တွေစီးပြီး ဝင်လာမယ့်စကိတ်တာတွေက စကိတ်ဘုတ်ပေါ်က ဆင်းစရာမလိုပဲ စီးလျက်သားဝင်လာနိုင်အောင် ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ စကိတ်စီးသူတွေအတွက် အကောင်းဆုံးဖန်တီးထားတာပဲဖြစ်ပါတယ်။

Supreme ရဲ့  စစဖွင့်တဲ့အချိန်မှာရောင်းချတဲ့ products တွေကတော့ Zoo York , Spitfire , Shorty’s စတဲ့ ဘရန်းတွေကို တင်သွင်းရောင်းချခဲ့တာပဲဖြစ်ပါတယ်။ Supreme ရဲ့  အနာဂတ်တစ်ခုလုံးကို ပြောင်းလဲခဲ့တဲ့ အစကတော့ Supreme ရဲ့  Logo ပဲဖြစ်ပါတယ်။ Supreme ရဲ့  Logo ကတော့ နာမည်ကြီး အမျိုးသမီး Artist ဖြစ်တဲ့ Barbra Kruger ရဲ့  Propaganda အနုပညာကို inspire လုပ်ထားတာပဲဖြစ်ပါတယ်။ ဒီ art မှာအသုံးပြုထားတဲ့ အနီရောင်စတုရန်းထဲက Futura Obilque Heavy Font ကို မှီငြမ်းပြီးပြန်လည်ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ Babra က Supreme က ဒီလိုဂိုကိုမှီငြမ်းတာနဲ့ပက်သက်ပြီး ကနဦးမှာဘာမှမပြောခဲ့ပေမယ့် Supreme က တခြားဘရန်းတစ်ခုကို လိုဂိုခိုးယူမှုနဲ့ ဒေါ်လာ ၁၀ သန်း တောင်းဆိုချိန်မှာတော့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

Supreme ဟာ တစ်ကမ္ဘာလုံး စုစုပေါင်း ၁၁ ဆိုင်ဖွင့်လှစ်ထားပါတယ်။ Supreme လိုဂိုတီရှပ်ကို Box Logo Tee (Bogo) လို့ခေါ်ကြပြီး Bogo ဟာ ၂၅ နှစ်အတွင်းမှာ အနုပညာရှင်တွေနဲ့ပူးပေါင်းပြီး ဒီဇိုင်းမျိုးစုံဖန်တီးတာတွေ၊ ဆိုင်အသစ်ဖွင့်ပွဲတွေမှာ အမှတ်တရ Box Logo ဒီဇိုင်းအသစ်တွေလည်း ထပ်မံဖန်တီးခဲ့ပါသေးတယ်။ ဘယ်လိုအကြောင်းနဲ့ ဖန်တီးတဲ့ Bogo ဖြစ်ဖြစ် ဖက်ရှင်လောကမှာ ရှားပါးစာရင်းဝင် လူကြိုက်အများဆုံး product အဖြစ်သတ်မှတ်ခံရပါတယ်။ Bogo တီရှပ်တစ်ထည်ရဲ့  မူရင်းဈေးဟာ ငါးသောင်းဝန်းကျင်သာရှိပေမဲ့ ပြန်ရောင်းဈေးဟာ ဒီဇိုင်းအပေါ် မူတည်ပြီး ၉ သိန်းကနေ သိန်း ၁၀၀ ၀န်းကျင် အထိရှိပါတယ်။ Supreme ရဲ့  ၁၉၉၈ ခုနှစ်ထုတ် ဂျပန်ဆိုင်ခွဲဖွင့်ပွဲအမှတ်တရ တီရှပ်ကဈေးအကြီးဆုံးဖြစ်ပါတယ်။

Streetwear ဘရန်းတစ်ခုဖြစ်တဲ့အလျှောက် ခွင့်ပြုချက်မရပဲ အခြားနာမည်ကြီး brand တွေရဲ့  ဒီဇိုင်းတွေကို အသုံးပြုတဲ့အခါ တရားစွဲဆိုခံရခြင်းတွေ၊ အဝတ်အစားတွေရောင်းချတာကို ရပ်ဆိုင်းခံရခြင်းတွေလည်းရှိခဲ့ပါတယ်။ ဥပမာ Supreme က ၂၀၀၀ ခုနှစ်မှာ Louis Vuitton Monogram Print တွေနဲ့ ဖန်တီးထားတဲ့ Box Logo Tee တွေနဲ့ စကိတ်ဘုတ်တွေဖန်တီးခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ LV က တရားဝင် အသိပေးစာပို့ခြင်းခံရပြီး မရောင်းချရသေးတဲ့ အဝတ်အစားတွေ skateboard တွေကို ဖျက်စီးမီးရှို့ဖို့ အကြောင်းကြားခံခဲ့ရပါတယ်။ ဒီလို တရားဝင်အကြောင်းကြားခံရခြင်းကြောင့် မားကတ်ထဲမှာရောက်ပြီးသား LV Bogo တွေနဲ့ Skateboard တွေရဲ့  ဈေးဟာကောင်းကင်အထိတက်သွားပြီး Supreme နဲ့ Box Logo တွေကို ပိုမိုအောင်မြင်စေခဲ့ပါတယ်။

Read More>>> စိတ်ကနေစမတ်ဖုန်းမှာစာရိုက်နိုင်မယ့် ဖေ့ဘွတ်ခ်နည်းပညာအသစ်

၂၀၁၀ ခုနှစ်နှောင်းပိုင်းတွေက Supreme ရဲ့အောင်မြင်မှုအရှိန်အရမ်းမြန်တဲ့နှစ်ဖြစ်ပြီး အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ celebrity influence တွေအများကြီးပါဝင်ခဲ့ပါတယ်။ Tyler the Creator , A$AP Rocky , Kanye West , Travis Scott တို့လို နာမည်ကြီးအနုပညာရှင်တွေက Supreme Box Logo ဟူဒီ၊ တီရှပ်တွေ၊ Supreme Camp ဦးထုပ်တွေကို လူငယ်တွေက မြင်ကြတဲ့အခါ Supreme ကို ဝယ်ရပိုမိုခက်ခဲတဲ့ ဘရန်းတစ်ခ ဖြစ်သွားစေပါတော့တယ်။ Supreme ဟာ စတင်တည်ထောင်စဉ်ကနေ ယနေ့အထိ collaboration မျိုးစုံ ဖန်တီးခဲ့တဲ့ ဘရန်းတစ်ခုလည်းဖြစ်ပြီး ဘရန်းသမိုင်းတစ်လျှောက် ၂၅ နှစ်အတွင်း artist ပေါင်း မြောက်များစွာနဲ့ ပူးပေါင်းခဲ့ပါတယ်။ Nike, Vans, The Jordan Brand, Playboy, The North Face, Lacoste, Timberland စတဲ့ ဘရန်းများနဲ့လဲပူးပေါင်းဖန်တီးခဲ့တဲ့ collection တွေလည်း မြောက်များစွာပဲဖြစ်ပါတယ်။

ဒီလို Collaboration တွေမှာဆို Supreme က ပူးပေါင်းတဲ့ ဘရန်းတွေရဲ့ နာမည်ကြီးပစ္စည်းတွေကို Supreme အရသာနဲ့ ပြန်လည်ဖန်တီးခဲ့ပြီး ဖန်တီးသမျှ collaboration တွေက အလွန်အမင်းအောင်မြင်ခဲ့တာတွေချည်းပဲ ဖြစ်ပါတယ်။ Brand တွေအပြင် နာမည်ကြီးရုပ်ရှင်၊ အဆိုတော်၊ ဓာတ်ပုံဆရာ စတာတွေနဲ့လည်း ပူးပေါင်းဖန်တီးပါသေးတယ်။ Supreme ရဲ့  အောင်မြင်မှုကြီးမားလာမှုက တစ်ချိန်ကတရားစွဲစိုဖို့ ခြိမ်းခြောက်အသိပေးခဲ့တဲ့ Louis Vuitton နဲ့ပါ ၁၅ နှစ်အကြာမှာ ပူးပေါင်းဖန်တီးခဲ့တဲ့အထိပဲ ဖြစ်ပါတယ်။ Supreme နဲ့ Louis Vuitton ရဲ့  ပူးပေါင်းခြင်းက fashion မှာ ခွဲခြားထားတာမရှိဖူး Street နဲ့ High Fashion ကြားက မျဉ်းဟာဝါးမျိုသွားပြီဆိုတာကို ဖော်ပြတဲ့သက်သေပဲဖြစ်ပါတယ်။

မည်သို့ပင် အအောင်မြင်ဆုံးဘရန်းတစ်ခုအဖြစ် ရပ်တည်နေပေမဲ့လည်း Supreme ဟာ အခုအချိန်ထိ Skate ဘရန်းတစ်ခုလို၊ Skate အရသာအပြည့်အဝပေးဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်။ တစ်ဘက်မှာလဲ လူငယ်တွေအတွက် အဝတ်အစားကနေ အသုံးအဆောင်ထိရရှိနိုင်တဲ့ ဘရန်းတစ်ခုဖြစ်လို့ Lifestyle ဘရန်းတစ်ခုအဖြစ်သတ်မှတ်ပြီး ရူးသွပ်စွာဝယ်ယူအားပေးနေကြတာပဲ ဖြစ်ပါတယ်။

Source; Taste

 

Read times
Rate this item
(1 Vote)