-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေအသုံးများနေတဲ့ TikTok ရဲ့ နောက်ခံသမိုင်းကြောင်း

လူတွေအသုံးများနေတဲ့ TikTok ရဲ့ နောက်ခံသမိုင်းကြောင်း Google

ကျန်ခဲ့တဲ့နှစ်တွေတုန်းက Social platform တွေရဲ့ ပြိုင်ဆိုင်မှုဟာ အဓိက platform တွေဖြစ်တဲ့ Facebook, Instagram နဲ့ Twitter တွေကြားမှာသာရှိခဲ့တာ ဖြစ်ပါတယ်။

ခုဆိုရင် သူတို့တွေကိုကျော်ပြီး နေရာယူလာတဲ့ Application တစ်ခုပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။ အဲ့ဒါကတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ရေပန်းစားနေတဲ့ TikTok ပဲဖြစ်ပါတယ်။

Douyin လို့လည်းသိထားကြတဲ့ TikTok ကို ၂၀၁၆ မှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး အဲ့ကတည်းက social platform တွေကြားမှာ သုံးစွဲသူများလာတာပဲဖြစ်ပါတယ်။ ဒီနေရာမှာတော့ TikTok ရဲ့ နောက်ခံသမိုင်းကြောင်းလေးကို နည်းနည်းပြောပြပေးချင်ပါတယ်။ ၂၀၁၆ မတိုင်ခင် အစောပိုင်းကာလတွေတုန်းက TikTok ကို တရုတ်နိုင်ငံမှာ A.me အဖြစ် စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ မိတ်ဆက်ပြီး သိပ်မကြာခင်မှာပဲ နာမည်ကို A.me ကနေ Douyin လို့ပြောင်းခဲ့တာဖြစ်ပါတယ်။

တစ်နှစ်အတွင်းမှာပဲ Users က 100 Millions အထိရှိလာပြီး နေ့စဉ် Video ကြည့်ရှုသူက 1 Billion ထိရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ နိုင်ငံတကာဈေးကွက်ကို စတင်မိတ်ဆက်ခဲ့ပြီး TikTok လို့ Brand Name ပြောင်းလိုက်တာဖြစ်ပါတယ်။ TikTok ကို နောက်ကွယ် ကြိုးကိုင်ထားတာက ByteDance Internet Technology ကုမ္ပဏီဖြစ်ပါတယ်။ တချို့သတင်းတွေအရ ၂၀၁၆ မှာ ByteDance ဟာ Reddit ကို ရဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးမှာငြင်းပယ်ခံခဲ့ရပါတယ်။

Read More>>> အမေရိကန်ကြော်ငြာလောကရဲ့ Creative ပညာရှင် Alex Bogusky

နာမည်ရပြီးသားဖြစ်တဲ့ Musical.ly ဆိုတဲ့ Video Application ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံထက်နည်းနည်းပဲ လျော့တဲ့ဈေးနဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Application နှစ်ခုကိုပေါင်းလိုက်ပြီး Musical.ly ရဲ့ Users တွေကိုတော့ အသစ်ပြန်လည်တီထွင်ထားတဲ့ TikTok Version အသစ်ဆီကို ပို့လိုက်ပါတယ်။ ဒါကတော့ TikTok စတင်ခဲ့တဲ့အချိန်ဖြစ်ပြီး နိုင်ငံတကာမှာရှိတဲ့ အသုံးပြုသူတွေကြားမှာ စတင်နေရာယူခဲ့တာပဲဖြစ်ပါတယ်။

SensorTower Analysis အရ ၂၀၁၈ ခုမှာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ TikTok Download User ဟာ ၆၆၀ မီလီယံကျော်ထိ ရှိခဲ့တာဖြစ်ပါတယ်။ အဲ့နှစ်မတိုင်ခင်တုန်းက Download User ဟာ ၁၃၀ မီလီယံထိပဲရှိခဲ့တာဖြစ်တဲ့အတွက် ဒါဟာ တကယ့်ကိုမထင်မှတ်ထားတဲ့ တိုးတက်မှုနှုန်းပဲဖြစ်ပါတယ်။ WhatsApp, Messenger နဲ့ Facebook တို့ပြီးရင် TikTok ဟာ လေးခုမြောက် လူတွေအသုံးအများဆုံး Application တစ်ခုဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Credit; KanAung

 

Read times
Rate this item
(1 Vote)