-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိန္ဒိယရဲ့ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ ဂုရုကြီး Ram Ray ကွယ်လွန်


 




 


 





 

Unicode >>> 

 

ကမ္ဘာပေါ်ရှိဈေးကွက်စီးပွားရေးချဲ့ထွင်လုပ်ငန်းစုဖြစ်တဲ့ J. Walter Thompson မှကြော်ငြာပိုင်းဆိုင်ရာ အားထားရသူ ဂုရုကြီး Ram Ray ဟာ J. Walter Thompson ရဲ့ ရုံးခွဲတွေဖြစ်တဲ့ India ရုံးခွဲနှင့် ၊ အမေရိကန်ရုံးခွဲမှာ အနှစ် ၄၀ တိတိ တာဝန်ထမ်းဆောင် ခဲ့သူပါ။

Response India Private Limited မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ၏ ဘဝ တစ်ခုလုံးကို ကြော်ငြာလုပ်ငန်းနယ်ပယ်မှာသာ မြှပ်နှံထားခဲ့သူပါ။

Ram Ray ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ အင်္ဂါနေ့က ကွယ်လွန်သွားတယ်သိရပြီး Ram Ray အတွက် အိန္ဒိယ အစိုးရ အဖွဲ့ကိုယ်စား Derek O'Brien မှ သူ၏ Twitter အကောင့်တွင် ' အမြဲသတိရနေမှာပါ , ကြော်ငြာလောကကိုချစ်တဲ့ ဆရာကြီး Ram Ray ရေ '
ဆိုကာ သူ၏ Twitter အကောင့် တွင် ရေးသားထားသည်ကိုတွေ့ရပါသည်။

အကျော်အမော် သမိုင်းပညာ ရှင် ဖြစ်သော Ramachandra Guha မှလည်း သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' Ram Ray အတွက် များစွာမှ စိတ်မကောင်းဖြစ်မိပြီး , အိန္ဒိယရဲ့ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာ အတွက် ဆုံးရှုံးမူ့ကြီးတစ်ခုပါ' ဆိုကာ ရေးသားထားပါတယ်။

Response India Private Limited ရဲ့တရားဝင် ဝက်ဆိုက် ရဲ့ကြော်ငြာချက်အရ Ram Ray ဟာ အနှစ်လေးဆယ်တိတိ J. Walter Thompson မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အရေးကြီး အလုပ်တွဲလုပ်တဲ့ လုပ်ငန်းစုပေါင်း ၁၅၀ အထက်ရှိတယ်သိရပါသည်။

 

ဆပ်ကပ်ပိုင်ရှင် PT Barnum နှင့် သူ၏စိတ်ဝင်စားဖွယ်ရာ ဆပ်ကပ်ကြော်ငြာများ

 

Concern for Calcutta ရဲ့ ဥက္ကဋ္ဌ ကြီးတစ်ဖြစ်လဲအမှု့ထမ်းခဲ့ပါသေးတယ်။ HTA Madras, Bangalore, Calcutta,JWT San Francisco , JWT India နဲ့ USA , Clarion , Calcutta , Bangalore တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူပါ။

Ram Ray ဟာ ဓာတ်ပုံရိုက်ခြင်း , ဂရပ်ဖစ် ဒီဇိုင်းဆွဲခြင်း , စာပေ , ကွန်ပျူတာပိုင်းဆိုင်ရာပညာရပ်များ တွင် ဝါသနာထုံသည်ဟု သိရှိရပါသည်။

Ram Ray ဟာ အဖျားကြာရှည်သော ဝေဿနာ ဖြင့် အသက် ၇၇ နှစ်အရွယ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားပါပြီ။ကောင်းရာမွန်ရာရောက်ပါစေ Ram Ray ရေ။

 

Source From Business Standard

Myanmar Advertising Directory 

Read times
Rate this item
(0 votes)