-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဂျာမနီနိုင်ငံတွင်စီးကရက်ကြော်ငြာများ လုံးဝ ပြသခွင့်မပြု





 


 





Unicode >>> 

ဂျာမနီနိုင်ငံဟာ ကမ္ဘာ့ ပထမဦးဆုံးသော စီးကရက်ကိုအရိပ်အမြွတ်သာပြပြီး ကြော်ငြာများအား ဖယ်ရှားမည့်နိုင်ငံဖြစ်လာပါလိမ့်မည်။

မြန်မာနိုင်ငံတွင်လည်း မြို့နယ် ၁၀ မြို့နယ်ကို ဆေးလိပ် ကြော်ငြာများနှင့် လူစည်ကားရာနေရာများတွင် ဆေးလိပ်သောက်ခြင်းကို တားမြစ်မည်ဖြစ်သည်။

ဂျာမန် ကျန်းမာရေးဝန်ကြီးချုပ်ရဲ့အကြီးအကဲ ဖြစ်သူ Klaus Reinhardt ပြောကြားချက်ကတော့ - ' ကျွန်တော်တို့အနေနဲ့ ဆေးလိပ်ကြော်ငြာတွေ အတွက် အကြာကြီးဆွေးနွေးနေရတာ အင်မတန်မှ စိတ်ပျက်ဖို့ကောင်းပါတယ်၊
ဒါတွေက နဂိုထဲက ဖယ်ရှားပိတ်ပင်သင့်တဲ့ အရာတွေပါ ' ဆိုကာပြောပြခဲ့ပါတယ်။

အကြောင်းအရာကတော့ ဂျာမနီနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ ဆရာဝန် အချို့က နိုင်ငံရေးရာ ၊ ဥပဒေ ရေးရာများတွင် နေရာရရှိလာကြပါတယ် ဒါကြောင့်ပိုမိုစည်းကမ်းတင်းကျပ်လာတာပါ။

 

ကမ္ဘာ့ဆွဲဆောင်မူ့အရှိဆုံးအမျိုးသားဖြင့် ကြော်ငြာထားတဲ့ Ford ကားကြော်ငြာအသစ်

 

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်သည် ( Smoking Kills ) စတဲ့ စာလုံးဖော်ပြပြီး BillBoard ထောင်ခွင့် အစက ရှိခဲ့ပေမဲ့
ယခုအခါတွင်ဆေးလိပ်ကြော်ငြာများကို ဖယ်ရှားခြင်းမှာ တီဗီကြော်ငြာများတွင်သာမဟုတ်ပဲ လက်ကမ်းစာရွက်များ , လမ်းမထက်ရှိ Billboard များ , ရေဒီယိုမှတစ်ဆင့် ကြော်ငြာများအပြင်
အွန်လိုင်း ကြော်ငြာများကိုပါဖယ်ရှားသွားမှာပါလို့ သိရှိရပါတယ်။

၂၀၀၇ ခုနှစ် ကတည်းက ဂျာမနီနိုင်ငံ နိုင်ငံ ရဲ့ မြို့ကြီး အချို့တွင် လူစည်ကားတဲ့ နေရာများတွင် ဆေးလိပ်သောက်ခြင်း နှင့် ဆေးလိပ်ကြော်ငြာများကို Ban ထားပြီးဖြစ်ပါသည်။

အဆုတ်ရောဂါ ၊ ပန်းနာရင်ကြပ်ရောဂါဖြစ်တဲ့ လူကြီးပိုင်းတွေ များပြားလာတာနှင့်အမျှ ကျန်းမာရေးဌာန အနေနှင့် ဆိုးရိမ်မူ့လည်း လွန်ကဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ဆိုကာ
နိုင်ငံသားတစ်ဦးက ပြောပြထားပါတယ်။

အခုကတော့ ထိုအရိပ်အမြွတ်ပြ ဆေးလိပ်ကြော်ငြာများကို ( World Health Organization )WHO ရဲ့ လက်ခံချက်နှင့်အတူ ဂျာမနီတစ်နိုင်ငံလုံးမှာ ပြသခွင့် ပြုတော့မည်မဟုတ်ကြောင်းသိရှိရပါသည်။

Source from The Local De

Read times
Rate this item
(0 votes)