-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာ Influencer လေး Kendall Jenner

ကြော်ငြာ Influencer လေး Kendall Jenner google







 





 




 



 



 



 

<<<unicode>>>

 

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ကြော်ငြာ Influencer လေးကတော့ Victoria's Secret angel လေး Kendall Jenner ပဲဖြစ်ပါတယ်။

သူမရဲ့ နာမည်အရင်းက Kendall Nicole Jenner ပါ။

Kendall ကို 1995, November 3 မှာ အိုလံပစ်အားကစားချန်ပီယံ Bruce Jenner နဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Kris Jenner တို့က Los Angeles, US မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။

Kendall ကို Ken,Kenny စသည်ဖြင့် သူ့သူငယ်ချင်းတွေ သူ့ပရိသတ်တွေက ခေါ်ကြပါတယ်။

Jenner ညီမနှစ်ယောက်မှာသူမကအကြီးပါ။ သူမရဲ့ညီမလေးက ထင်ရှားကျော်ကြားတဲ့ ကြော်ငြာ Influencer လေး Kylie Jenner ပဲဖြစ်ပါတယ်။

တော်တော်များများသိကြတဲ့ Kardashian ညီအစ်မတွေနဲ့လဲ အမေတူဖအေကွဲတော်စပ်ပါတယ်။ Kendall ဟာ ညီအစ်မတွေအားလုံးထဲမှာ အရပ်အရှည်ဆုံးဖြစ်ပြီး သူမရဲ့အရပ်က 179 cm ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်ထဲက Kardashian တွေရဲ့ Keeping up with the Kardashian အစီအစဉ်မှာ ညီမဖြစ်သူ Kylie နဲ့အတူပါဝင်ခဲ့တာပါတဲ့။

 

Kendall နဲ့ Kylie တို့ဟာငယ်စဉ်က အထက်တန်းကျောင်းမှာ Cheerleader တွေလည်း ဖြစ်ပါတယ်။

Kendall ရဲ့အလယ်နာမည် Nicole က သူမအမေ Kris ရဲ့အချစ်ဆုံးသူငယ်ချင်းရဲ့နာမည်ကိုယူထားတာလို့ သိရပါတယ်။ Kendall ရဲ့မျက်လုံးနဲ့ဆံပင်အရောင်ကအညိုရင့်ရောင်လေးပါ။

Kendall ရဲ့မျက်လုံးနဲ့ ခြေထောက်က သူ့ခန္ဓာကိုယ်မှာ အလှဆုံးပါလို့သူမက လက်ခံထားပါတယ်။ အရောင်တွေထဲမှာ ခရမ်းရောင် ကသူမ အနှစ်သက်ဆုံးအရောင်ပါ။

 

ကြော်ငြာ Influencer လေး Finn Wolfhard


အမေရိကန်သူစစ်စစ်ဖြစ်ပြီးငယ်စဉ်ထဲကမြင်းစီးရတာကိုသဘောကျပါတယ်တဲ့။

Cara Delevingne,Gigi Hadid,Bella Hadid နဲ့ Hailey Baldwin တို့နဲ့လဲအချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။

 

သူမဟာ Victoria's Secret Fashion Show မှာ ပထမဆုံးအကြိမ်အဖြစ် 2015 က စတင်လျှောက်လမ်းခဲ့ပါတယ်။

2016 မှာဆက်ပြီးလျှောက်လှမ်းခဲ့ပေမဲ့ 2017 မှာတော့ပါဝင်ခဲ့ခြင်းမရှိပါဘူး။နောက်ပိုင်းနှစ်မှာတော့သူမဟာ Gigi နဲ့အတူပြန်လည်ပါဝင်လာပါတယ်။

Kendall ဟာRunway Model တစ်ယောက်ဖြစ်တာနဲ့အညီ fashion ပိုင်းမှာအရမ်းတော်သူလေးပါ။

 

သူမဟာ Forever 21,Sherri Hill,Seventeen Magazine နဲ့ Adidas တို့ရဲ့ Brand Ambassador လည်းဖြစ်ပါတယ်။

Kendall ဟာ 2017 တစ်နှစ်လုံးရဲ့ ဈေးအကြီးဆုံး (Highest Paid) Model ပါ။

Kendall ရဲ့အောက်နှုတ်ခမ်းအတွင်းဘက်မှာ MEOW ဆိုတဲ့ tattoo လေးရှိပါတယ်။အဲ့tatooလေးကို New York က West 4 tattoo studio မှာထိုးခဲ့တာလည်းဖြစ်ပါတယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)