-->
×

Warning

JUser: :_load: Unable to load user with ID: 29


Hallmark ရုပ္သံလိုင္းက Zalo ၏ လိင္တူသတို႕သမီး ႏွစ္ဦး ျဖင့္ ေၾကာ္ျငာထားသည့္ ေၾကာ္ျငာကိုပိတ္ပင္

Hallmark ရုပ္သံလိုင္းက Zalo ၏ လိင္တူသတို႕သမီး ႏွစ္ဦး ျဖင့္ ေၾကာ္ျငာထားသည့္ ေၾကာ္ျငာကိုပိတ္ပင္ google

Hallmark ရုပ္သံလိုင္းက သူတို႔ ရုပ္သံလိုင္းတြင္ Zola ၏ ေၾကာ္ျငာ ၆ ခုအနက္ မွ လိင္တူသတို႕သမီး ႏွစ္ဦး အနမ္းေျခြေနေသာ ဇာတ္ဝင္ခန္း ပါသည့္ ေၾကာ္ျငာ ကို ဖယ္ရွားခဲ့ေၾကာင္း သိရွိရသည္။

 

Hallmark ရုပ္သံလိုင္းသည္ အစကနဦးက ထိုေၾကာ္ျငာကို လက္ခံခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ေရွးရုိးစြဲ လူအုပ္စုမွ ဖိအားေပးလာေသာေၾကာင့္ ဆုံးျဖတ္ခ်က္ကို ျပန္ျပင္ကာ ပိတ္ပင္လိုက္ရျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

 

မဂၤလာေဆာင္ အခမ္းအနား အစီအစဥ္မ်ား စီမံေပးသည့္ Zola ကုမၸဏီ ကလည္း ထိုကဲ့သိ္ု႕ သူတို႕၏ ေၾကာ္ျငာကို ဖယ္ရွားလိုက္သည့္အတြက္ ဆက္လက္ျပီး Hallmark ရုပ္သံလိုင္း နဲ႕ လက္တြဲ ေဆာင္ရြက္ေတာ့မွာ မဟုတ္ေၾကာင္း သိရွိရသည္။

 

Hallmark ရုပ္သံလိုင္း ၏ အမ်ားျပည္သူအားလုံးအတြက္ ဆိုေသာ မူကို ဆန္႕က်င္ရာ ေရာက္ျပီး ထိုရုပ္သံလိုင္း ၏ ေၾကာ္ျငာေတြက ပတ္ဝန္းက်င္အားလုံးက ေဖ်ာ္ေျဖေရး တန္ဖိုးကို ေထာက္ပံံ့ေပး တယ္ဆိုတဲ့ ရည္ရြယ္ခ်က္ကို အာရုံလြဲသြားေစနိုင္တဲ့အတြက္ ပယ္ဖ်က္လိုက္ရျခင္းျဖစ္ေၾကာင္း Hallmark ရုပ္သံလိုင္း ၏ တာဝန္ရွိသုူတစ္ဦးက ေျပာၾကားခဲ့သည္။

သို႔ေသာ္ သတို႕သားႏွင့္ သတို႕သမီး အနမ္း ေျခြတာ ပါဝင္သည့္ အျခားေၾကာ္ျငာကို က်ခြင့္ျပဳျပီး ဘယ္လို အေၾကာင္းေၾကာင့္ ခြင့္ျပဳရ ေၾကာင္း ကို ေမးျမန္းရာ ထို တာဝန္ရွိသူ မွ ထိုေမးခြန္းကို ျပန္ေျဖရန္မူ ျငင္းဆိုခဲ့သည္။

 

LGBTQ အေၾကာင္္းအရာမ်ား နွင့္ မီဒီယာ ကို မၾကာခဏ တိုင္ၾကားေလ့ ရွိ သည့္ ေရွးရုိးစြဲ အဖြဲ့ တစ္ဖြဲ့ ျဖစ္ေသာ One Million Moms (မိခင္မ်ား အဖြဲ့ ) မွ မိသားစုလိုက္ ၾကည့္ရႈ ရန္မသင့္ေတာ္ေၾကာင္း အေၾကာင္းျပခ်က္ျဖင့္ ဟန္႔တားခဲ့သည္။

၄င္းအုပ္စုသည္ ေၾကာ္ျငာကိုဖယ္ရွား ရန္ လက္မွတ္ေပါင္း ၂၇၀၀၀ ေက်ာ္ ျဖင့္ အသနားခံစာ ကို စတင္ခဲ့သည္။

 

Coca Cola ရဲ႕ အၾကမ္းစား Christmas ေၾကာ္ျငာမ်ား

 

Zola ရဲ႕ ေစ်းကြက္ စီးပြားေရး ျမွင့္တင္ေရးဆိုင္ရာ အရာရွိ Mike Chi တစ္ေယာက္ Forbes မဂၢဇင္းကို ေျပာၾကားခဲ့ တာက ေတာ့" ၎တို႕ အေနနဲ႕ သာတူညီမ်ွ မႈ႕ အခြင့္အေရးကိုလိုခ်င္တာျဖစ္ျပီး အျခား လိင္ကြဲ အမ်ိဳးသားနဲ႕ အမ်ိဳးသမီး အနမ္းေခ်ြတဲ့ အခန္းမ်ားကိုလက္ခံ ပါက ၎တို႕ ရဲ႕ ေၾကာ္ျငာမွ LGBTQ အနမ္းကိုလဲ တန္းတူ Hallmark ရုပ္သံလိုင္း မွ သေဘာထားသင့္တယ္ ၊ ဘယ္သူအခ်င္းခ်င္းပဲ နမ္းနမ္း ၊ လိင္တူစံုတြဲ ပဲ မဂၤလာ ေဆာင္ေနေန ဒါေတြ အားလံုးက အခ်စ္ရဲ႕ သေကၤတ ေတြပဲ ထိုသို႕ Hallmark မွ သေဘာ မထားေပးႏိုင္တာေၾကာင့္ ၎ တို႕ဘက္ က အလုပ္တြဲ မလုပ္ျဖစ္ေတာ့တာပါ"လို႕သိရပါတယ္။

 

ေျပာရရင္ေတာ့ အခု ျဖစ္ပ်က္သြားခဲ့တဲ့ ျပႆနာမွာ ေရွးရိုးစြဲဆန္ လူ အခ်င္းခ်င္းစာနာမႈ မရွိေသာ လူတစ္ခ်ိဳ႕ ေၾကာင့္ ဆိုးရြား စြာ ေဝဖန္မႈ႕ေၾကာင့္ အခုလိုျဖစ္ရတာပါ။ယခုေၾကာ္ျငာမွတင္မက ပါဘူး ယခင္က Hallmark မွာ ျပသခဲ့တဲ့ LGBT ဇာတ္ကားမ်ားမွာလဲ ဆိုးရြားစြာ ေဝဖန္ျခင္းခံခဲ့ရပါတယ္။


Hallmark ရဲ႕ မိခင္ လုပ္ငန္းစုျဖစ္တဲ့ Crown Media Family Networks မွ CEO ျဖစ္သူ Bill Abbott ေျပာၾကားခ်က္အရေတာ့ Hallmark က အခုအခ်ိန္မွာ ခရစ္စမတ္ အတြက္ ရုပ္ရွင္ ေတြ ကိုသာ အာရုံစိုက္ေနတယ္ လို႕သိရျပီး ၊ ထိုဇာတ္လမ္းေတြမွာလဲ ေဝဖန္မႈမ်ားေၾကာင့္ ေယာက်္ားေလး ၊ မိန္းကေလး
စံုတြဲ မ်ားကို သာထည့္သြင္းထားတယ္လို႕သိရပါတယ္။


LGBTQ ဆိုတာက ေတာ့ Lesbian, gay, bisexual, transgender နဲ႕ queer တို႕ရဲ႕ အဖြဲ႕ အစည္းကိုဆိုလိုတာပါ။

Lesbian ဆိုတာကေတာ့ အမ်ိဳးသမီးခ်င္း စိတ္ဝင္စားသူ ၊ Gay ဆိုတာက ေတာ့ အမ်ိဳးသားခ်င္းသာ စိတ္ဝင္စားသူ ၊  

Bisexual ဆိုတာကေတာ့ ဆန္႕က်င္ဘက္လိင္ေရာ ၊ လိင္တူကိုေရာ စိတ္ဝင္စားသူ ၊  Transgender ဆိုတာက ေတာ့ လိင္ေျပာင္းလဲထားသူ ၊
Queer ဆိုတာကေတာ့ ကိုယ့္ကိုယ္ကို အေျဖ ရွာ မရသူကိုေျပာတာပဲ ျဖစ္ပါတယ္။

 

<<<<unicode>>>

 

Hallmark ရုပ်သံလိုင်းက သူတို့ ရုပ်သံလိုင်းတွင် Zola ၏ ကြော်ငြာ ၆ ခုအနက် မှ လိင်တူသတို့သမီး နှစ်ဦး အနမ်းခြွေနေသော ဇာတ်ဝင်ခန်း ပါသည့် ကြော်ငြာ ကို ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။

Hallmark ရုပ်သံလိုင်းသည် အစကနဦးက ထိုကြော်ငြာကို လက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ရှေးရိုးစွဲ လူအုပ်စုမှ ဖိအားပေးလာသောကြောင့် ဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ ပိတ်ပင်လိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

မင်္ဂလာဆောင် အခမ်းအနား အစီအစဉ်များ စီမံပေးသည့် Zola ကုမ္ပဏီ ကလည်း ထိုကဲ့သို့ သူတို့၏ ကြော်ငြာကို ဖယ်ရှားလိုက်သည့်အတွက် ဆက်လက်ပြီး Hallmark ရုပ်သံလိုင်း နဲ့ လက်တွဲ ဆောင်ရွက်တော့မှာ မဟုတ်ကြောင်း သိရှိရသည်။

 

Hallmark ရုပ်သံလိုင်း ၏ အများပြည်သူအားလုံးအတွက် ဆိုသော မူကို ဆန့်ကျင်ရာ ရောက်ပြီး ထိုရုပ်သံလိုင်း ၏ ကြော်ငြာတွေက ပတ်ဝန်းကျင်အားလုံးက ဖျော်ဖြေရေး တန်ဖိုးကို ထောက်ပံံ့ပေး တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အာရုံလွဲသွားစေနိုင်တဲ့အတွက် ပယ်ဖျက်လိုက်ရခြင်းဖြစ်ကြောင်း Hallmark ရုပ်သံလိုင်း ၏ တာဝန်ရှိသုူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် သတို့သားနှင့် သတို့သမီး အနမ်း ခြွေတာ ပါဝင်သည့် အခြားကြော်ငြာကို ကျခွင့်ပြုပြီး ဘယ်လို အကြောင်းကြောင့် ခွင့်ပြုရ ကြောင်း ကို မေးမြန်းရာ ထို တာဝန်ရှိသူ မှ ထိုမေးခွန်းကို ပြန်ဖြေရန်မူ ငြင်းဆိုခဲ့သည်။

 

LGBTQ အကြောင်းအရာများ နှင့် မီဒီယာ ကို မကြာခဏ တိုင်ကြားလေ့ ရှိ သည့် ရှေးရိုးစွဲ အဖွဲ့ တစ်ဖွဲ့ ဖြစ်သော One Million Moms (မိခင်များ အဖွဲ့ ) မှ မိသားစုလိုက် ကြည့်ရှု ရန်မသင့်တော်ကြောင်း အကြောင်းပြချက်ဖြင့် ဟန့်တားခဲ့သည်။

၎င်းအုပ်စုသည် ကြော်ငြာကိုဖယ်ရှား ရန် လက်မှတ်ပေါင်း ၂၇၀၀၀ ကျော် ဖြင့် အသနားခံစာ ကို စတင်ခဲ့သည်။

 

SEO က္ိုေလ့လာေနသူေတြ သိထားသင့္တဲ႔ Meta Tag

 

Zola ရဲ့ ဈေးကွက် စီးပွားရေး မြှင့်တင်ရေးဆိုင်ရာ အရာရှိ Mike Chi တစ်ယောက် Forbes မဂ္ဂဇင်းကို ပြောကြားခဲ့ တာက တော့" ၎င်းတို့ အနေနဲ့ သာတူညီမျှ မှု့ အခွင့်အရေးကိုလိုချင်တာဖြစ်ပြီး အခြား လိင်ကွဲ အမျိုးသားနဲ့ အမျိုးသမီး အနမ်းချွေတဲ့ အခန်းများကိုလက်ခံ ပါက ၎င်းတို့ ရဲ့ ကြော်ငြာမှ LGBTQ အနမ်းကိုလဲ တန်းတူ Hallmark ရုပ်သံလိုင်း မှ သဘောထားသင့်တယ် ၊ ဘယ်သူအချင်းချင်းပဲ နမ်းနမ်း ၊ လိင်တူစုံတွဲ ပဲ မင်္ဂလာ ဆောင်နေနေ ဒါတွေ အားလုံးက အချစ်ရဲ့ သင်္ကေတ တွေပဲ ထိုသို့ Hallmark မှ သဘော မထားပေးနိုင်တာကြောင့် ၎င်း တို့ဘက် က အလုပ်တွဲ မလုပ်ဖြစ်တော့တာပါ"လို့သိရပါတယ်။

 

ပြောရရင်တော့ အခု ဖြစ်ပျက်သွားခဲ့တဲ့ ပြဿနာမှာ ရှေးရိုးစွဲဆန် လူ အချင်းချင်းစာနာမှု မရှိသော လူတစ်ချို့ ကြောင့် ဆိုးရွား စွာ ဝေဖန်မှု့ကြောင့် အခုလိုဖြစ်ရတာပါ။ယခုကြော်ငြာမှတင်မက ပါဘူး ယခင်က Hallmark မှာ ပြသခဲ့တဲ့ LGBT ဇာတ်ကားများမှာလဲ ဆိုးရွားစွာ ဝေဖန်ခြင်းခံခဲ့ရပါတယ်။


Hallmark ရဲ့ မိခင် လုပ်ငန်းစုဖြစ်တဲ့ Crown Media Family Networks မှ CEO ဖြစ်သူ Bill Abbott ပြောကြားချက်အရတော့ Hallmark က အခုအချိန်မှာ ခရစ်စမတ် အတွက် ရုပ်ရှင် တွေ ကိုသာ အာရုံစိုက်နေတယ် လို့သိရပြီး ၊ ထိုဇာတ်လမ်းတွေမှာလဲ ဝေဖန်မှုများကြောင့် ယောကျ်ားလေး ၊ မိန်းကလေး
စုံတွဲ များကို သာထည့်သွင်းထားတယ်လို့သိရပါတယ်။

 


LGBTQ ဆိုတာက တော့ Lesbian, gay, bisexual, transgender နဲ့ queer တို့ရဲ့ အဖွဲ့ အစည်းကိုဆိုလိုတာပါ။

Lesbian ဆိုတာကတော့ အမျိုးသမီးချင်း စိတ်ဝင်စားသူ ၊ Gay ဆိုတာက တော့ အမျိုးသားချင်းသာ စိတ်ဝင်စားသူ ၊

Bisexual ဆိုတာကတော့ ဆန့်ကျင်ဘက်လိင်ရော ၊ လိင်တူကိုရော စိတ်ဝင်စားသူ ၊ Transgender ဆိုတာက တော့ လိင်ပြောင်းလဲထားသူ ၊
Queer ဆိုတာကတော့ ကိုယ့်ကိုယ်ကို အဖြေ ရှာ မရသူကိုပြောတာပဲ ဖြစ်ပါတယ်။

 

Ref; New York Times

Myanmar Advertising Directory 

Read times
Rate this item
(0 votes)