-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကြီး Fashion Brand များရဲ့ ကြော်ငြာ များတွင် သားမွှေး ကင်းလွှတ် မူဝါဒ စတင်ကျင့်သုံးမည်

Google Google




 


 


 

2019 ခုနှစ် လူစိတ်ဝင်စားမှု အများဆုံး Brand စာရင်း

 


 




 


 


 


 


 


 


 

<<< Unicode >>> 

 

Karl Lagerfeld ရဲ့ Fashion brand မှ ဦးဆောင် ပြီးChanel , Gucci , Versace , Burberry စ သော နာမည်ကျော် Brand များ၏ ကြော်ငြာများ တွင် သားမွှေး ကင်းလွတ်ခွင့် မူဝါဒ ကို စတင် ကျင့် သုံးတော့ မည်ဖြစ်ပါသည်။

 


Karl Lagerfeld Brand သည် Karl Lagerfeld ဆိုသော ဆုံးသွားပြီးသော ဂျာမန်လူမျိုး Creative Director ကြီး ရဲ့ မသေဆုံး ခင်က ဆန္ဒအတိုင်း သားမွှေး ကင်းလွတ်ခွင့် မူဝါဒ ကို စတင် ကျင့်သုံး ရင် PETA အား အဆိုပြု ချက် ဦးဆောင်တင်သွင်း ခဲ့ပါသည်။

 

PETA ( People for the Ethical Treatment of Animals ) အဖွဲ့ အစည်းမှာ အမေရိက ရှိ တိရစ္ဆာန် အခွင့် အရေးလှုပ်ရှားနေတဲ့ အဖွဲ့ အစည်းပါ။

 

Karl Lagerfeld သည် Chanel နှင့် Fendi စတဲ့ နာမည်ကြီး Brand များရဲ့ creative director တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်ခင်ကတည်း က သားမွှေး ကင်းလွတ်ခွင့် မူဝါဒကို စတင် ကျင့်သုံး ခဲ့တယ်သိရပါတယ်။

 

Victoria’s Secret Fashion Show ကိုဘာကြောင့် ဆက်လက်မလုပ်ဖြစ်တော့တာလဲ

 

Karl Lagerfeld သည် New York Times သတင်းစာ အား သားမွှေး အသုံးပြုရေး ကင်းလွတ် တဲ့ မူဝါဒ ကို အရမ်းသဘောကျပါတယ်။

ထို သားမွှေး ကုတ် ၊ သို့ ၊ ခါးပတ် ၊ ဖိနပ်တို့ကို ရဖို့ တိရစ္ဆာန်လေးတွေကို ရက်စက်စွာ သတ်ဖြတ်တာကို
ကျွန်တော်လုံးဝ မနှစ်မြို့ပါဘူးဒါပေမဲ့ ထိုသို့ သားမွေး အတွက် တိရစ္ဆာန် သတ်နှုန်းတွေက ပိုမို များပြား လာတာ တွေ့ ရလို့
အတော်စိတ်မကောင်းဘူးဆိုကာ ပြောထား ခဲ့ပါတယ်။

 

Karl Lagerfeld သည် တိရိစ္ဆာန်ကိုချစ်မြတ်နိုးသူအဖြစ်လူသိများသည်။


သူ့တွင် ( Choupette ) မျိုး အမွှေး ပွ ကြောင်လေး ရှိသည်။

 

သူသေဆုံးပြီးမှ သားမွှေး အသုံးပြုရေး ကင်းလွတ် တဲ့ မူဝါဒ စတင်လာခြင်း ဖြစ်ပြီး Versace , Gucci , Chanel နှင့် Burberry တို့မှ လည်း သားမွှေး အသုံးပြုရေး ကင်းလွတ် တဲ့ မူဝါဒ ကို စတင်ကျင့်သုံးနေပြီဖြစ်သည်။

 

ပြောရရင် တော့ ၂၀၁၉ ခုနှစ်သည် သားမွှေးကင်းလွတ်တဲ့ မူဝါဒ ကျင့်သုံးတဲ့ နှစ်ဖြစ်သည်။

 

ယခုနှစ်အစောပိုင်းတွင်သားမွေးရောင်းချခြင်းနှင့်ထုတ်လုပ်ခြင်းကိုတားမြစ်မည့်ဥပဒေကို New York မြို့ တွင် ပြဌာန်းထားပြီ ဖြစ်သည်။

 

မည်သို့ ပင်ဆိုစေကာမူ နာမည်ကြီး Product များ၏ ကြော်ငြာများ တွင် သားမွှေး ထုတ်ကုန် ကုန်ပစ္စည်းများကို တွေ့ရမည်မဟုတ်တော့ပါ။

 

Ref : Hypebeast

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)