-->
×

Warning

JUser: :_load: Unable to load user with ID: 29


အတုအပ အလွကုန္ပစၥည္းေရာင္းခ်ေနသူမ်ားအေပၚ အျပစ္တင္ေျပာဆိုလိုက္တဲ့ Tasya Farasya

အလွကုန္ပစၥည္းမ်ားတြင္ ပါဝင္တဲ့ Hydroquinone ကို ႏိုင္ငံေတာ္ေတာ္မ်ားက တားျမစ္ထားတဲ့ ပစၥည္းတစ္မ်ိဳးျဖစ္ပါတယ္။

Hydroquinone ကို အေမရိကန္ ၊ ဂ်ပန္ ၊ ၾသစေတးလ် ႏိုင္ငံေတြနဲ႔ တျခား ႈေရပ ႏိုင္ငံ တစ္ခ်ိဳ႕ေတြမွာလည္း တားျမစ္ထားတာ ေတြ႕ရပါတယ္။Hydroquinone ေတြက အေရျပားကို စားပစ္ေစသလို ျဖစ္ေစၿပီး အေရျပားပါးလႊာျခင္းႏွင့္အတူ ကင္ဆာေရာဂါကိုပါ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။ တစ္ခ်ိဳ႕ေသာ အင္ဒိုနီရွားႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးမ်ားက သူတို႔ရဲ႕ က်န္းမာဖို႔အတြက္ နဲ႔ အသားေရ လွပဖို႔အတြက္ Skin Care ကို အသံုးျပဳၾကပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက သူတို႔ တတ္ႏိုင္တဲ့ အလွကုန္ပစၥည္းေတြကိုပဲ ဝယ္ယူ အသံုးျပဳေလ့ရွိပါတယ္။

 

တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားမွာ ၎တို႔ ႀကိဳက္ႏွစ္တဲ့ beauty influencers မ်ားမွ ညႊန္းတဲ့ ပစၥည္းေတြကို အသံုးျပဳမ်ားလာတာကို ေတြ႕ရပါတယ္။ တစ္ခ်ိဳ႕ေသာ beauty influencers ေတြက က်န္းမာေရး ႏွင့္ ပတ္သက္ၿပီး ထိခိုက္ႏိုင္တဲ့ အတုအပ အလွကုန္ပစၥည္းေတြကို ထုတ္ေဖာ္ေျပာဆိုတာကိုလည္း ေတြ႔ရပါတယ္။ အင္ဒိုနီရွားႏိုင္ငံရဲ႕ နာမည္ႀကီးျဖစ္တဲ့ beauty influencers “Tasya Farasya” က သူမရဲ႕ Instagram Story တြင္ အလွကုန္ပစၥည္း အတုအပ ေငြမ်က္ႏွာတစ္ခုထဲကို ၾကည့္ၿပီး ေတြေၾကာၿငာေနတဲ့ Beauty Vloggers ေတြရွိေၾကာင္း ေျပာကာ ထိုပစၥည္းမ်ားကို သတိျပဳသင့္ေၾကာင္း ေျပာဆိုထားတာကို ေတြ႕ရပါတယ္။

 

2019 ခုနွစ္ လူစိတ္ဝင္စားမႈ အမ်ားဆုံး Brand စာရင္း

 

သူမွေရးသားထားေတြကေတာ့ “သင့္အေနနဲ႔ အသားေရ က်န္းမာၿပီး လွပေနဖို႔အတြက္ ဘယ္သူကိုမွ မယံုဘဲနဲ႔ ေစ်းႀကီးၿပီး ယံုၾကည္ရတဲ့ အလွပေရးရာဆိုင္ရာ ေဆးခန္းေတြကို ျပသသင့္ပါတယ္။ တကယ္လို႔ သင္က ဒီလိုေတြ မလုပ္ဘူးနဲ႔ တျခားလူေတြ စကားကို နားေယာင္မိၿပီး အတုအပ အလွကုန္ပစၥည္းေတြကို သံုးမိမယ္ဆိုရင္ သင့္အသားေရကို ထိခိုက္ ပ်က္စီးေစမွာ ျဖစ္ပါတယ္” လို႔ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။

 

“တကယ္လို႔ တျခားေသာသူေတြ ေျပာဆိုလာတဲ့ ေစ်းႏႈန္း အသင့္အတင့္ရွိ အတုအပ အလွကုန္ပစၥည္းေတြကို သင္ကို သြားဝယ္ခ်င္မိေအာင္ ေျပာဆိုမွာ ျဖစ္ပါတယ္။ တကယ္လို႔ ေစ်းႏႈန္း အသင့္အတင့္ရွိ အတုအပ အလွကုန္ပစၥည္းေတြကို လွခ်င္ေဇာျဖင့္ ဝယ္သံုးလိုက္မိမယ္ဆိုရင္ ကင္ဆာ ေရာဂါကို ျဖစ္ေစႏိုင္တဲ့အျပင္ အသက္ေသဆံုးႏိုင္သည္အထိိ ျဖစ္ေစႏိုင္ေၾကာင္း” ေျပာဆိုခဲ့ပါတယ္။

သူမက သူမရဲ႕ Instagram မွာရွိတဲ့ ၂.၇ သန္း Followers, ေတြကို ရည္ရြယ္ၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆရာဝန္မ်ားရဲ႕ ခြင့္ျပဳထားျခင္း မရွိတဲ့ သြားအံကပ္အတုကို အသံုးျပဳမယ္ဆိုရင္ သင့္ရဲ႕သြား ၊ သြားဖံုး နဲ႔ ပါးစပ္ေတြကိုပါ ပ်က္စီးဆံုး႐ႈံး ေစႏိုင္ပါတယ္။ သူမကို ေထာက္ခံအားေပးတဲ့ beauty influencer ျဖစ္တဲ့ “Lulu Husna” က သူမေရးထားတဲ့ အလွကုန္ အတုအပ ပစၥည္းေတြ အေၾကာင္းကို Twitter မွာ ျပန္လည္ မွ်ေဝသြားတာကို ေတြ႕ရပါတယ္။

 

ထိုမွ်ေဝထားတဲ့ အေၾကာင္းကို ျပန္လည္မွ်ေဝသူေပါင္း ၃ ေသာင္းတစ္ေထာင္ေက်ာ္ထိ ရွိခဲ့ပါတယ္။ အတုအပ အလွကုန္ပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီး အႀကံျပဳေျပာဆိုေရးသားခဲ့တဲ့အေပၚ ထိုအလွကုန္ ပစၥည္းေရာင္းခ်ေနသူေတြရဲ႕ ျပန္လွည္ တုံ႔ျပန္ျခင္းကိုလည္း ခံခဲ့ရပါေသးတယ္။ သူမကို Instagram အသံုးျပဳသူတစ္ဦးျဖစ္တဲ့ “@raraaulia544” အေကာင့္ပိုင္ရွင္ ေျပာဆိုတာကေတာ့ “အခုမွစတင္တဲ့ စီးပြားေရး လုပ္ငန္းစုေတြ အေပၚ ကိုယ္ခ်င္စားစိတ္မရွိဘူးလား။ လူတိုင္းက Brand ပစၥည္း အစစ္ေတြကို အသံုးျပဳဖို႔ ေငြေၾကး မတတ္ႏိုင္ၾကဘူး။ “ ဆိုကာ ေျပာဆိုသြားတာကိုလည္ ေတြ႕ရပါတယ္။

 

Tasya က ထိုအတုအပ အလွကုန္ပစၥည္း ေၾကၿငာေပးသူ Beauty Vloggers ေတြကို ေျပာခဲ့တာကေတာ့ မေျပာပေလာက္တဲ့ ေငြပမဏအတြက္ ေပ်ာ္ေနႏိုင္ၾကလား။ ဒီေလာက္ လူေတြ ဒုကၡေရာက္ေနၾကတာ ျမင္ေတြ႕ေနရဲ႕သားနဲ႔ ၎တို႔ရဲ႕ Social Media ေတြ ဘာေၾကာင့္ ေၾကၿငာေနၾကရတာလဲ ? ဒါကေတာ့ အသင္တို႔ အေနနဲ႔ စဥ္းစားဖို႔ အခ်ိန္တန္လာပါၿပီ” ဆိုကာ ေရးသား ေျပာဆိုခဲ့ပါတယ္။

 

အလွအပကို ႀကိဳက္ႏွစ္သက္သူမ်ား အေနျဖင့္ အလွကုန္ပစၥည္းေတြကို ေရြးခ်ယ္ ဝယ္ယူသံုးစြဲေတာ့မယ္ဆိုရင္ အတုအပမ်ားႏွင့္ FDA မွ ခြင့္ျပဳခ်က္ရထားေသာ အလွကုန္ပစၥည္းေတြကိုသာ ေရြးခ်ယ္ဝယ္ယူ သံုးစြဲဖို႔ တုိက္တြန္းလိုက္ရပါတယ္။

 

Written By Shin Min

Ref:thejakartapost

{unicode}

========

အတုအပ အလှကုန်ပစ္စည်းရောင်းချနေသူများအပေါ် အပြစ်တင်ပြောဆိုလိုက်တဲ့ Tasya Farasya

အလှကုန်ပစ္စည်းများတွင် ပါဝင်တဲ့ Hydroquinone ကို နိုင်ငံတော်တော်များက တားမြစ်ထားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Hydroquinone ကို အမေရိကန် ၊ ဂျပန် ၊ သြစတေးလျ နိုင်ငံတွေနဲ့ တခြား ှုရေပ နိုင်ငံ တစ်ချို့တွေမှာလည်း တားမြစ်ထားတာ တွေ့ရပါတယ်။Hydroquinone တွေက အရေပြားကို စားပစ်စေသလို ဖြစ်စေပြီး အရေပြားပါးလွှာခြင်းနှင့်အတူ ကင်ဆာရောဂါကိုပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ တစ်ချို့သော အင်ဒိုနီရှားနိုင်ငံမှာရှိတဲ့ အမျိုးသမီးများက သူတို့ရဲ့ ကျန်းမာဖို့အတွက် နဲ့ အသားရေ လှပဖို့အတွက် Skin Care ကို အသုံးပြုကြပါတယ်။ တစ်ချို့အမျိုးသမီးတွေက သူတို့ တတ်နိုင်တဲ့ အလှကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူ အသုံးပြုလေ့ရှိပါတယ်။

 

တစ်ချို့သော အမျိုးသမီးများမှာ ၎င်းတို့ ကြိုက်နှစ်တဲ့ beauty influencers များမှ ညွှန်းတဲ့ ပစ္စည်းတွေကို အသုံးပြုများလာတာကို တွေ့ရပါတယ်။ တစ်ချို့သော beauty influencers တွေက ကျန်းမာရေး နှင့် ပတ်သက်ပြီး ထိခိုက်နိုင်တဲ့ အတုအပ အလှကုန်ပစ္စည်းတွေကို ထုတ်ဖော်ပြောဆိုတာကိုလည်း တွေ့ရပါတယ်။ အင်ဒိုနီရှားနိုင်ငံရဲ့ နာမည်ကြီးဖြစ်တဲ့ beauty influencers “Tasya Farasya” က သူမရဲ့ Instagram Story တွင် အလှကုန်ပစ္စည်း အတုအပ ငွေမျက်နှာတစ်ခုထဲကို ကြည့်ပြီး တွေကြောငြာနေတဲ့ Beauty Vloggers တွေရှိကြောင်း ပြောကာ ထိုပစ္စည်းများကို သတိပြုသင့်ကြောင်း ပြောဆိုထားတာကို တွေ့ရပါတယ်။

သူမှရေးသားထားတွေကတော့ “သင့်အနေနဲ့ အသားရေ ကျန်းမာပြီး လှပနေဖို့အတွက် ဘယ်သူကိုမှ မယုံဘဲနဲ့ ဈေးကြီးပြီး ယုံကြည်ရတဲ့ အလှပရေးရာဆိုင်ရာ ဆေးခန်းတွေကို ပြသသင့်ပါတယ်။ တကယ်လို့ သင်က ဒီလိုတွေ မလုပ်ဘူးနဲ့ တခြားလူတွေ စကားကို နားယောင်မိပြီး အတုအပ အလှကုန်ပစ္စည်းတွေကို သုံးမိမယ်ဆိုရင် သင့်အသားရေကို ထိခိုက် ပျက်စီးစေမှာ ဖြစ်ပါတယ်” လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

 

“တကယ်လို့ တခြားသောသူတွေ ပြောဆိုလာတဲ့ ဈေးနှုန်း အသင့်အတင့်ရှိ အတုအပ အလှကုန်ပစ္စည်းတွေကို သင်ကို သွားဝယ်ချင်မိအောင် ပြောဆိုမှာ ဖြစ်ပါတယ်။ တကယ်လို့ ဈေးနှုန်း အသင့်အတင့်ရှိ အတုအပ အလှကုန်ပစ္စည်းတွေကို လှချင်ဇောဖြင့် ဝယ်သုံးလိုက်မိမယ်ဆိုရင် ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တဲ့အပြင် အသက်သေဆုံးနိုင်သည်အထိ ဖြစ်စေနိုင်ကြောင်း” ပြောဆိုခဲ့ပါတယ်။

 

Victoria’s Secret Fashion Show ကိုဘာကြောင့် ဆက်လက်မလုပ်ဖြစ်တော့တာလဲ

 

သူမက သူမရဲ့ Instagram မှာရှိတဲ့ ၂.၇ သန်း Followers, တွေကို ရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဝန်များရဲ့ ခွင့်ပြုထားခြင်း မရှိတဲ့ သွားအံကပ်အတုကို အသုံးပြုမယ်ဆိုရင် သင့်ရဲ့သွား ၊ သွားဖုံး နဲ့ ပါးစပ်တွေကိုပါ ပျက်စီးဆုံးရှုံး စေနိုင်ပါတယ်။ သူမကို ထောက်ခံအားပေးတဲ့ beauty influencer ဖြစ်တဲ့ “Lulu Husna” က သူမရေးထားတဲ့ အလှကုန် အတုအပ ပစ္စည်းတွေ အကြောင်းကို Twitter မှာ ပြန်လည် မျှဝေသွားတာကို တွေ့ရပါတယ်။

 

ထိုမျှဝေထားတဲ့ အကြောင်းကို ပြန်လည်မျှဝေသူပေါင်း ၃ သောင်းတစ်ထောင်ကျော်ထိ ရှိခဲ့ပါတယ်။ အတုအပ အလှကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အကြံပြုပြောဆိုရေးသားခဲ့တဲ့အပေါ် ထိုအလှကုန် ပစ္စည်းရောင်းချနေသူတွေရဲ့ ပြန်လှည် တုံ့ပြန်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ သူမကို Instagram အသုံးပြုသူတစ်ဦးဖြစ်တဲ့ “@raraaulia544” အကောင့်ပိုင်ရှင် ပြောဆိုတာကတော့ “အခုမှစတင်တဲ့ စီးပွားရေး လုပ်ငန်းစုတွေ အပေါ် ကိုယ်ချင်စားစိတ်မရှိဘူးလား။ လူတိုင်းက Brand ပစ္စည်း အစစ်တွေကို အသုံးပြုဖို့ ငွေကြေး မတတ်နိုင်ကြဘူး။ “ ဆိုကာ ပြောဆိုသွားတာကိုလည် တွေ့ရပါတယ်။

 

Tasya က ထိုအတုအပ အလှကုန်ပစ္စည်း ကြေငြာပေးသူ Beauty Vloggers တွေကို ပြောခဲ့တာကတော့ မပြောပလောက်တဲ့ ငွေပမဏအတွက် ပျော်နေနိုင်ကြလား။ ဒီလောက် လူတွေ ဒုက္ခရောက်နေကြတာ မြင်တွေ့နေရဲ့သားနဲ့ ၎င်းတို့ရဲ့ Social Media တွေ ဘာကြောင့် ကြေငြာနေကြရတာလဲ ? ဒါကတော့ အသင်တို့ အနေနဲ့ စဉ်းစားဖို့ အချိန်တန်လာပါပြီ” ဆိုကာ ရေးသား ပြောဆိုခဲ့ပါတယ်။

 

အလှအပကို ကြိုက်နှစ်သက်သူများ အနေဖြင့် အလှကုန်ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူသုံးစွဲတော့မယ်ဆိုရင် အတုအပများနှင့် FDA မှ ခွင့်ပြုချက်ရထားသော အလှကုန်ပစ္စည်းတွေကိုသာ ရွေးချယ်ဝယ်ယူ သုံးစွဲဖို့ တိုက်တွန်းလိုက်ရပါတယ်။

Myanmar Advertising Directory

Read times
Rate this item
(0 votes)