-->
×

Warning

JUser: :_load: Unable to load user with ID: 29


Spotify မှ ၂၀၂၀ ထဲတွင် နိုင်ငံရေးကြော်ငြာများ ခေတ္တ ရပ်ဆိုင်းထားမည်

Spotify မှ ၂၀၂၀ ထဲတွင် နိုင်ငံရေးကြော်ငြာများ ခေတ္တ ရပ်ဆိုင်းထားမည် google

Spotify ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အဖွဲ့ အစည်းမှ ပြီးခဲ့တဲ့ သောကြာနေ့မှ ပြောကြားချက်အရတော့ ၎င်းတို့ရဲ့ platform ပေါ်ရှိကြော်ငြာနေရာများတွင် နိုင်ငံရေးကြော်ငြာ များအား ရောင်းချခြင်းကို ၂၀၂၀ နှစ်စတွင် ခေတ္တ ရပ်ဆိုင်းထားမယ်လို့ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာ့ နာမည် အကြီးဆုံး ဝယ်ယူရသော သီချင်း streaming service ဖြစ်တဲ့ Spotify မှာ ၁၄၁ မီလီယံ အသုံးပြု သူရှိပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက Spotify က ကြော်ငြာတွေအတွက် အားထားအားကိုး ပြုရတဲ့ Platform အဖြစ်ရပ်တည်ခဲ့ တာပါ။အခုလို နိုင်ငံရေးကြော်ငြာများနှင့်ပတ်သတ် ရပ်ဆိုင်းမယ် ဆိုတာကတော့ Original တွင်သာမက Podcasts မှာလည်းထိုနည်းလည်းကောင်းလို့ သိရှိရပါတယ်။

 

နိုဝင်ဘာလ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲနဲ့ ပတ်သက် ကြော်ငြာ Campaign တွေ လာရာမှ ထို့သို့သောအပြောင်းအလဲ ဟာ ပထမဆုံး Ad Age မှ စတင် အသိပေး သတင်းရေးသားခဲ့တာပါ။

 

Online ပေါ်က နာမည်ကြီး Platform တွေ အပြင် Facebook လုပ်ငန်းစု နဲ့ Alphabet Inc’s (Google) လုပ်ငန်းစုမှ စိုးရွံကြောက်လန့်နေတာကတော့ နိုင်ငံရေးကြော်ငြာနှင့် နိုင်ငံရေးဆိုင်ရာ အမုန်းစကားများ အငြင်းပွားမှု့များကြောင့် ရဲများ အနေဖြင့် ၎င်းတို့ Platform ကို အထင်အမြင်လွဲသွားမှာကြောက်ပြီး ဖိအားများနဲ့ အလုပ်လုပ်နေရတာမို့ နိုင်ငံရေးကြော်ငြာတွေကို ပိတ်ပင် ဖြစ်တာလို့ သိရပါတယ်။

 

Twitter ရဲ့ လုပ်ငန်းစု ဘက်ကနေတော့ အောက်တိုဘာ လက်ရှိလက်စ နိုင်ငံရေးကြော်ငြာများကို Ban ပြစ်ပြီး ပြီးခဲ့တဲ့ လ နိုဝင်ဘာလမှာ နိုင်ငံရေးနှင့်ပတ်သတ်သော Ads များကို လုံးဝ ပိတ်ခဲ့တာပါ။

Burger King ရဲ့ ကြော်ငြာပိုင်းဆိုင်ရာ လျှို့ဝှက်ချက်

 

Spotify ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ အမျိုးသမီး တစ်ဦး ပြောကြားချက်ကတော့ * အခု အချိန်မှာ ကျွန်မတို့အနေနဲ့ နိုင်ငံရေးကြော်ငြာတွေနဲ့ ပတ်သက်လို့ ကြည့်နေစဲပါ ၊ ဘာမှ တော့ အတိအကျ မပြောချင်သေးပါဘူး ၊ ကျွန်မတို့အနေနဲ့ သံသယ ကင်းနိုင်တဲ့ အခြေ အနေတစ်ခုရောက်မှ ဒီကိစ္စကို ဆုံးဖြတ်မှာပါလို့* Reuters ကိုပြောကြားပါတယ်။

 

ကြော်ငြာချင်သူတွေအနေနဲ့ Spotify ကိုအတင်းလိုက်နေတာလား

 

Spotify အနေနဲ့က အမေရိကမှာနိုင်ငံရေး ကြော်ငြာတွေကို သူတစ်ဦး တစ်ယောက်ထဲက သာ ပြီးခဲ့တဲ့ လတွေက လက်ခံ ခဲ့တာပါ ။ ထို့နောက် Spotify ဟာ နိုင်ငံရေးကြော်ငြာတွေကြောင့် ကြော်ငြာကြေး အမြတ် အစွန်းတွေ ဘယ်လောက်များရခဲ့လဲ လို့ Reuters မှ မေးတဲ့ မေးခွန်းတစ်ခုကို ဖြေမသွားပဲ ကျော်ခွဖြေ သွားခဲ့ပါတယ်။

 

Eric Wilson ရဲ့ ပြောပုံအရတော့ Spotify အနေဖြင့် အစက ကြော်ငြာရေးရာကိစ္စများနဲ့ ပတ်သတ်ပြီး ကြီးကြီးမားမား အသုံးပြုကြတာတော့မတွေ့မိပါဘူး။ ဒါပေမဲ့ အခြား Platform တွေက နိုင်ငံရေးရာကြော်ငြာများနဲ့ပတ်သတ် ပိတ်ပင်လိုက်ချင်မှာ ကြော်ငြာ ချင်သူတွေက Spotify ကို မျက်စိကျလာတာ သိပ်တော့ အထူးအဆန်းမရှိပါဘူးဆိုကာ ပြောကြားခဲ့ပါတယ်။

 

အဆိုပါ မူဝါဒ အသစ်သည် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများ ၊ ပုဂိုလ်များ ၊ PACs ၊ SuperPACs တို့တွင်ပါအကျိုးသက်ရောက်မှုရှိပါသည်။အခုအချိန်မှာတော့ ကြော်ငြာတွေကို Spotify အနေဖြင့် ရောင်းချမှာမဟုတ်သေးပါဘူး

ဤအချင်းအရာမှာ Spotify ရဲ့ ကြော်ငြာရေးရာ ကိစ္စ များနဲ့သာ သက်ဆိုင်ပါတယ်။အခြားသော အခြင်းအရာများတွင် သက်ရောက်မှု မရှိနိုင်ပါ။

 

<<<zawgyi>>>

 


=======================================



 



 


မြန်မာပြည်မှ ပြည်သူတွေကို ခရစ်စမတ်လက်ဆောင်ပေးတဲ့ ကိုကာကိုလာကား

 


 


 



 



 

Ref : VOA ( USA )

Myanmar Advertising Directory 

Read times
Rate this item
(0 votes)