-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်တွေရဲ့ Chatbots အသုံးပြုပုံနည်းလမ်းများ

ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်တွေရဲ့ Chatbots အသုံးပြုပုံနည်းလမ်းများ Google

အခုခေတ်မှာ စီးပွားရေးလုပ်ငန်းများနဲ့ ကုန်အမှတ်တံဆိပ်အများစုဟာ Chatbot တွေကို စိတ်ဝင်စားဖွယ်နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနေကျပါပြီ။

Chatbot တွေမှတစ်ဆင့် အစားအသောက်မှာယူပဲတာပဲ ဖြစ်ဖြစ်၊ လေယာဉ်လက်မှတ်မှယူတာပဲဖြစ်ဖြစ် အမျိုးမျိုးသောအကြောင်းအရာတွေ၊ အကြံပြုချက်တွေအတွက်အသုံးပြုလို့ရလို့ Marketing ပိုင်းနဲ့ Customer Support ပိုင်းအတွက် အလွန်အထောက်အကူပြုတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ယခုဖော်ပြချင်တာကတော့ Chatbots တွေကို လက်ရှိအသုံးပြုနေတဲ့ Brand တွေနဲ့ သူတို့ရဲ့ Chatbots ကိုအသုံးပြုပုံနည်းလမ်းတွေကို ဖော်ပြပေးလိုပါတယ်။

(၁) Starbucks

ပထမဆုံးဖော်ပြချင်တာကတော့ Starbucks ပါ။ Starbucks ဟာဆိုရင် နှစ်သက်ရာ Drinks & Snacks တွေကို Text Message ဒါမှမဟုတ် Voice message မှတစ်ဆင့် အလွယ်တကူရွေးချယ်မှာယူလို့ရအောင် Chatbot ကို အသုံးပြုထားပါတယ်။ နှစ်သက်ရာရွေးချယ်ပြီးပြီဆို Chatbots ကတစ်ဆင့် ကုန်ကျငွေကိုပါ တွက်ချက်ပေးမှာဖြစ်ပါတယိ။ Starbuck ရဲ့ Chatbot ကိုတော့ Starbuck Application ကနေတစ်ဆင့်အသုံးပြုလို့ရပြီး iPhone, Android နဲ့ Windows အတွက်ပါ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

(၂) Sephora

Sephora ဆိုရင်တော့ မိန်းကလေးအများစုသိကျမှာပါ။ Sephora ကို Kik ကနေတစ်ဆင့် Chat မယ်ဆိုရင်တော့ Makeup tutorial အမျိုးအစားပေါင်းစုံကို ကြည့်ရှုလို့ရမှာဖြစ်ပြီး Sephora Store မှာတင်ထားတဲ့ Product တွေရဲ့ Rating နဲ့ Review တွေကိုပါတစ်ခါ တည်းကြည့်ရှုပြီး ရွေးချယ်ဝယ်ယူနိုင်အောင် ပြုလုပ်ထားပါတယ်။

(၃) Spotify

Spotify ရဲ့ Facebook messenger မှာဆိုရင်လည်း စတင် Chat ကိုအသုံးပြုတာနဲ့ သင့်အတွက် Playlist recommendation ကို ပေးပို့မှာဖြစ်ပြီး သင့်ရဲ့ခံစားမှုအလိုက်ရွေးချယ်နား ဆင်နိုင်ရန်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် သီချင်းရှာဖွေတာ Share လုပ်တာ နားထောင်တာတွေအတွက်လဲ အဆင်ပြေအောင် Chatbot ကိုအသုံးပြုထားပါတယ်။

Read More>>>အမေရိကန်ကြော်ငြာလောကရဲ့ Creative ပညာရှင် Alex Bogusky

(၄) Mastercard

Mastercard ရဲ့ Facebook messenger chatbot မှာဆိုရင် Customer တွေအတွက် Account နဲ့ ပက်သက်တဲ့လုပ်ငန်းကိစ္စအဝဝကို မေးမြန်းလို့ရပါတယ်။ ဥပမာအနေနှင့် (How much did I spent on restaurants in May?”) စသဖြင့် အသုံးပြုလို့ရပါတယ်။

(၅) Pizzahut

Pizzahut ရဲ့ Facebook Messenger နဲ့ Twitter မှာဆိုရင်လည်း စားသုံးသူ Customer တွေအတွက် Pizza ကို Delivery ယူမလား ဒါမှမဟုတ် ကိုယ်တိုင်လာယူမလားစသဖြင့် Chatbot ကိုအသုံးပြုထားပါတယ်။ အခြား နှစ်သက်ရာ Pizza ရွေးချယ်တာ မေးခွန်းတွေမေးတာ စသဖြင့်လဲ အသုံးပြုလို့ရပါသေးတယ်။

ယခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာကတော့ Chatbots တွေကိုလက်ရှိအသုံးပြုနေတဲ့ Brand တွေနဲ့ သူတို့ရဲ့ Chatbots ကို အသုံးပြုပုံနည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Credits; SEO Myanmar

 

Read times
Rate this item
(0 votes)