-->
×

Warning

JUser: :_load: Unable to load user with ID: 29


မန်စီးတီးအသင်းနဲ့ Nissan တို့ တွဲရိုက်ထားတဲ့ "A Little Bit Quick"

မန်စီးတီးအသင်းနဲ့ Nissan တို့ တွဲရိုက်ထားတဲ့ "A Little Bit Quick" google

မန်စီးတီးဘောလုံးအသင်းမှနာမည်ကျော်ဘောလုံးသမားများ Nissan ရုပ်ရှင်ကြော်ငြာတွင် သူလျှိုလုပ်ထားကြလေသည်.......

 

အားကစားဖန်တီးမှုအေဂျင်စီ တစ်ခုဖြစ်သော Dark Horses က အရင်နှစ် 2019 ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ပုးပေါင်းပြီး မန်စီးတီးအသင်းရဲ့ထိပ်တန်းကစားသမားများဖြစ်ကြတဲ့ ကွင်းလယ်ဖန်တီးရှင်ဒီဘရိုင်း (Kevin De Bruyne) ၊ ညာနောက်ခံကစားသမား ဝေါ်ကာ (Kyle Walker) နှင့် ကွင်းလယ်အင်ဂျင် ဂန်ဒိုဂန် (İlkay Gündoğan) တို့ကို ရွေးချယ်ပြီး A Little Bit Quick' အမည်ပေးထားသည့် ဇာတ်လမ်းသွား ဆန်ဆန်ကြော်ငြာ လေးတစ်ပုဒ် ဖန်တီးရိုက်ကူးခဲ့ပါတယ်။

 

ဒီဘရိုင်း (Kevin De Bruyne) နဲ့ ဝေါ်ကာ (Kyle Walker) တို့က Special Agent အဖြစ် သရုပ်ဆောင်ထားပြီး သူတို့ရဲ့ လျှို့ဝှက် (Secret Weapon) အဖြစ် Nissan ရဲ့ကားအလန်းစား အနီရောင် လေးကို ပြသထားပါတယ်။

 

ဒစ်ဂျစ်တယ် ကြော်ငြာ များရဲ့ မီဒီယာ အရည်အသွေး

 

Dark Horses ရဲ့တီထွင်ဖန်တီးဖက် (creative partner) ဖြစ်သူ Steve Howell က“ ကီဗင်၊ ကွိုင်နဲ့အီလီ (Kevin, Kyle and Illy) တို့နဲ့အတူတူ အလုပ်လုပ်ရတာ အတော်ကလေး စိတ်ကူးယဉ်ဆန်ဆန်နဲ့ ထူးခြားလှပါတယ်...ဒီကောင်လေးတွေဟာ အကောင်းဆုံးတွေကို လုပ်ဆောင်ခဲ့တာပါ " လို့ ပြောကြားခဲ့ပါတယ်။

 

ရုပ်ရှင်ဖန်တီးမှုအမြည်းလေး ( Teaser ) ကို ဇန်နဝါရီလ ၂ ရက်နေ့က ပြသခဲ့ပြီး ထိုဇာတ်လမ်းတိုရုပ်ရှင်ဆန်ဆန် ကြော်ငြာလေးကို လူမှုမီဒီယာများ ( Social Media )ပေါ်တွင် ဇန်နဝါရီလ ၉ ရက်နေ့ကစတင်ပြသပေးနေပါတယ်။ထို Campaign မှာ စတင်သည့်အချိန်မှ နှစ်ပတ် သုံးပတ် ကျော်ကြာ Online ပေါ်တွင် ဆက်လက် ထင်ပေါ်နေဦးမှာ အသေအချာပါပဲ။

 

ဖန်တီးမှု အမြည်းလေး မှာ ဘယ်လိုတွေရိုက်ကူးကြတယ် ဘယ်နေရာမှာ ရိုက်ကူးကြလဲ ပြီးတော့ မန်စီးတီး နာမည်ကျော် တွေရဲ့ ပွင့်လင်းမှုလေးတွေ မျက်နှာပြောင်ထားတာလေးတွေ ကိုပါ တွေ့ရတဲ့အတွက် ဒီဖန်တီးမှုလေးကို ကြည့်ရတာ အတော်လေးသဘောကျစရာပါ
ကဲအခုပဲ အားလုံး ကျွန်တော်နဲ့အတူတူ ကြည့်လိုက်ရအောင်ဗျာ

 

 

<<<Zawgyi>>>

 


================================


 


 


 

Joker ရုပ်ရှင် နှင့် ပတ်သက် Burger King ရဲ့ Marketing နည်းလမ်း

 


 


 


 

 

REF ; THE DRUM

Myanmar Advertising Directory

Read times
Rate this item
(0 votes)