-->
×
Warning
JUser: :_load: Unable to load user with ID: 29
Joker ရုပ်ရှင် နှင့် ပတ်သက် Burger King ရဲ့ Marketing နည်းလမ်း
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပသော ရုပ်ရှင်ဆုပေးပွဲဖြစ်တဲ့ Golden Globe တွင် "Joker" ရုပ်ရှင်၏ သရုပ်ဆောင်မင်းသား Joaquin Phoenix က ဇာတ်ဆောင်မင်းသားဆုကို ထိုက်တန်စွာ ရရှိခဲ့တာကို အားလုံးသိပြီးပြီးထင်ပါတယ်။
အခုဒီတစ်ခါမှာတော့ 'Joker' ရုပ်ရှင် ဇာတ်ကားထဲမှ Joker ဇာတ်ကောင်း Arthur တပ်ခဲ့သော လှေကားကို ရှိတ်စပီးယား ရိပ်သာရှိ လှေကားတွင် ဓာတ်ပုံလာရိုက်သူတွေကို Burger King မှ အမဲသားတုံး ခပ်ကြီးကြီး ဘာကာ များ ပေးဝေခဲ့ပါတယ်။
Instagram မှာရှိတဲ့ နာမည်ကြီး Celebrity များကလည်း ထိုလှေကားမှာ အလှဓာတ်ပုံများရိုက်ပြီး Instagram မှာ တင်ထားတာကိုလည်းတွေ့ရပါတယ်။ ထိုလှေကားက 'Joker' ရုပ်ရှင်ကြောင့် လုံးဝလူသိများပြီး အခုအချိန်မှာ ကမ္ဘာ့ခရီးသွားများက အစ ထိုလှေကားရှိနေရာကို လာရောက်လည်ပတ်တာကို တွေ့ရတာကြောင့် Burger King မှ ဈေးကွက်မြှင့်တင်ရေး ထိုနေရာက အချက်အခြား နေရာဖြစ်လာမယ်လို့ ကောက်ချက်ချထားကြပါတယ်။
Burger King is giving free Whoppers to the Bronx for putting up with all the ‘Joker’ meme tourists
လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေကို Burger King အရုပ်ကြီးများက Burger များပေးဝေးလျက်ရှိတာက ခရီးသွားများ နဲ့ တခြားသော သူတွေက Burger King ကို အကျွမ်းတဝင် ရှိစေခြင်းလို့ အခုလို Burger တွေကို ပေးဝေနေတာဖြစ်တယ် လို့ သိရပါတယ်။ တကယ်တမ်းက Burger King မှ ပြောရေးဆိုရေးရှိသူ အမျိုးသမီးတစ်ဦး၏ ပြောဆိုချက်အရ " အကယ်၍ သင်က Burger တစ်ခုကို လိုချင်တယ်ဆိုရင် Desus and Mero ရဲ့ Talk Show ကို Follow လုပ်ထားဖို့ပဲ လိုပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
Burger King အရုပ်ကြီးဖြင့် ထိုလှေကားပေါ်တွင် ကြောငြာလေးတစ်ခု ရိုက်ထားတာကိုလည်းတွေ့ရပါတယ်။ ကဲ... ကြည့်လိုက်ရအောင်.........
{Zawgyi}
=======
Read times
Rate this item
(0 votes)