-->
×

Warning

JUser: :_load: Unable to load user with ID: 29


CES ၏ အဆိုအရ အနာဂတ် TV ကြော်ငြာအနေအထားနှင့် NextGen TV

CES ၏ အဆိုအရ အနာဂတ် TV ကြော်ငြာအနေအထားနှင့် NextGen TV google

Quibi သည် အဆင့်မြင့်တီဗွီကနေ ပေးစွမ်းနေသည့်အရာအားလုံးကို Mobile ဖုန်းများတွင်လည်း ထပ်တူပေးစွမ်းနိုင်အောင် လုပ်ဆောင်လျက်ရှိသည်။

ယခုအခါ ဖုန်းများတွင် အင်တာနက် လိုင်းချိတ်ဆက်ပြီး (Live) တိုက်ရိုက်ဖြစ်ရပ်များကို တိုက်ရိုက် Live ကြည့်ရှုနိုင်သည့်အပြင် ဖုန်းများမှ တစ်ဆင့်livestreamed ( တိုက်ရိုက်ထုတ်လွှင့်မှု) ပါပြုလုပ်နိုင်ပြီဖြစ်သည်။ အရင်တုန်းကတော့ Live Streamer တွေက သူတို့ရဲ့ဂိမ်းတွေ တခြားအရာတွေ livestreamed လွှင့်တဲ့အခါ အခက်ခဲတွေနဲ့ ဟိုဟာလိုအပ် ဒီဟာ လိုအပ်ဖြစ်နေပေမဲ့ ယခုအခါမှာတော့ ဖုန်းလေးတစ်လုံး နဲ့ အင်တာနက် လိုင်း လေးရှိယုံနဲ့ အလွယ်တကူ Live Stream လွှင့်နိုင်ပြီလဲဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် နေ့က ပြုလုပ်ခဲ့သော မိန့်ခွန်းပြောပွဲ အခမ်းအနားတွင် Quibi Founder( တည်ထောင်သူ ) Jeffrey Katzenberg နှင့် Meg Whitman တို့သည် Quibi အတွက် ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော အသေးစိတ်အချက်အလက်များကိုမျှဝေခဲ့ကြသည်။ ad-supported version (ကြော်ငြာထောက်ပံ့မှု) အတွက်ဆို ဝန်ဆောင်ခ ၄.၉၉ ဒေါ်လာကုန်ကျမည်ဖြစ်ပြီး ad-free version (ကြော်ငြာ အခမဲ့) အတွက် ဒေါ်လာ ၇.၉၉ ကျသင့်မည်ဖြစ်ကြောင်းသိရှိရသည်။ ထို Version တို့သည် ဖုန်းအတွက်သီးသန့်ဖြစ်ပေသည်။ ထို့အပြင် Landscape မှ Portrait သို့လွယ်ကူစွာ ပြောင်းလဲပေးနိုင်သော “ Turnstyle” အင်္ဂါရပ်လည်းရှိကြောင်း သိရှိရသည်။


Katzenberg သည် Quibi ဝန်ဆောင်မှုအား ဆိုရှယ်မီဒီယာလိုင်းများအတွက် Safe ( လုံခြုံစွာ ) ကြော်ငြာနိုင်သည့် နေရာတစ်ခုအဖြစ်သတ်မှတ်ရန်ကြိုးပမ်းနေ သည့်အချိန်မှာပဲ Quibi တွင် ဧပြီလက ကြော်ငြာခဲ့သော P&G နှင့် General Mills တို့၏ ကြော်ငြာများမှာ ဒေါ်လာ ၁၅၀ ခန့်ရရှိသွားခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူးအတွက် ထွက်ရှိထားသော နာမည်ကြီး Brand များရဲ့ ကြော်ငြာများ

 

Xandr တွင်လည်းကြော်ငြာများကိုခေတ္တနားထားသည်

 

AT & T ၏ ကြော်ငြာယူနစ် Xandr သည် CES သို့ရောင်းချရန်အဆင်သင့်ရှိလေသည်။ Xandr ၏ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဒုတိယဥက္ကဌ Matt Van Houten က သမားရိုးကျမဟုတ်သောကြော်ငြာပုံစံများကိုလက်ခံခြင်းသည် ကုမ္ပဏီအားပိုမိုပြောင်းလွယ်ပြင်လွယ်သောငွေပေးချေမှုပုံစံကိုပေးသည်ဟု ပြောကြားခဲ့သည်။

Xandr သည် သူတို့၏ linear TV မှတစ်ဆင့် ကြော်ငြာပုံစံအသစ်များကို လူအများအတွက် ချပြရန် လုပ်ဆောင်နေသော်လည်း Project OAR ကမူ လက်ရှိ တီဗွီကြော်ငြာ လိပ်စာ များကို စံချိန်စံညွှန်းမီမြှင့်တင်ရန်ရည်ရွယ်ထားလေသည်။

 

Quibi သည် လှည့်ဖန်သားပြင် (rotating screens) များဖြင့်တစ်ခုတည်းသောကုမ္ပဏီမဟုတ်ပါ။ Samsung သည် ၄၃ လက်မအရွယ် 4K TV Sero ကိုမိတ်ဆက်ခဲ့သည် ။ ၎င်းသည်ဒေါင်လိုက်နှင့်အလျားလိုက် ပြောင်းလဲ နိုင်သည်။

Samsung, LG နှင့် Sony တို့သည် CES တွင် တီဗီအသစ်ဒီဇိုင်း ၂၀ ကို မိတ်ဆက်ခဲ့ပြီး NextGen TV ကို ထောက်ပံ့ပေးခဲ့သည် ။

 

NextGen TV သည် ATSC 1.0 ကို အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး အခမဲ့ထုတ်လွှင့်နိုင်သည်။၎င်းသည်မိုဘိုင်းထုတ်ကုန်များပေါ်တွင်တိုက်ရိုက်လွှင့်ထုတ်သည့်အကြောင်းအရာများအတွက် latency ကိုလျှော့ချပေးမည်ဖြစ်ပြီး Internet Protocol-based system အင်တာနက်အခြေပြုစနစ်ဖြစ်သည်။

 

<<<zawgyi>>>

 


==========================================






 

ဈေးကွက်ကို ထိုးဖောက်နေတဲ့ ၂၀၂၀ ခုနှစ်ရဲ့ ဖက်ရှင် Brand အမှတ်တံဆိပ်များ

 


 



 



 


 

Source : The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)