-->
×

Warning

JUser: :_load: Unable to load user with ID: 29





 


 


 


 


 


 


 


 







 

<<< Unicode >>>

Customer တွေအတွက် ကိုယ့်ကြော်ငြာကို ဂရုစိုက်သင့်တဲ့ အချက်များ

 


လူတွေဟာ ကြော်ငြာတွေကို မုန်းကြတယ်ဆိုတာ သင်သိထားလောက်မယ်လို့ ထင်ပါတယ်။ သာမန်ရိုးရှင်းတဲ့ ကြော်ငြာတွေက လူတွေကို ငြီးငွေ့စေတဲ့အတွက် မငြီးငွေ့အောင် ကြော်ငြာတွေကို ဘယ်လို လူစိတ်ဝင်စားအောင် ဖန်းတီယူရမလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

လုပ်ငန်းရှင်တွေဟာ ယေဘုယျအားဖြင့် ထုတ်ကုန် အမျိုးအမည် ၁၉ မျိုးလောက်အထိကို တစ်ပြိုင်နက်ကြော်ငြာမယ်ဆိုရင် တိုးတက်နိုင်မယ်လို့ ထင်ပါသလား။ အခုဆိုရင် လွယ်ကူရိုးရှင်းတဲ့ ကြော်ငြာတဲ့ ပုံစံတွေ အမျိုးမျိုး ပေါ်ထွက်လာနေပါပြီ။ ဒီလိုကြော်ငြာတွေမှာ သတိထားရမယ့်အချက်က ကိုယ့်ရဲ့ကြော်ငြာတွေ စစ်မှန်တဲ့ ပုံရိပ်မရှိဘဲ ကြော်ငြာနေတာကို ပြုပြင်ဖို့ လိုပါမယ်။

 

ကြောငြာတွေ အပေါ် ရင်းနှီးမြှပ်နှံမှု လုပ်ပါ

 

ကိုယ့်ရဲ့ ထုတ်ကုန်ကို ရှေ့ရှည်ကိုကြည့်ပြီး ရင်းနှီးမြှပ်နှံသူများဟာ ကိုယ့်ရဲ့ Customers တွေကို ပစ်မှတ်ထား လုပ်ဆောင်တာကြောင့် ကြော်ငြာရဲ့ စွမ်းဆောင်နိုင်စွမ်းနဲ့ ထင်ရှားတဲ့ အကျိုးခံစားခွင့်တွေ ရှိလာကို တွေ့ရမှာပါ။

 

ကြော်ငြာတွေအပေါ်မှာ ရင်းနှီးမြှပ်နှံတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္မဏီတွေဖြစ်တဲ့ Sky, P&G and BT တို့က နှစ်စဉ် သူတို့ ကြော်ငြာ ဖန်တီးမှုအပေါ်မှာ ဒေါ်လာ ၁ဘီလီယံ အထိ သုံးစွဲလေ့ရှိပါတယ်။ အခုလို ကြော်ငြာအတွက် ဒေါ်လာ ၁ဘီလီယံ အထိ သုံးစွဲတာကြောင့် ရလာဒ်အနေနဲ့ နောက်နှစ်မှာ ဒေါ်လာ ၂ ဘီလီယံ အထိ ကြော်ငြာနိုင်တဲ့ အခြေနေတစ်ခုကို ရောက်ရှိခဲ့ပါတယ်။

 

ကြော်ငြာကဏ္ဍမှာ အသုံးများလာတွေနဲ့အတူ ကြော်ငြာတွေ ဖြစ်တဲ့ Rascal Unilever Hewlett နဲ့ DDB ကြော်ငြာလုပ်ငန်း လုပ်ကိုင်သူတွေအချင်းချင်း အပြိုင်အဆိုင်တွေ ဖြစ်လာကြပါတယ်။ ကြောငြာရဲ့ အခန်းကဏ္ဌတွေကလည်း ထင်သလောက် မရိုးရှင်းပါဘူး။ တစ်ခါတလေ သတင်း ၊ TV စတဲ့ အရင်းအမြစ်မရှိတဲ့ သတင်းတွေ ရှိပါတယ်။ အဲဒါကြောင့် အရည်အသွေးရှိရမယ် ၊ ဈေးသက်သာရမယ် ၊ မြန်ဆန်ရမယ် စတဲ့အချက်တွေကို လုပ်ဆောင်ပေးနိုင်တဲ့ ကြော်ငြာရှင်တွေကို ရှာဖွေဖို့လိုအပ်ပါတယ်။

 

ကြော်ငြာတဲ့နေရာမှာလည်း ကိုယ်ကိုတိုင် အားလုံးကို တပြိုင်ထဲ မကြော်ငြာနိုင်ပါဘူး။ Youtube Channel မှာ ဖြစ်ဖြစ် ကိုယ့်လုပ်ငန်းရဲ့ လည်ပတ်နေပုံတွေကို သုံးစွဲသူတွေသိအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အားလုံးဟာ ယုံကြည်လို့ရတာတော့ မဟုတ်ပါဘူး။ ကိုယ့် Brands ဘယ်လောက်ထိအောင်မြင်ခဲ့တယ်ဆိုတဲ့ အမှတ်တံဆိပ်ချန်ခဲ့နိုင်မှ အကောင်းဆုံးလုပ်နိုင်တယ်လို့ ဆိုရမှာပါ။

 

လွယ်ကူစွာ အသုံးပြုနိုင်အောင် ဖန်းတီလုပ်ပါ

 

တိုးတတ်လာတဲ့ နည်းပညာခေတ်ကြီးမှာ ကြော်ငြာအတွက် ငွေကြေးကို ချွေတာပြီး အသုံးပြုလို့ ရပါတယ်။ ကြော်ငြာများကို လျင်လျင်မြန်မြန်နဲ့ ထိရောက်အောင် လုပ်ဆောင်ဖို့ ကြော်ငြာဖန်တီးသူများက 3D နည်းပညာများကို အသုံးပြုလာကြပါတယ်။

တချို့ကြော်ငြာတွေက ကောင်းတယ်လို့ ထင်ရပေမယ့်လည်း သတိထားဖို့တော့ လိုပါတယ်။ လုပ်ငန်းလိုအပ်ချက်နဲ့ လိုက်လျောညီထွေးစွာ မလုပ်နိုင်တဲ့ Agencies များကိုလည်း ယနေ့ခေတ်မှာ မသုံးသင့်တော့ပါဘူး။ ကြော်ငြာတွေကို ဖန်တီးမှုအားကောင်းပြီး ပိုမိုထိရောက်တဲ့ လုပ်ငန်းတွေမှာပဲ သင့်ရဲ့ ကြော်ငြာကို အပ်နှံသင့်ပါတယ်။

 

ကြော်ငြာ တစ်ခု နှင့် တစ်ခုကို နှိုင်းယှဉ်ပါ


သာမန်ရိုးရှင်းတဲ့ ကြော်ငြာတွေက ငွေကြေးရင်းနှီးမှုကို လျော့ချတယ်ဆိုပေမယ့် ငွေကြေးနည်းနည်းနဲ့ အရည်အသွေးမြင့်တဲ့ ကြော်ငြာတွေ ယခုနောက်ပိုင်းမှာ အများအပြားရှိနေပါပြီ။ တချို့ Agencies တွေက ကြော်ငြာတွေကို ကိုယ်ရဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး လူတွေဆီကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းတွေ မရှိပါဘူး။


အဲဒီတော့ အခု လက်ရှိကြော်ငြာဖန်တီးရာကနေ နည်းပညာအကူအညီ ၊ ဖန်တီးမှုနဲ့ ဗျူဟာတွေ စတာတွေနဲ့ တိုင်းတာပြီး ကြော်ငြာ Agenciesတွေနဲ့ ထပ်ပေါင်းမယ်ဆိုရင် ကိုယ့်ရဲ့ ထုတ်ကုန်အတွက် အထောက်အကူ ဖြစ်လာစေမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ကိုယ့်လုပ်ငန်းရဲ့ ကြော်ငြာတွေနဲ့ ပတ်သက်ပြီး တိကျမှန်ကန်အောင် ဖန်းတီပေးနိုင်တဲ့ Agencies ဆီသို့ ချဉ်းကပ်ပါ။ နောက်ဆုံးကတော့ ကိုယ့်လုပ်ငန်းနဲ့ အတူ မရှိတော့တဲ့ ဖောက်သည်တွေကို လိုအပ်ရင် လိုအပ်သလို့ ကန့်သတ်နိုင်ရပါမယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)