-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကားေသာ့ ရွိယံုျဖင့္ ဘီယာ တစ္ဗူးေသာက္နိုင္မည့္ အခြင့္အေရး

ဒီတစ္ခါ Heineken ဘီယာကလုပ္လိုက္တဲ့ Promotion နဲ႕ သူ႕ေၾကာ္ျငာ ေလးက ထူးျခားတယ္။

Heineken က သူ႕ပရိသတ္ေတြအတြက္ ကားပံုစံ ဘက္ၾကည့္ မွန္ပါတဲ့ ေရခဲ ေသတၱာ ကို သူ႕ပရိသတ္ေတြအတြက္ မိတ္ဆက္ကာ စကၤာပူ ျမိဳ႕လည္ မွာ ထို ေရခဲေသတၱာမ်ား ေနရာ အနွံခ်ထားပါသတဲ့။

 

အဆိုပါ ေရခဲေသတၱာကို ကားေသာ့ ရွိယံုနဲ႕ ဖြင့္ယူနိုင္ျပီး Heineken တစ္ဗူးလက္ဝယ္ရရွိမွာပါ။


Heineken ဟာ အယ္ကိုေဟာ မပါတဲ့ ထို ဘီယာကို Heineken 0.0 ဟုနာမည္ေပးထားကာ အခုမွ စတင္ Promote လုပ္ျခင္းျဖစ္ျပီး ထိုဘီယာ ေသာက္ျပီးကားေမာင္းလို႕ ရပါတယ္တဲ့။

 

ေၾကာ္ျငာ Campaign ရဲ႕ နာမည္ကေတာ့ The Driver’s Fridge ျဖစ္ျပီး ေအာ္တို ကားေသာ့ရဲ႕ တုန္ခါမႈ႕ စြမ္းအင္နဲ႕ တံခါးဖြင့္လို႕ရပါတယ္။

 

Orchard Road နဲ႕ Clarke Quay.စတဲ့ လမ္းေတြမွာ အဆုိပါေရခဲ ေသတၱာေတြ ကို ခ်ထားတယ္သိရပါတယ္။

 

APBS ရဲ႕ Marketing Director ျဖစ္သူ Faye Wee ရဲ႕ ေျပာၾကားခ်က္အရ ေတာ့
“ က်ြန္ေတာ္တို႕အေနနဲ႕ Product အသစ္ျဖစ္တဲ့ Heineken ကို နည္းလမ္းအသစ္ေလးနဲ႕ ထူးထူး ျခားၿခားေလး ေစ်းကြက္မွာထိုးေဖာက္ခ်င္တယ္
ဒါ့ေၾကာင့္ Beer ခ်စ္သူေတြ စိတ္ဝင္စားေအာင္အခုလို Promotion လုပ္ေပးလိုက္တဲ့သေဘာပါ ”တဲ့။

 

 

Cinema Halls(ရုုပ္ရွင္ရံုမ်ား(၃၇)ခုကုိရွာရန္ႏွိပ္ပါ၊)

 

 

>>> Unicode <<<

 

ကားသော့ ရှိယုံဖြင့် ဘီယာ တစ်ဗူးသောက်နိုင်မည့် အခွင့်အရေး

--------------

 

ဒီတစ်ခါ Heineken ဘီယာကလုပ်လိုက်တဲ့ Promotion နဲ့ သူ့ကြော်ငြာ လေးက ထူးခြားတယ်။

 

Heineken က သူ့ပရိသတ်တွေအတွက် ကားပုံစံ ဘက်ကြည့် မှန်ပါတဲ့ ရေခဲ သေတ္တာ ကို သူ့ပရိသတ်တွေအတွက် မိတ်ဆက်ကာ စင်္ကာပူ မြို့လည် မှာ ထို ရေခဲသေတ္တာများ နေရာ အနှံချထားပါသတဲ့။

 

အဆိုပါ ရေခဲသေတ္တာကို ကားသော့ ရှိယုံနဲ့ ဖွင့်ယူနိုင်ပြီး Heineken တစ်ဗူးလက်ဝယ်ရရှိမှာပါ။

 

 

 


Heineken ဟာ အယ်ကိုဟော မပါတဲ့ ထို ဘီယာကို Heineken 0.0 ဟုနာမည်ပေးထားကာ အခုမှ စတင် Promote လုပ်ခြင်းဖြစ်ပြီး ထိုဘီယာ သောက်ပြီးကားမောင်းလို့ ရပါတယ်တဲ့။

 

ကြော်ငြာ Campaign ရဲ့ နာမည်ကတော့ The Driver’s Fridge ဖြစ်ပြီး အော်တို ကားသော့ရဲ့ တုန်ခါမှု့ စွမ်းအင်နဲ့ တံခါးဖွင့်လို့ရပါတယ်။

 

Orchard Road နဲ့ Clarke Quay.စတဲ့ လမ်းတွေမှာ အဆိုပါရေခဲ သေတ္တာတွေ ကို ချထားတယ်သိရပါတယ်။

 

APBS ရဲ့ Marketing Director ဖြစ်သူ Faye Wee ရဲ့ ပြောကြားချက်အရ တော့
“ ကျွန်တော်တို့အနေနဲ့ Product အသစ်ဖြစ်တဲ့ Heineken ကို နည်းလမ်းအသစ်လေးနဲ့ ထူးထူး ခြားခြားလေး ဈေးကွက်မှာထိုးဖောက်ချင်တယ်
ဒါ့ကြောင့် Beer ချစ်သူတွေ စိတ်ဝင်စားအောင်အခုလို Promotion လုပ်ပေးလိုက်တဲ့သဘောပါ ”တဲ့။

 

 

 

 

Source From The Drum

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)