-->
×

Warning

JUser: :_load: Unable to load user with ID: 29


စကၤာပူျပည္သူေတြအတြက္ ပံုစံအသစ္နဲ႕ ေရာက္ရွိလာတဲ့ Heinekenရဲ႕ Public Fridge

ယမကာနဲ႕ ကင္းတဲ့ လူဆိုတာ ကမ႓ာေပၚမွာ မရွိသေလာက္ရွားပါတယ္။ဒါ့ေၾကာင့္ အရက္ကုမၸဏီမ်ားကလည္း စားသံုးသူေဖာက္သည္ေတြကို ဆြဲေဆာင္ဖို႔ သူ႔ထက္ငါအၿပိဳင္ ထီထြင္ဖန္တီးလာၾကပါတယ္။စကၤာပူလူမ်ိဳးေတြရဲ႕
ျပင္းျပတဲ့စိတ္ဆႏၵေတြကို ေျဖသိမ့္ဖို႔အတြက္ ကားမေမာင္းခင္ ဘီယာေအးေအးေလးတစ္လံုးေသာက္ႏိုင္ရန္ Heinekenဟာ public beer fridgeကို စတင္မိတ္ဆက္လိုက္ပါတယ္။

ဒီမိတ္ဆက္မႈက အရက္ေသစာေသာက္သံုးၿပီး ကားေမာင္းဖို႔ တိုက္တြန္းတာမဟုတ္ပါဘူး။ဒါေပမယ့္ ၎ေၾကာ္ျငာက Heinekenရဲ႕ non-alcoholic 0.0ကို အေရာင္းႁမွင့္တင္ဖို႔ စတင္လိုက္တာပဲျဖစ္ပါတယ္။

 

ကိုရုိနာ ဗိုင္းရပ္က ေၾကာ္ျငာ လုပ္ငန္းေဆာင္တာမ်ားကို သက္ေရာက္မႈ႕ ရွိပါသလား

 

ဒီCampaignကို Publicis Singaporeေအဂ်င္စီက တီထြင္ဖန္တီးခဲ့ၿပီး 'The Driver’s Fridge'လို႔ အမည္ေပးထားပါတယ္။Fridgeကို ေခတ္ေပၚကားတစ္စီးရဲ႕ တံခါးအတိုင္း တူညီတဲ့ အသြင္အျပင္မ်ား၊နည္းပညာမ်ားနဲ႕ ဒီဇိုင္းဆြဲထားတာပဲျဖစ္ပါတယ္။Fridgeကို ကားေသာ့တစ္ခုနဲ႕သာဖြင့္ႏိုင္ၿပီး Fridgeဟာ ကားေသာ့ကို ရွာေဖြၿပီး ႀကိမ္ႏႈန္းေတြလႊတ္ၿပီး အလိုအေလ်ာက္ ပြင့္သြားမွာပဲျဖစ္ပါတယ္။

Heineken 0.0ဟာ ကားေမာင္းသမားေတြအတြက္ အျပစ္ကင္းလြတ္ေအာင္ ေသခ်ာျပဳလုပ္ထားပါတယ္။The Driver's Fridgesကို စကၤာပူရဲ႕ Orchard Road၊Clarke Quayစတဲ့ ေနရာေတြမွာ ထားရွိမွာျဖစ္တယ္။

"Heineken 0.0က ကားေမာင္းသမားေတြအတြက္ ကာလအသစ္တစ္ခု ဖြင့္လွစ္ေပးမွာပါ ၿပီးေတာ့ စကၤာပူႏိုင္ငံထဲမွာ စတင္မိတ္ဆက္မွာပါ။ကၽြန္ေတာ္တို႔က ဘီယာခ်စ္သူေတြကို ျမင့္မားတဲ့ အၾကံဉာဏ္ေတြနဲ႕ သူတို႔တစ္ခါမွ မစဥ္းစားဖူးတဲ့ အရာတစ္ခုကို သူတို႔ခံစားႏိုင္ေအာင္လို႔ ျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။"

"ကၽြန္ေတာ္တို႔က အရမ္းအေကာင္းျမင္တတ္ၾကပါတယ္ ဒါေပမယ့္ fridgeရဲ႕ zero-alcohol beerကို ဒီေလာက္အာရံုစိုက္ၾကလိမ့္မယ္လို႔ တစ္ခါမွ စိတ္ကူးမယဥ္ဖူးပါဘူး။"လို႔ အာရွပစိဖိတ္ အရက္ခ်က္စက္ရံု စကၤာပူရဲ႕ ေစ်းကြက္ရွာေဖြေရးဒါ႐ိုက္တာ Faye Weeကေျပာၾကားခဲ့ပါတယ္။

ဤေဆာင္းပါးသည္ စကၤာပူ၊Heineken၊ေၾကာ္ျငာျခင္း၊ဒီဂ်စ္တယ္၊Events၊ေစ်းကြက္ရွာေဖြေရး၊တီထြင္ဖန္တီးမွဳႏွင့္ ကုန္အမွတ္တံဆိပ္တို႔ကို ရည္ၫႊန္းျခင္းျဖစ္ပါသည္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

 

 

<<<Unicode>>>

 

စင်္ကာပူပြည်သူတွေအတွက် ပုံစံအသစ်နဲ့ ရောက်ရှိလာတဲ့ Heinekenရဲ့ Public Fridge

ယမကာနဲ့ ကင်းတဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက်ရှားပါတယ်။ဒါ့ကြောင့် အရက်ကုမ္ပဏီများကလည်း စားသုံးသူဖောက်သည်တွေကို ဆွဲဆောင်ဖို့ သူ့ထက်ငါအပြိုင် ထီထွင်ဖန်တီးလာကြပါတယ်။စင်္ကာပူလူမျိုးတွေရဲ့
ပြင်းပြတဲ့စိတ်ဆန္ဒတွေကို ဖြေသိမ့်ဖို့အတွက် ကားမမောင်းခင် ဘီယာအေးအေးလေးတစ်လုံးသောက်နိုင်ရန် Heinekenဟာ public beer fridgeကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီမိတ်ဆက်မှုက အရက်သေစာသောက်သုံးပြီး ကားမောင်းဖို့ တိုက်တွန်းတာမဟုတ်ပါဘူး။ဒါပေမယ့်
၎င်းကြော်ငြာက Heinekenရဲ့ non-alcoholic 0.0ကို အရောင်းမြှင့်တင်ဖို့ စတင်လိုက်တာပဲဖြစ်ပါတယ်။

 

Facebookသည် အသေးစားစီးပွားရေးလုပ်ငန်း ထောက်ပံ့ငွေများနဲ့ကြော်ငြာခရစ်ဒစ်များသို့ ဒေါ်၁၀၀မီလီယံထုတ်ပေးခြင်းအားဖြင့် ၎င်းရဲ့Covid-19 ရည်ရွယ်ချက်ကိုတွေ့ရှိ

 

ဒီCampaignကို Publicis Singaporeအေဂျင်စီက တီထွင်ဖန်တီးခဲ့ပြီး 'The Driver’s Fridge'လို့ အမည်ပေးထားပါတယ်။Fridgeကို ခေတ်ပေါ်ကားတစ်စီးရဲ့ တံခါးအတိုင်း တူညီတဲ့ အသွင်အပြင်များ၊နည်းပညာများနဲ့ ဒီဇိုင်းဆွဲထားတာပဲဖြစ်ပါတယ်။Fridgeကို ကားသော့တစ်ခုနဲ့သာဖွင့်နိုင်ပြီး Fridgeဟာ ကားသော့ကို ရှာဖွေပြီး ကြိမ်နှုန်းတွေလွှတ်ပြီး အလိုအလျောက် ပွင့်သွားမှာပဲဖြစ်ပါတယ်။

Heineken 0.0ဟာ ကားမောင်းသမားတွေအတွက် အပြစ်ကင်းလွတ်အောင် သေချာပြုလုပ်ထားပါတယ်။The Driver's Fridgesကို စင်္ကာပူရဲ့ Orchard Road၊Clarke Quayစတဲ့ နေရာတွေမှာ ထားရှိမှာဖြစ်တယ်။

"Heineken 0.0က ကားမောင်းသမားတွေအတွက် ကာလအသစ်တစ်ခု ဖွင့်လှစ်ပေးမှာပါ ပြီးတော့ စင်္ကာပူနိုင်ငံထဲမှာ စတင်မိတ်ဆက်မှာပါ။ကျွန်တော်တို့က ဘီယာချစ်သူတွေကို မြင့်မားတဲ့ အကြံဉာဏ်တွေနဲ့ သူတို့တစ်ခါမှ မစဉ်းစားဖူးတဲ့ အရာတစ်ခုကို သူတို့ခံစားနိုင်အောင်လို့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။"

"ကျွန်တော်တို့က အရမ်းအကောင်းမြင်တတ်ကြပါတယ် ဒါပေမယ့် fridgeရဲ့ zero-alcohol beerကို ဒီလောက်အာရုံစိုက်ကြလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးပါဘူး။"လို့ အာရှပစိဖိတ် အရက်ချက်စက်ရုံ စင်္ကာပူရဲ့ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ Faye Weeကပြောကြားခဲ့ပါတယ်။

ဤဆောင်းပါးသည် စင်္ကာပူ၊Heineken၊ကြော်ငြာခြင်း၊ဒီဂျစ်တယ်၊Events၊ဈေးကွက်ရှာဖွေရေး၊တီထွင်ဖန်တီးမှုနှင့် ကုန်အမှတ်တံဆိပ်တို့ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Read times
Rate this item
(0 votes)