သူ့ရဲ့ကိုရိုနာဗိုင်းရပ်စ် ဝက်ဘ်ဆိုက်မှာ ဒေါ်လာ ၈သန်းတန်ကြော်ငြာကိုငြင်းခဲ့တဲ့ Avi Schiffmann
ကန်ဒေါ်လာ ၈ သန်းဆိုတာ လူငယ်အရွယ်ကောင်းလေးတိုင်းအတွက် ဘယ်လိုမှမငြင်းပယ်နိုင်တဲ့ ပမာဏတစ်ရပ်ပါ။ ဒါပေမယ့် အသက် ၁၇ အရွယ် Avi Schiffmann ဆိုသူကတော့ ဒီလောက်များတဲ့ ငွေပမာဏကမ်းလှမ်းမှုကို ငြင်းဆို သွားခဲ့ပါတယ်။ 
Avi Schiffmann ဆိုသူကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ထောက်လှမ်းပေးတဲ့ဝက်ဘ်ဆိုက်ကို ဖန်တီးခဲ့သူပဲဖြစ် ပါတယ်။ သူ့အနေနဲ့ တရုတ်ဝက်ဘ်ဆိုက်တွေကနေ အချက်လက်တွေကိုရယူပြီး ပိုမိုပြည့်စုံတဲ့အချက်လက်သိုမှီးရာ အဖြစ်ပြောင်းလဲ
ပစ်လိုက်ပါတယ်။ တရုတ်လိုမျိုးပဲ အခြားသောကမ္ဘာအသီးသီးရဲ့ နိုင်ငံတိုင်းကကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အချက်လက်မှန်သမျှကိုလည်း ယခုလိုလုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။ ဒါကြောင့် လာရောက်အသုံး ပြုသူတွေအနေနဲ့ တစ်ကမ္ဘာလုံး
အတိုင်းအတာနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု၊ သေဆုံးမှု၊ အပြင်း အထန်ဖျားနာမှု၊ ပြန်လည်သက်သာလာမှုနဲ့ အခြားသောကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အချက်လက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 
လက်ရှိမှာတော့ Avi Schiffmann ဖန်တီးထားတဲ့ဝက်ဘ်ဆိုက်ကို ကြည့်ရှုခဲ့သူအရေအတွက်က သန်း ၃၅၀ ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပြီး ကြော်ငြာလုပ်ငန်းရှင်တစ်ခုက သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ကြေညာခွင့်အတွက် ဒေါ်လာ ၈ သန်းနဲ့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါ
တယ်။ ဒါကို Avi Schiffmann အနေနဲ့ အလွယ်တကူငြင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။
Avi Schiffmann က “ ကျွန်တော့်ဝက်ဘ်ဆိုက်ကို နေ့စဉ်အသုံးပြုသူ သန်း ၃၀ လောက်ရှိပါတယ်။ ဒါက ကြော်ငြာ လုပ်ငန်းအတွက် မက်လောက်စရာပမာဏပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ငွေအများကြီး မလိုအပ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း
ဘယ်လိုစတင်ခဲ့မှန်းမသိပေမယ့် ကျွန်တော့်ရဲ့ဖန်တီးမှုက အခြားသောဆယ်ကျော်သက်တွေ အတွက် စံနမူနာဖြစ်မယ်လို့တော့ မျှော်လင့်ပါတယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။
Zawgyi
သူ႕ရဲ႕ကို႐ိုနာဗိုင္းရပ္စ္ ၀က္ဘ္ဆိုက္မွာ ေဒၚလာ ၈သန္းတန္ေၾကာ္ျငာကိုျငင္းခဲ့တဲ့ Avi Schiffmann
ကန္ေဒၚလာ ၈ သန္းဆိုတာ လူငယ္အရြယ္ေကာင္းေလးတိုင္းအတြက္ ဘယ္လိုမွမျငင္းပယ္ႏိုင္တဲ့ ပမာဏတစ္ရပ္ပါ။ ဒါေပမယ့္ အသက္ ၁၇ အရြယ္ Avi Schiffmann ဆိုသူကေတာ့ ဒီေလာက္မ်ားတဲ့
ေငြပမာဏကမ္းလွမ္းမႈကို ျငင္းဆို သြားခဲ့ပါတယ္။
Avi Schiffmann ဆိုသူကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈကို ေထာက္လွမ္းေပးတဲ့၀က္ဘ္ဆိုက္ကို ဖန္တီးခဲ့သူပဲျဖစ္ ပါတယ္။ သူ႕အေနနဲ႔ တ႐ုတ္၀က္ဘ္ဆိုက္ေတြကေန အခ်က္လက္ေတြကိုရယူၿပီး ပိုမိုျပည့္စံုတဲ့အခ်က္လက္သိုမွီး
ရာ အျဖစ္ေျပာင္းလဲပစ္လိုက္ပါတယ္။ တ႐ုတ္လိုမ်ိဳးပဲ အျခားေသာကမာၻအသီးသီးရဲ႕ ႏိုင္ငံတိုင္းကကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့အခ်က္လက္မွန္သမွ်ကိုလည္း ယခုလိုလုပ္ေဆာင္လိုက္တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လာေရာ
က္အသံုး ျပဳသူေတြအေနနဲ႔ တစ္ကမာၻလံုးအတိုင္းအတာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ၊ ေသဆံုးမႈ၊ အျပင္း အထန္ဖ်ားနာမႈ၊ ျပန္လည္သက္သာလာမႈနဲ႔ အျခားေသာကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့အခ်က္လက္ေတြကို
၀င္ေရာက္ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။ 
လက္ရွိမွာေတာ့ Avi Schiffmann ဖန္တီးထားတဲ့၀က္ဘ္ဆိုက္ကို ၾကည့္ရႈခဲ့သူအေရအတြက္က သန္း ၃၅၀ ျပည့္ေျမာက္ခဲ့ၿပီပဲျဖစ္ၿပီး ေၾကာ္ျငာလုပ္ငန္းရွင္တစ္ခုက သူ႔ရဲ႕၀က္ဘ္ဆိုက္မွာ ေၾကညာခြင့္အတြက္ ေဒၚလာ
၈ သန္းနဲ႔ကမ္းလွမ္းခဲ့တာပဲျဖစ္ပါတယ္။ ဒါကို Avi Schiffmann အေနနဲ႔ အလြယ္တကူျငင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။
Avi Schiffmann က “ ကၽြန္ေတာ့္၀က္ဘ္ဆိုက္ကို ေန႔စဥ္အသံုးျပဳသူ သန္း ၃၀ ေလာက္ရွိပါတယ္။ ဒါက ေၾကာ္ျငာ လုပ္ငန္းအတြက္ မက္ေလာက္စရာပမာဏပါ။ ဒါေပမယ့္ ကၽြန္ေတာ့္အတြက္ေငြအမ်ားႀကီး မလို
အပ္ပါဘူး။ ကၽြန္ေတာ္ ကိုယ္တိုင္လည္း ဘယ္လိုစတင္ခဲ့မွန္းမသိေပမယ့္ ကၽြန္ေတာ့္ရဲ႕ဖန္တီးမႈက အျခားေသာဆယ္ေက်ာ္သက္ေတြ အတြက္ စံနမူနာျဖစ္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္ ”
ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္။
					
		  	



 